F8 အစည်းအဝေးအပြီး Facebook ကုမ္ပဏီအတွင်းမှာ နေရာ နဲ့ ရာထူးအပြောင်းအရွှေ့တွေဖြစ်ပေါ်ခဲ့

( Zawgyi ဖြင့်ဖတ်ရန် )

သြဇာအရှိဆုံး လူမှုကွန်ယက် Facebook ရဲ့အမှုဆောင်ဒါရိုက်တာချုပ်ဖြစ်သူ မာ့ခ်ဇူကာဘက်ခ် ဟာပြီးခဲ့တဲ့အင်္ဂါနေ့မှာ လူမှုကွန်ယက်အသိုင်းအဝိုင်း နဲ့ စပ်ဆက်အဖွဲ့အစည်းတွေပါ အံ့သြသွားစေမယ့် အလုပ်ခွင်စီမံခန့်ခွဲမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကုမ္ပဏီရဲ့ ထုတ်လုပ်ရေး၊ လွှင့်တင်ရေးအပိုင်းက ဝန်ထမ်းတွေကို ရာထူးတိုးတာတွေ၊ လုပ်ပိုင်ခွင့်ပိုမိုပေးအပ်တာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ management ဟာ လျော့တိလျော့ရဲဖြစ်နေတဲ့ ကုမ္ပဏီရဲ့အင်အားတွေကို စုစည်းပြီးမောင်းနှင်ဖို့အားယူလိုက်တာလည်းဖြစ်နိုင်ပါတယ်။ ရာထူးအပြောင်းအရွှေ့ဆိုပေမယ့် သက်ဆိုင်ရာ Department တွေအတွက် ဝန်ထမ်းခေါ်ယူခြင်းမရှိသလို၊ လက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းတွေကိုလည်း ထုတ်ပယ် ( ဒါမှမဟုတ် ) ဖြုတ်ပစ်တာတွေမရှိခဲ့ပါဘူး။ နောက်ပြီး ဒီ စီမံခန့်ခွဲမှုဟာ သူကိုယ်တိုင်နဲ့ အလုပ်အမှုဆောင်အရာရှိဖြစ်တဲ့ ရှရီးလ်ဆန်းဘာ့ဂ် တို့ရဲ့ရာထူးနဲ့လုပ်ပိုင်ခွင့်တွေကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဇူကာဘက်ခ် ကပြောပါတယ်။

ဒီထုတ်ပြန်ချက်မတိုင်ခင်က ဖေ့စ်ဘွတ်လက်အောက်မှာရှိတဲ့ WhatsApp ရဲ့ တည်ထောင်သူနှစ်ဦးနှုတ်ထွက်သွားခဲ့ကြသလို၊ ဝန်ထမ်းတော်တော်များများကို နည်းပညာဝက်ဘ်ဆိုဒ်သစ်တွေမှာ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ရာထူးတိုးပြောင်းရွှေ့သွားတဲ့အထဲမှာ Messenger ရဲ့အကြီးအကဲဖြစ်သူ David Marcus နဲ့ Instagram ရဲ့အကြီးအကဲဖြစ်တဲ့ Kevin Weil တို့ပါဝင်နေပါတယ်။ ဒေးဗစ်ဟာ Facebook ကနေဝန်ဆောင်မှုပေးတော့မယ့် Blockchain ( bitcoin လို အွန်လိုင်းငွေကြေး နဲ့ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ ) တွေကိုလေ့လာဖို့ Research team တစ်ခုမှာအကြီးအကဲဖြစ်ပြီး ကီဗင်ကတော့ အဲဒီ Research Team မှာ နည်းပညာရှင်အဖြစ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နည်းပညာဆိုင်ရာအမှုဆောင်အရာရှိ မိုက်ခ်ရှရော့ပ်ဖာ နဲ့ အဖွဲ့အစည်းတိုးတက်ရေး ဥက္ကဌဖြစ်သူ ဂျေဗီယာ အိုလီဗန် တို့ကတော့ ဖေ့စ်ဘွတ်ကြော်ငြာဝန်ဆောင်မှုစနစ်တွေ  နဲ့ ဖွဲ့စည်းပုံစနစ်တွေကို ကိုကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ပြန်လည်တည်ဆောက်ဖို့တာဝန်ပေးအပ်ခံရပါတယ်။

လောလောဆယ်တော့ နေရာအပြောင်းအရွှေ့နဲ့ ရာထူးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ Facebook CEO မာ့ခ်ဇူကာဘက်ခ် ကတော့ဘယ်လိုမှတ်ချက်မှမပေးသေးဘူးလို့ သိရပါတယ်။

Gabriel
Ref : Reuters

( Unicode ျဖင္႕ဖတ္ရန္ )

F8 အစည္းအေ၀းအျပီး Facebook ကုမၸဏီအတြင္းမွာ ေနရာ နဲ႕ ရာထူးအေျပာင္းအေရႊ႕ေတြျဖစ္ေပၚခဲ႕

ၾသဇာအရွိဆုံး လူမွဳကြန္ယက္ Facebook ရဲ႕အမွဳေဆာင္ဒါရုိက္တာခ်ဳပ္ျဖစ္သူ မာ႕ခ္ဇူကာဘက္ခ္ ဟာျပီးခဲ႕တဲ႕အဂၤါေန႕မွာ လူမွဳကြန္ယက္အသုိင္းအ၀ုိင္း နဲ႕ စပ္ဆက္အဖြဲ႕အစည္းေတြပါ အံ႕ၾသသြားေစမယ္႕ အလုပ္ခြင္စီမံခန္႕ခြဲမွဳတစ္ခုကုိျပဳလုပ္ခဲ႕ပါတယ္။ အဲ႕ဒါကေတာ႕ ကုမၸဏီရဲ႕ ထုတ္လုပ္ေရး၊ လႊင္႕တင္ေရးအပုိင္းက ၀န္ထမ္းေတြကုိ ရာထူးတုိးတာေတြ၊ လုပ္ပုိင္ခြင္႔ပုိမုိေပးအပ္တာေတြျပဳလုပ္ခဲ႕တာျဖစ္ပါတယ္။

အဲဒီ management ဟာ ေလ်ာ႕တိေလ်ာ႕ရဲျဖစ္ေနတဲ႕ ကုမၸဏီရဲ႕အင္အားေတြကုိ စုစည္းျပီးေမာင္းႏွင္ဖုိ႕အားယူလုိက္တာလည္းျဖစ္ႏုိင္ပါတယ္။ ရာထူးအေျပာင္းအေရႊ႕ဆုိေပမယ္႕ သက္ဆုိင္ရာ Department ေတြအတြက္ ၀န္ထမ္းေခၚယူျခင္းမရွိသလုိ၊ လက္ရွိလုပ္ကုိင္ေနတဲ႕၀န္ထမ္းေတြကုိလည္း ထုတ္ပယ္ ( ဒါမွမဟုတ္ ) ျဖဳတ္ပစ္တာေတြမရွိခဲ႕ပါဘူး။ ေနာက္ျပီး ဒီ စီမံခန္႕ခြဲမွဳဟာ သူကုိယ္တုိင္နဲ႕ အလုပ္အမွဳေဆာင္အရာရွိျဖစ္တဲ႕ ရွရီးလ္ဆန္းဘာ႕ဂ္ တုိ႕ရဲ႕ရာထူးနဲ႕လုပ္ပုိင္ခြင္႕ေတြကုိ ေျပာင္းလဲေစမွာမဟုတ္ဘူးလုိ႕ ဇူကာဘက္ခ္ ကေျပာပါတယ္။

ဒီထုတ္ျပန္ခ်က္မတုိင္ခင္က ေဖ႕စ္ဘြတ္လက္ေအာက္မွာရွိတဲ႕ WhatsApp ရဲ႕ တည္ေထာင္သူႏွစ္ဦးႏွဳတ္ထြက္သြားခဲ႕ၾကသလုိ၊ ၀န္ထမ္းေတာ္ေတာ္မ်ားမ်ားကုိ နည္းပညာ၀က္ဘ္ဆုိဒ္သစ္ေတြမွာ ေျပာင္းေရႊ႕တာ၀န္ေပးအပ္ခဲ႕တယ္လုိ႕သိရပါတယ္။

ရာထူးတုိးေျပာင္းေရႊ႕သြားတဲ႕အထဲမွာ Messenger ရဲ႕အၾကီးအကဲျဖစ္သူ David Marcus နဲ႕ Instagram ရဲ႕အၾကီးအကဲျဖစ္တဲ႕ Kevin Weil တုိ႕ပါ၀င္ေနပါတယ္။ ေဒးဗစ္ဟာ Facebook ကေန၀န္ေဆာင္မွဳေပးေတာ႕မယ္႕ Blockchain ( bitcoin လုိ အြန္လုိင္းေငြေၾကး နဲ႕ ဘ႑ာေရးဆုိင္ရာနည္းပညာ ) ေတြကုိေလ႕လာဖုိ႕ Research team တစ္ခုမွာအၾကီးအကဲျဖစ္ျပီး ကီဗင္ကေတာ႕ အဲဒီ Research Team မွာ နည္းပညာရွင္အျဖစ္ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။
နည္းပညာဆုိင္ရာအမွဳေဆာင္အရာရွိ မုိက္ခ္ရွေရာ႕ပ္ဖာ နဲ႕ အဖြဲ႕အစည္းတုိးတက္ေရး ဥကၠဌျဖစ္သူ ေဂ်ဗီယာ အုိလီဗန္ တုိ႕ကေတာ႕ ေဖ႕စ္ဘြတ္ေၾကာ္ျငာ၀န္ေဆာင္မွဳစနစ္ေတြ  နဲ႕ ဖြဲ႕စည္းပုံစနစ္ေတြကုိ ကုိက်ယ္က်ယ္ျပန္႕ျပန္႕ေလ႕လာျပီး ျပန္လည္တည္ေဆာက္ဖုိ႕တာ၀န္ေပးအပ္ခံရပါတယ္။

ေလာေလာဆယ္ေတာ႕ ေနရာအေျပာင္းအေရႊ႕နဲ႕ ရာထူးအေျပာင္းအလဲေတြနဲ႕ ပတ္သက္လုိ႕ Facebook CEO မာ႕ခ္ဇူကာဘက္ခ္ ကေတာ႕ဘယ္လုိမွတ္ခ်က္မွမေပးေသးဘူးလုိ႕ သိရပါတယ္။

Gabriel
Ref : Reuters 


 



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။