အမျိုးသားတွေရင်ထဲမှာ နေရာယူနေနိုင်ဆဲဖြစ်တဲ့ ဆယ်လီ အပျိုကြီး မမများ
မြန်မာနိုင်ငံမှာရှိကြတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီချစ်စရာကောင်းပြီး လှကြပါတယ်။ တစ်ချို့ဆိုရင် အသက်ကြီးမှ အလှှပေါ် အယဉ်ဆင့်ပြီး ကျက်သရေရှိခြင်းဆိုတဲ့ ဂုဏ်ပုဒ်နှင့် ပိုပြီး ပြည့်စုံ လာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့…
အေးဝတ်ရည်သောင်း ( ခ ) မအေးသောင်း
အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ ၅ နှစ်လောက်ပျောက်သွားပြီးမှ တကျော့ပြန်လည်ဝင်ရောက် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိတဲ့ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ မအေးသောင်းကတော့ သူမရဲ့ ချစ်ဖို့ကောင်တဲ့ မြန်မာဝတ်စုံလေးတွေကြောင့် အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ထင်ပေါ်နေသူပါ။ မအေးသောင်းအဆင်၊ မအေးသောင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေ ဆိုပြီး မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။ လာမည့် မေလ ၂၇ ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ပါ။
အေးမြတ်သူ (ခ) မမြတ်လေး
သရုပ်ဆောင်မှုတွေမှာ သဘာဝနှင့် အနီးစပ်ဆုံးဖြစ်အောင် သရုပ်ဆောင်ပညာထူးချွန်သူ မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ မမြတ်လေးလို့ ကင်ပွန်းတပ်ပေးထားတဲ့ သူမ။ မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်လွန်းသူလေးပါ။ တခြားခေတ်ဆန်တဲ့ ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ဝတ်ရင်လည်း လုံး၀ လန်းပြီး ဆွဲဆောင် နိုင်လွန်းသူ။ အေးမြတ်သူကတော့ အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံလေးတွေ အဝတ်များလာတာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းခပ်လန်းလန်း စတိုင်လေးနဲ့ပဲ နေတတ်သူပါ။ သူမရဲ့ ရေကူးကန်ထဲမှ ပုံရိပ်တွေကလည်း အမျိုးသားတွေကို ဆွဲဆောင် နိုင်လွန်းပါ။ သင်ဇာကလည်း မြန်မာဝတ်စုံနဲ့ရော ခပ်မိုက်မိုက် ဝတ်စုံနဲ့ပါ လိုက်ဖက်သူပါ။ ပုရိသတွေကြားမှာ နာမည်ကြီးရေပန်းစားတဲ့ အပျိုကြီးမမ တွေထဲက တစ်ယောက်ပါ။
အေးမြတ်သူ (ခ) မမြတ်လေး
သင်ဇာဝင့်ကျော်
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။