Deadpool 2 ဇာတ်ဝင်တေးနဲ့အတူ ပြန်လာပြီဖြစ်တဲ့ Celine Dion


မကြာခင်ရုံတင်ပြသတော့မယ့် Deadpool 2 ရုပ်ရှင်ဇာတ်ကားဟာ Trailer နဲ့တင်ပရိသတ်တွေအားပေးခြင်းခံနေရပြီဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ခုတစ်ခါမှာလည်း ဂီတရဲ့ နတ်သမီးအဖြစ် တင်စားခြင်းခံနေရဆဲဖြစ်တဲ့ Celine Dion ဟာ Deadpool 2 ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ Ashes နဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါပြီ။


မနေ့ည မေလ ၃ ရက်နေ့က ထွက်ရှိလာတဲ့ Ashes ဟာ ခုဆိုရင် YouTube မှာ နံပါတ် (၁) နေရာမှာ Trending ဖြစ်နေတဲ့သီချင်းတစ်ပုဒ်ပါ။ “My Heart Will Go On” သီချင်းကို ကြိုက်ခဲ့တဲ့ ပရိသတ်တွေက ဒီ “Ashes” ဆိုတဲ့ သီချင်းကိုလည်း  ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ MV ထဲမှာဆိုရင် “Deadpool” တောင်မှ “ This is Deadpool 2 not Titanic” ဆိုပြီးတော့တောင် ပြောင်ထားသေးပါတယ်ဆိုတော့ ဒီသီချင်းဘယ်လောက်ထိ ကောင်းလဲဆိုတော့ Int’l Hitz Song ချစ်တဲ့ပရိသတ်တွေနားထောင်ပြီးသိပါလိမ့်မယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။