Katy Perry နဲ့ Taylor Swift တို့ကြားက Bad Blood တွေ တကယ်ပြီးဆုံးသွားပြီလား


ကျင်းပနေပြီးဖြစ်တဲ့ Taylor Swift ရဲ့ Reputation Stadium Tour အတွက် Katy Perry ဟာ Rep Tour ကို ဂုဏ်ပြုပေးတဲ့အနေနဲ့ Taylor Swift ဆီ မထင်မှတ်ထားတဲ့ လက်ဆောင်တစ်ခုကို ပိုလာပေးခဲ့ပါတယ်။ ထိုလက်ဆောင်ကတော့ Olive Branch ပဲဖြစ်ပါတယ်။ Taylor ဟာ လက်ဆောင်ကို လက်ခံရယူပြီးတဲ့နောက် “Thank you, Katy” ဆိုပြီး Instagram Story မှာတင်ထားပြီ “This mean so much to me” ဆိုပြီးလည်း ပြောထားပါသေးတယ်။


Katy Perry ဘက်ကလည်း “ Hello old Friend, I’ve been doing some reflection on past miscommunications and hard feelings between us. I really want to clear the air. I’m deeply sorry for…”  ဆိုပြီးတော့ သူတို့နှစ်ရဲ့ အတိတ်မှာ အထင်လွဲမှုတွေ အဆင်မပြေမှုတွေများစွာရှိခဲ့ကြတာတွေကို အသုံးသတ်ရှင်းလင်းချင်ပါတယ်ဆိုတဲ့အကြောင်းကို ရေးထားတာတွေ့ရပါတယ်။


Katy ပေးတဲ့ Olive Branch လက်ဆောင်ဆိုတာ ငြိမ်းငြိမ်ချမ်းချမ်းဖြစ်ချင်ပြီ ဆိုတဲ့အဓိပ္ပါယ်ကို ဆိုလိုတဲ့သဘောဖြစ်ပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ Taylor ရဲ့ End Game သီချင်းမှာ သူတို့ ၂ ယောက်ပြန်လည်သင့်မြတ်နေကြပါပြီးဆိုတဲ့ ကောလဟာလဟာ ဒီတစ်ခါ တကယ်ကိုဖြစ်လာပြီးဆိုတော့ သူတို့ ၂ ယောက်စလုံး အမာခံပရိသတ်တွေလည်း ဒီသတင်းအတွက် တကယ်ကို ဝမ်းသာပီတိဖြစ်နေမယ်လို့ယုံကြည်ပါတယ်။


Unicode Version -

Katy Perry နဲ႔ Taylor Swift တို႔ၾကားက Bad Blood ေတြ တကယ္ၿပီးဆံုးသြားၿပီလား

က်င္းပေနၿပီးျဖစ္တဲ႔ Taylor Swift ရဲ႕ Reputation Stadium Tour အတြက္ Katy Perry ဟာ Rep Tour ကို ဂုဏ္ျပဳေပးတဲ႔အေနနဲ႔ Taylor Swift ဆီ မထင္မွတ္ထားတဲ႔ လက္ေဆာင္တစ္ခုကို ပိုလာေပးခဲ့ပါတယ္။ ထိုလက္ေဆာင္ကေတာ့ Olive Branch ပဲျဖစ္ပါတယ္။ Taylor ဟာ လက္ေဆာင္ကို လက္ခံရယူၿပီးတဲ႔ေနာက္ “Thank you, Katy” ဆိုၿပီး Instagram Story မွာတင္ထားၿပီ “This mean so much to me” ဆိုၿပီးလည္း ေျပာထားပါေသးတယ္။
Katy Perry ဘက္ကလည္း “ Hello old Friend, I’ve been doing some reflection on past miscommunications and hard feelings between us. I really want to clear the air. I’m deeply sorry for…”  ဆိုၿပီးေတာ့ သူတို႔ႏွစ္ရဲ႕ အတိတ္မွာ အထင္လြဲမႈေတြ အဆင္မေျပမႈေတြမ်ားစြာရွိခဲ့ၾကတာေတြကို အသံုးသတ္ရွင္းလင္းခ်င္ပါတယ္ဆိုတဲ႔အေၾကာင္းကို ေရးထားတာေတြ႔ရပါတယ္။
Katy ေပးတဲ႔ Olive Branch လက္ေဆာင္ဆိုတာ ၿငိမ္းၿငိမ္ခ်မ္းခ်မ္းျဖစ္ခ်င္ၿပီ ဆိုတဲ့အဓိပၸါယ္ကို ဆိုလိုတဲ႔သေဘာျဖစ္ၿပီး မၾကာေသးခင္က ထြက္ရွိထားတဲ႔ Taylor ရဲ႕ End Game သီခ်င္းမွာ သူတို႔ ၂ ေယာက္ျပန္လည္သင့္ျမတ္ေနၾကပါၿပီးဆိုတဲ႔ ေကာလဟာလဟာ ဒီတစ္ခါ တကယ္ကိုျဖစ္လာၿပီးဆိုေတာ့ သူတို႔ ၂ ေယာက္စလံုး အမာခံပရိသတ္ေတြလည္း ဒီသတင္းအတြက္ တကယ္ကို ဝမ္းသာပီတိျဖစ္ေနမယ္လို႔ယံုၾကည္ပါတယ္။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။