ရေဘဝဲအရှင်စားကြမလား?

အသီးမျိုးစုံ၊ ပဲအမျိုးမျိုး၊ အစေ့အဆံတွေ နဲ့ ဟင်းရွက်မျိုးစုံထဲမှာ မချက်ပြုတ်ပဲ အစိမ်းစားလို့ရတာတွေ အများကြီးပါ…။ ဒါပေမယ့် အသားငါးကို အစိမ်းစားတာကတော့ ကျွန်တော်တို့မြန်မာတွေက စားလေ့စားထ မရှိသလို ခံတွင်းမတည့်လှပါဘူး….။

 ဒါပေမယ့် တောင်ကိုရီးယားမှာနာမည်ကြီးတဲ့ ရေဘဝဲဟင်းလျာတွေကိုရော မြည်းစမ်းကြည့်ချင်ကြလားလို့ပါ…။ သူက ရေဘဝဲကို ကင်တာ ချက်တာလည်းမလုပ်ပဲ အရှင်ကိုဆော့စ်နဲ့တို့ပြီး ဝါးစားရမှာပါ…။ ကြံကြံဖန်ဖန်စားတတ်ကြတယ်နော်…။ ရေဘဝဲက ပါးစပ်ထဲထည့်ပြီး မဝါးခင်အထိ အသက်ရှင်နေမယ့်အပြင် သူ့လက်ချောင်းတွေက လှုပ်ရှားနေမှာဖြစ်ပါတယ်…။

ဒီဟင်းလျာကို ကိုရီးယားလို Sannakji လို့ခေါ်ပြီး အကယ်၍ကိုရီးယားရောက်လို့ စမ်းစားကြည့်ချင်ရင် မှတ်ထားလိုက်နော်…။ နောက်ထပ်တစ်မျိုးကတော့ ရေဘဝဲကိုဒီတိုင်းဝါးစားတာမဟုတ်ပဲ စားခါနီးမှ ပန်းကန်ထဲကို ကတ်ကြေးနဲ့ညှပ်ထည့်ပြီး ဆော့စ်နဲ့တို့စားရမှာဖြစ်ပါတယ်…။ ဒီနည်းလမ်းက အရှင်အတိုင်းဝါးစားတာထက်တော့ အဆင်ပြေလောက်ပါရဲ့…။

ကဲဘယ်လိုစားချင်လဲ?