ကမ္ဘာအရပ်ရပ်ကထူးထူးဆန်းဆန်းပွဲတော်တွေအကြောင်း

ကမ္ဘာ့နေရာအနှံ့က တိုင်းပြည်တွေ ... သက်ဆိုင်ရာလူမျိုးတွေမှာ သူတို့ရဲ့သမိုင်းကြောင်းတွေအသီးသီးရှိတတ်တယ် ...။
သမိုင်းကြောင်းထဲကအဖြစ်အပျက်တွေ ...၊ ယုံကြည်မှုတွေ ...၊ခံယူချက်တွေကိုအခြေခံလို့  ဘာသာရေးပွဲတော်တွေ ... ၊ပျော်ပွဲရွှင်ပွဲတွေ ... ၊စစ်ရေးသရုပ်ဖော်ပြပွဲတွေ ဖြစ်လာခဲ့တာပေါ့ ...။
ပွဲတော်ဆိုတာအပျော်သက်သက် ဟေးလားဝါးလားတော့မဟုတ်ပေဘူးခင်ဗျ....။ သက်ဆိုင်ရာကိုယ်စားပြုနိုင်ငံရဲ့အမျိုးသားရေး...၊ မိရိုးဖလာဘာသာတရား...။ ယုံကြည်သက်ဝင်မှုနဲ့ တစ်ဦးချင်းစီရဲ့ခံယူချက်တွေ ပေါင်းစပ်ထားတဲ့အရာလည်းဖြစ်တယ် ....။

Tunarama

ပွဲတော်နာမည်ကိုကြားတာနဲ့ တိရစ္ဆာန်တစ်ကောင်ကောင်တော့ပါမှာပဲလို့ တပ်အပ်သိကြမှာပေါ့ ...။
မှန်ပါတယ် သြစတေးလျရဲ့ နာမည်ကြီး တူနာငါးအဝေးပစ်ပြိုင်ပွဲလေ။
သြစတေးလျရဲ့နိုင်ငံခြားကိုတူနာငါးတင်ပို့မှုမြင့်တက်ဖို့ နိုင်ငံတွင်း တူနာဝယ်လိုအားမြင့်တက်စေဖို့ အရောင်းမြှင့်တင်ရေးပြုလုပ်တဲ့ ပွဲတော်ဖြစ်တယ်။
၁၅ ပေါင် ကစလို့ ပေါင် ၈၀ နဲ့ ၉၀ ထိ တူနာငါးရုပ်အကြီးအသေးတွေကို သတ်မှတ်ထားတဲ့နေရာကျော်တဲ့အထိ လွှဲပြီးပစ်ရတာပါ။
အနိုင်ရတဲ့သူအတွက်တော့ မက်လောက်စရာပိုက်ဆံပမာဏနဲ့ တူနာငါးရုပ်ထွင်းဆုတံဆိပ်တွေကိုချီးမြှင့်တာပေါ့ ။
မျက်စိထဲမမြင်ဘူးဆိုရင် သံလုံးပစ်တို့ သံပြားပစ်ပြိုင်ပွဲတို့ကိုစဉ်းစားလိုက် .... အတူတူပဲ ။

The Thaipuism Festival

ဒီပွဲက အသည်းငယ်တဲ့သူတွေအတွက်မဟုတ်ဘူးဆိုတာတော့သေချာတယ် ။
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးလ်မှာနှစ်စဉ်လိုလိုကျင်းပမြဲဖြစ်တဲ့ ဒီဟိန္ဒူဘာသာရေးပွဲတော်မှာ ယောက်ျား မိန်းမ ကြီးငယ်မရွေး ပါဝင်နိုင်တယ် .....။
ပြီးရင် မျက်ခုံးတွေ ပါးစောင်တွေ ကျောကုန်းတွေကို ချိတ်တွေ အပ်တွေ သံတွေနဲ့ဖောက်တာ ...၊ ဓါးတွေကိုပါးစောင်မှာထိုးတာ...၊ တစ်ကိုယ်လုံးမှာ ချိတ်ကောက်တွေနဲ့ထိုးပြတာအပြင် ကျောကုန်းမှာချိတ်တွေနဲ့ဖောက်ပြီး ကားတွေ လယ်ထွန်စက်တွေကို ကြိုးနဲ့ဆွဲပြတာတွေပြုလုပ်ပြကြတယ်။ ဒီလိုလုပ်တဲ့အတွက် သူတို့တွေ ဘာဆုမှချီးမြှင့်မခံရပါဘူး ....။ ဒါပေမဲ့ ရိုးရာယုံကြည်မှုတွေနဲ့ နက်နဲတဲ့ဘာသာတရားအယူအဆတွေအရ အဲဒီလိုပြုလုပ်ခြင်းဟာ နတ်ကောင်းနတ်မြတ်တွေနဲ့ ဘုရားဆီက ကောင်းချီးမင်္ဂလာတွေ ကိုရရှိစေတယ် ....။ နောက်ပြီးစီးပွားဥစ္စာတွေတိုးစေတယ် ဆိုတဲ့ခံယူချက်အရဖြစ်ပါတယ်။

La Tomatina

စပိန်နိုင်ငံ Bunyol မြို့ငယ်လေးရဲ့  နှစ်စဉ်ကျင်းပမြဲပွဲတော်တစ်ခု ....။
ပွဲတော်တွင်း ဒေသခံတွေနဲ့ စပိန်သားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေလည်းပါဝင်ဆင်နွှဲနိုင်တဲ့ ရိုးရာအစဉ်အလာခရမ်းချဉ်သီးပွဲတော်ဖြစ်တယ်။
တကယ်တမ်း ဟိုးယခင့်ယခင်ကာလတွေတုန်းက အနီးအနားရွာလေးတွေက ကာလသားတွေအချင်းချင်းစကားများရန်ဖြစ်ပြီး ပါလာတဲ့လှည်းပေါ်က ခရမ်းချဉ်သီးတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ထုရာကနေ အခုလို ခရမ်းချဉ်သီးပွဲတော် ဖြစ်လာခဲ့တာပါ...။ ပွဲတော်အတွင်း ခရမ်းချဉ်သီးဘယ်လောက်သုံးခဲ့သလဲမသိရပေမယ့် ပွဲတော်စပြီးတစ်နာရီအတွင်း မြို့ရဲ့လမ်းတွေဟာ နီစွေးတဲ့ခရမ်းချဉ်သီးပင်လယ်ကြီးဖြစ်သွားတာပဲ ...။

Monkey Buffet Festival

မျောက်ဘူဖေး ဆိုတော့ ... မျောက်သားကို ဘူဖေးကျွေးတာလား...၊ ဒါမှမဟုတ် မျောက်သားစားပြိုင်ပွဲလားပေါ့။
မဟုတ်ပါဘူး ... အမှန်က ထိုင်းနိုင်ငံ လော့ပ်ဘူရီခရိုင်ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုပွဲတော်တစ်ခုကနေဆင်းသက်လာတာဖြစ်တယ်...။
ရှေးခေတ် ဆယမ်(ထိုင်း)တွေဟာ ဒဏ္ဍာရီလာ အင်အားကြီး မျောက်စစ်သည်တွေကနေ ဆင်းသက်လာတဲ့မျိူးဆက်တွေဆိုပဲ ...။
နောက်ပြီး မျောက်တွေနဲ့ပတ်သက်လို့ ဆယမ်တွေနဲ့ တခြားနိုင်ငံတွေမှာ ကွဲပြားတဲ့အမြင်ရှိတယ် ...။
စိုက်ခင်းတွေဖျက်ဆီး လူကိုဒုက္ခပေး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တိရစ္ဆာန်မို့လို့ တခြားသူတွေက မျောက်တွေကိုကြည့်မရတတ်ကြဘူး။
ဒါပေမဲ့ ဆယမ်တွေကတော့ မျောက်တွေဟာ ကံကောင်းစေတယ် ...၊ ခွန်အားကြီးစေတယ် ... ၊နောက်ပြီး  လာဘ်သပ်ပကာ တွေတိုးပွားစေတယ်လို့ဆိုတယ်။
နှစ်စဉ် ခြောက်လပိုင်းရောက်တဲ့အခါတိုင်း လော့ပ်ဘူရီခရိုင်မှာ ကီလိုဂရမ် ၂၀၀၀ လောက်ရှိတဲ့ သစ်သီးတွေသစ်ဥတွေနဲ့ အချိုရည်တွေကို မျောက်တွေအတွက်အစာကျွေးသလို၊ ကလေးကစားစရာသေးသေးလေးတွေကိုလည်း ပေးတတ်ကြတယ်လို့သိရတယ် ...။
လော့ပ်ဘူရီရောက်ခဲ့လို့လူတွေကြားထဲ မျောက်တွေရောနှောနေထိုင်တာတွေ့ရင်မအံ့သြပါနဲ့။
လူတွေနဲ့အနေများပြီး လူလို့တောင်ခံယူထားတဲ့ ချစ်စရာသတ္တဝါလေးတွေပါ။

Turkey Testicle Festival

ဘယ့်နှယ် .... ပေါက်ပေါက်ရှာရှာ ကြက်ဆင်ဝှေးစေ့ပြိုင်ပွဲလားပေါ့ ....။ အဲဒီကြက်ဆင်အဝှာတွေကိုစားရမှာလားဆိုတော့ .... အဲဒီလိုလည်းမဟုတ်ဘူး။
ပြောချင်တာက ကြက်ဆင်ရဲ့ဝှေးစေ့ကို ပြိုင်ပွဲဝင်တဲ့သူက ချက်ရုံပဲ ....။ အရသာအမျိုးမျိုး ဖုတ်၊ ကင်၊ ချက်ပြုတ် ပြီးတဲ့သကာလ နောက်မှာသရေ တမြားမြားနဲ့စောင့်နေတဲ့သူတွေကို တည်ခင်းဧည့်ခံရုံပဲ။ အဲ... ဒိုင်လဲအများကြီးမရှိဘူး။ အဲဒီက ကြက်ဝှေးဥကိုစားတဲ့သူတွေက အခရာပဲ ...။
ခင်ဗျားချက်တာတော်ရင် တော်သလောက် သူတို့တွေ အမှတ်ပေးမပေါ့လေ ....။ အဲဒီပွဲတော်ကနှယ်နှယ်ရရတော့မဟုတ်ပေဘူး။
ဘိုင်ရွန်၊ အီလီနွိုက်၊ နယူးအော်လင်း၊ မစ်ဆူရီ၊ ကယ်လစ်ဖိုးနီးယား နဲ့ အုတ်က်လာဟိုးမား ပြည်နယ်တွေမှာလည်း ကြက်ဆင်ဝှေးဥချက် ပြိုင်ပွဲကိုတခမ်းတနားကျင်းပကြတာ။ သူ့ရဲ့ပြိုင်ပွဲရာသီက စက်တင်ဘာမှာ စတယ်။အမေရိကန်အပြင်နောက်ထပ် ကြက်ဆင်ဝှေးဥ စားတဲ့နိုင်ငံကတော့ ဆာဘီးယားပဲ။  အဲဒီမလည်း ကြက်ဆင်ဝှေးဥတွေကို အမျိုးမျိုးအထွေထွေ အရသာရှိရှိချက်ပြနိုင်တဲ့သူ အနိုင်ရတာပဲဗျ ....။ အနိုင်ရတဲ့ဆုတွေကတော့ တီရှပ်တွေ ငွေသားတွေ နဲ့ ခရက်ဒစ်ကဒ်တွေဆိုပဲ။
ကြက်ဝှေးဥချက်ပြိုင်ပွဲတွေထဲမယ် အထင်ရှားဆုံးကတော့ ၂၀၁၀ တုံးက လုပ်တဲ့ပွဲတော်ပဲ။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပြီး၊ သူကိုယ်တိုင် ကြက်ဆင်ဝှေးဥကို ချက်ပြခဲ့တာလို့သိရတယ်။
နောက်ပြီး သူပဲ ပထမဆုကိုဆွတ်ခူးခဲ့တာလို့သိရသဗျ။







X