လှည့်ကွက်လေးတစ်ခုဖြစ်နေမလားလို့ ပရိသတ်တွေကထင်ကြေးပေးနေကြတဲ့ ရွှေထူး နဲ့ ဒါဒါ တို့ရဲ့ Relationship

( Zawgyi ဖြင့်ဖတ်ရန် ) 

မနေ့ကပဲ နာမည်ကြီးအဆိုတော်၊ သရုပ်ဆောင် ရွှေထူး နဲ့သူ့ရဲ့ချစ်သူကောင်မလေး တို့လမ်းခွဲလိုက်ပြီဆိုပြီးတော့ ရွှေထူးကသူ့ရဲ့ Facebook စာမျက်နှာမှာ live လွှင့်ပြီးပရိသတ်ကိုအသိပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ RS မှာ အဆင်မပြေတာလေးတွေရှိနေခဲ့တာကြာပြီဖြစ်တဲ့အကြောင်း၊ သူ့ရဲ့သီချင်းတွေကိုအားပေးတဲ့သူတွေဆက်ပြီးအားပေးနိုင်ကြောင်း၊ ဒါပေမယ့် RS ကိုမှအားပေးချင်တဲ့သူတွေအတွက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါပဲ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

တစ်ချို့ပရိသတ်တွေကတော့ ဒီကိစ္စကို အတည်ကြီးဆိုတာထက်စာရင် လှည့်ကွက်လေးတစ်ခုလို့သုံးသပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေထူး နဲ့ သူ့ကောင်မလေးရဲ့ RS သက်တမ်းဟာ နည်းနည်းနောနောတော့မဟုတ်ပဲ ၆ နှစ်တိုင်တိုင်ရှိခဲ့တာပါ။ အဲဒီ ၆ နှစ်တာဆိုတဲ့ သံယောဇဉ်ကို ကတောက်ကဆပြဿနာလေးတစ်ခုကြောင့်အပြီးတိုင်ရပ်စဲသွားဖို့မဖြစ်နိုင်ဘူး လို့တစ်ချို့ကသုံးသပ်ကြပါတယ်။

နောက်တစ်ခုကတော့ RS နဲ့ဓာတ်ပုံတွေပါ။ ပြတ်စဲသွားပြီလို့ပြောကြပေမယ့် သူတို့ရဲ့ သက်ဆိုင်ရာလူမှုကွန်ယက်အကောင့်တွေမှာတော့ နှစ်ယောက်သားတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ Relationship ချိတ်ထားဆဲဆိုတာကိုတွေ့နေရတုန်းမို့လို့ပါ။ ပြတ်စဲသွားပြီးတဲ့သူတွေတော်တော်များများဟာ သူတို့ရဲ့ RS နဲ့ couple ပုံတွေကို ဖျက်ပစ်တတ်ကြပါတယ်။

နောက်ဆုံး trick တစ်ခုကတော့ ရွှေထူးရဲ့နောက်ထွက်လာမယ့် #ခလုတ် ဆိုတဲ့သီချင်းလေးအတွက် ကြိုပြီးပရိသတ်ဆီက attention လေးတစ်ခုကို ယူလိုက်တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ ဥပမာ နိုင်ငံတကာမှာဆိုရင် ဆလီနာဂိုးမက်ဇ် အနေနဲ့ သူမရဲ့သီချင်းခွေထွက်ခါနီးတိုင်း #JB နဲ့ ပြန်ပေါင်းထုပ်တော့မလိုလို၊ ချက်ချင်းပဲပြန်ပြီးတွဲတော့မလိုလို သတင်းတွေလုပ်တတ်တာအားလုံးအသိပါ။ အဲဒါကြောင့်လည်း ရွှေထူးတို့ရဲ့ ကိစ္စလေးဟာ နောက်ထွက်မယ့်သီချင်းသစ်အတွက်ပရိသတ်ဆီကနေ attention ယူတဲ့ trick လည်းဖြစ်နိုင်တယ်လို့ တစ်ချို့ကသုံးသပ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ပရိသတ်တွေအားကျနေတဲ့ Idol couple လေးဖြစ်တာကြောင့် သူတို့ရဲ့စုံတွဲကို ပြတ်တာစဲတာ၊ ပြဿနာဖြစ်တာတွေကိုတော့ Fan တွေအနေနဲ့ မမြင်ချင်ကြပါဘူး။ WE ပရိသတ်ကြီးလည်း ရွှေထူးနဲ့ဒါဒါ တို့ရဲ့ Relationship လေးပြန်အဆင်ပြေသွားအောင် Like and Share လုပ်ပြီး ဆုတောင်းပေးကြပါဦးနော်။

Gabriel

( Unicode ဖြင့်ဖတ်ရန် )







Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။