ပိုးသတ်ဆေးအများဆုံးပါသောအသီးအနှံနှင့် အသီးအရွက်များ

နှစ်တိုင်း ‘Environmental Working Group’ မှသစ်သီးများနှင့်အရွက်များတွင်မည်သည့်ပိုးသတ်ဆေး၊ဓာတု

ဆေးများသုံးထားသည်ကိုလေ့လာဆန်းစစ်ကြသည်။ 2018 အစီရင်ခံစာအရ ၇၀ ရာခိုင်နှုန်းသောထုတ်ကုန်များ

တွင် အဆိပ်အတောက်ဖြစ်စေသောပိုးသတ်ဆေးများပါဝင်ကြောင်းသိရသည်။ EWG လေ့လာမှုအရဟင်းနုနွယ်၊ စတော်ဘယ်ရီသီး နှင့် မက်မွန်( Nectarines) များတွင်ပါဝင်မှုများသည်ကိုတွေ့ရသည်။စတော်ဘယ်ရီတွင်ပျမ်း

မျှပိုးသတ်ဆေးပေါင်း ၂၀ ခန့်ပါဝင်ပြီး ဟင်းနုနွယ်တွင်လည်းအခြားသောသီးနှံများထက် ပိုးသတ်ဆေးပါဝင်မှု

များသည်ကိုတွေ့ရသည်။

အခြားတစ်ဖက်တွင်လည်း ထောပတ်သီး၊ ပြောင်းဖူးများသည်ပိုးသန့်ဆေး ၁ ရာခိုင်နှုန်းအောက်သာပါဝင်သည်

ကိုတွေ့ရပြီးအသန့်ရှင်းဆုံးသစ်သီးများအဖြစ်လေ့လာတွေ့ရှိရသည်။ Children Environmental Health Centre မှကျန်းမာရေးဒါရိုက်တာဒေါက်တာ Philip Landrigan မှပမာဏနည်းတဲ့ ပိုးသတ်ဆေးအနည်းငယ်စား

သုံးခြင်းကလည်း မွေးကင်းစကလေး၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်အန္တရာယ်ရှိစေနိုင်

ကြောင်းပြောပြထားပါတယ်။ကျန်းမာရေးအတွက်ကောင်းစေပြီးအစာခြေဖျက်ဖို့အထောက်အကူပေးနိုင်သောအ

သီးအနှံဖြစ်သော်လည်းသတိထားစားသုံးသင့်ကြောင်းအကြံပေးပြောပြထားပါတယ်။ ထောပတ်သီး ၊ ပြောင်းဖူး၊ နှင့် နာနတ်သီးအစရှိသောအခွံနွှာစားသုံးနိုင်သည့်အသီးများကစားသုံးရန်သင့်ကြောင်းပြောပြထားပါတယ်။

၂၀၁၈ ခုနှစ်အတွက် EWG ၏နောက်ဆုံးရရှိထားသော အစီရင်ခံစာများအရ ပိုးသတ်ဆေးပါဝင်သောအမျိုးအ

စားနှင့်မပါဝင်သောအမျိုးအစားများကိုဖော်ပြပေးလိုက်ပါတယ်။

 

2018 Dirty Dozen

1. စတော်ဘယ်ရီ

2. ဟင်းနုနွယ်

3. မက်မွန် (Nectarine)

4. ပန်းသီး

5. စပျစ်သီး

6. မက်မွန်သီး

7. ချယ်ရီသီး

8. သစ်တော်သီး

9. ခရမ်းချည်သီး

10. တရုတ်နံနံကြီး (Celery)

11. အာလူး

12. Sweet bell peppers

2018 Clean Fifteen

1. ထောပတ်သီး

2. ပြောင်းဖူး

3. နာနတ်သီး

4. ဂေါ်ဖီ

5. ကြက်သွန်နီ

6. Frozen Sweet Peas

7. သင်္ဘောသီး

8. ကညွန့်

9. သရက်သီး

10. ခရမ်းသီး

11. သခွားမသီး

12. ကီဝီ

13. သခွားမွှေးသီး

14. ပန်းဂေါ်ဖီ

15. ဂေါ်ဖီ်ပန်းစိမ်း

တို့ပဲဖြစ်ပါတယ်။ကဲ ပရိတ်သတ်ကြီးရေ ကျန်းမာရေးအတွက်ရောအလှအပအတွက်ပါကောင်းတဲ့အကျိုးပြုတဲ့ အ

သီးတွေကိုမှ ပိုးသတ်ဆေးတွေထည့်ရက်ကြတယ်လို့နော်။ဒါပေမယ့်လည်းမစားမဖြစ်စားရမယ် စားချင်တယ်ဆို

ရင်တော့ ဘာအသီးအရွက်သစ်သီးပဲစားစား ရေများများစိမ်ဆေးမယ်၊ ဆားနဲ့အချိနိပေးပြီးစိမ်မယ်၊ ရှာလကာ

ရည်တွေသုံးပြီးစိမ်ထားမယ်ဆိုရင်တော့ ပိုးရှိနေရင်ပိုးကောင်ထွက်လာတာမျိုး၊ ဆေးဖြန်းထားရင်အဆီပြန်လာ

တာမျိုး၊ အရောင်ထွက်လာတာမျိုးတွေ သိလာမှာပါ။ဒါကြောင့်ပိုးသတ်ဆေးမပါဘူးပြောထားပါစေ ခုနကပြောတဲ့

နည်းလေးတွေသုံးပြီးစားပေးမယ်ဆိုရင် ဥပါဒ်ကင်းကင်းစားနိုင်မှာပါနော်။ရေများများသုံးပြီးအကြာကြီးဆေးဖို့

လည်းမပျင်းကြနဲ့ဦးနော်။

ႏွစ္တိုင္း ‘Environmental Working Group’ မွသစ္သီးမ်ားနွင့္အရြက္မ်ားတြင္မည္သည့္ပိုးသတ္ေဆး၊ဓာတု

ေဆးမ်ားသံုးထားသည္ကိုေလ့လာဆန္းစစ္ၾကသည္။ 2018 အစီရင္ခံစာအရ ၇၀ ရာခိုင္ႏွဳန္းေသာထုတ္ကုန္မ်ား

တြင္ အဆိပ္အေတာက္ျဖစ္ေစေသာပိုးသတ္ေဆးမ်ားပါ၀င္ေၾကာင္းသိရသည္။ EWG ေလ့လာမွဳအရဟင္းနုနြယ္၊ စေတာ္ဘယ္ရီသီး ႏွင့္ မက္မြန္( Nectarines) မ်ားတြင္ပါ၀င္မွဳမ်ားသည္ကိုေတြ႕ရသည္။စေတာ္ဘယ္ရီတြင္ပ်မ္း

မ်ွပိုးသတ္ေဆးေပါင္း ၂၀ ခန္႔ပါ၀င္ျပီး ဟင္းနုနြယ္တြင္လည္းအျခားေသာသီးနွံမ်ားထက္ ပိုးသတ္ေဆးပါ၀င္မွဳ

မ်ားသည္ကိုေတြ႔ရသည္။

အျခားတစ္ဖက္တြင္လည္း ေထာပတ္သီး၊ ေျပာင္းဖူးမ်ားသည္ပိုးသန္႔ေဆး ၁ ရာခိုင္ႏွဳန္းေအာက္သာပါ၀င္သည္

ကိုေတြ႕ရျပီးအသန္႔ရွင္းဆံုးသစ္သီးမ်ားအျဖစ္ေလ့လာေတြ႕ရွိရသည္။ Children Environmental Health Centre မွက်န္းမာေရးဒါရိုက္တာေဒါက္တာ Philip Landrigan မွပမာဏနည္းတဲ့ ပိုးသတ္ေဆးအနည္းငယ္စား

သံုးျခင္းကလည္း ေမြးကင္းစကေလး၊ ကေလးငယ္မ်ားႏွင့္ ကိုယ္၀န္ေဆာင္မိခင္မ်ားအတြက္အႏၱရာယ္ရွိေစနိုင္

ေၾကာင္းေျပာျပထားပါတယ္။က်န္းမာေရးအတြက္ေကာင္းေစျပီးအစာေျခဖ်က္ဖို႔အေထာက္အကူေပးနိုင္ေသာအ

သီးအနွံျဖစ္ေသာ္လည္းသတိထားစားသံုးသင့္ေၾကာင္းအၾကံေပးေျပာျပထားပါတယ္။ ေထာပတ္သီး ၊ ေျပာင္းဖူး၊ ႏွင့္ နာနတ္သီးအစရွိေသာအခြံႏႊာစားသံုးနိုင္သည့္အသီးမ်ားကစားသံုးရန္သင့္ေၾကာင္းေျပာျပထားပါတယ္။

၂၀၁၈ ခုႏွစ္အတြက္ EWG ၏ေနာက္ဆံုးရရွိထားေသာ အစီရင္ခံစာမ်ားအရ ပိုးသတ္ေဆးပါ၀င္ေသာအမ်ိဳးအ

စားႏွင့္မပါ၀င္ေသာအမ်ိဳးအစားမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။

2018 Dirty Dozen

1. စေတာ္ဘယ္ရီ

2. ဟင္းနုနြယ္

3. မက္မြန္ (Nectarine)

4. ပန္းသီး

5. စပ်စ္သီး

6. မက္မြန္သီး

7. ခ်ယ္ရီသီး

8. သစ္ေတာ္သီး

9. ခရမ္းခ်ည္သီး

10. တရုတ္နံနံၾကီး (Celery)

11. အာလူး

12. Sweet bell peppers

2018 Clean Fifteen

1. ေထာပတ္သီး

2. ေျပာင္းဖူး

3. နာနတ္သီး

4. ေဂၚဖီ

5. ၾကက္သြန္နီ

6. Frozen Sweet Peas

7. သေဘၤာသီး

8. ကညြန္႔

9. သရက္သီး

10. ခရမ္းသီး

11. သခြားမသီး

12. ကီ၀ီ

13. သခြားေမႊးသီး

14. ပန္းေဂၚဖီ

15. ေဂၚဖီ္ပန္းစိမ္း

တို႔ပဲျဖစ္ပါတယ္။ကဲ ပရိတ္သတ္ၾကီးေရ က်န္းမာေရးအတြက္ေရာအလွအပအတြက္ပါေကာင္းတဲ့အက်ိဳးျပဳတဲ့ အ

သီးေတြကိုမွ ပိုးသတ္ေဆးေတြထည့္ရက္ၾကတယ္လို႔ေနာ္။ဒါေပမယ့္လည္းမစားမျဖစ္စားရမယ္ စားခ်င္တယ္ဆို

ရင္ေတာ့ ဘာအသီးအရြက္သစ္သီးပဲစားစား ေရမ်ားမ်ားစိမ္ေဆးမယ္၊ ဆားနဲ႔အခ်ိန္ိေပးျပီးစိမ္မယ္၊ ရွာလကာ

ရည္ေတြသံုးျပီးစိမ္ထားမယ္ဆိုရင္ေတာ့ ပိုးရွိေနရင္ပိုးေကာင္ထြက္လာတာမ်ိဳး၊ ေဆးျဖန္းထားရင္အဆီျပန္လာ

တာမ်ိဳး၊ အေရာင္ထြက္လာတာမ်ိဳးေတြ သိလာမွာပါ။ဒါေၾကာင့္ပိုးသတ္ေဆးမပါဘူးေျပာထားပါေစ ခုနကေျပာတဲ့

နည္းေလးေတြသံုးျပီးစားေပးမယ္ဆိုရင္ ဥပါဒ္ကင္းကင္းစားနိုင္မွာပါေနာ္။ေရမ်ားမ်ားသံုးျပီးအၾကာၾကီးေဆးဖို႔

လည္းမပ်င္းၾကနဲ႔ဦးေနာ္။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။