အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံး Body Lotion များ

အဆီပြန်လို့ Lotion မလိမ်းချင်တဲ့သူတွေအတွက် အဆီပြန်တဲ့အသားအရေနဲ့ အသင့်တော်ဆုံးဖြစ်စေမယ့် Body Lotion တွေကို ရွေးချယ်ပေးလိုက်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံးအနေနဲ့ ရွေးချယ်ခံထားရတဲ့ Body Lotion တွေကိုပဲ ဖော်ပြပေးထားတာဖြစ်လို့ ကိုယ်နှစ်သက်ရာကို ရွေးသုံးလို့ရတာပေါ့။

The Body Shop Shea Whip Body Lotion

The Body Shop ဆိုတာတော့ နာမည်ကြီးပြီးကောင်းမွန်တဲ့ Brand တစ်ခုပါ။ သူ့ရဲ့ Shea Whip Body Lotion လေးက လိမ်းလိုက်တာနဲ့ အလွယ်တကူစွပ်ယူနိုင်ပြီး အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။ အသားအရေကိုလည်း ချောမွေ့စေလို့ ကြိုက်နှစ်သက်မှာ သေချာပါတယ်။

VLCC Natural Sciences Cocoa Butter Hydrating Body SPF 15

VLCC ရဲ့ Cocoa Butter Lotion ဟာဆိုရင် ရေဓာတ်ဖြည့်ပေးလို့ အဆီပြန်တဲ့အသားအရေအတွက် အရမ်းသင့်တော်ပါတယ်။ အရေပြားအတွင်းပိုင်းထိစုပ်ယူနိုင်စွမ်းရှိပြီး တစ်နေကုန်လည်း လန်းဆန်းနေစေပါတယ်။

Lotus Herbal White Glow Skin Whitening and Brightening Hand and Body Lotion

ဒီ Lotion လေးကို grape, green, tea licorice စတာတွေနဲ့ပေါင်းစပ်ပြုလုပ်ထားတာဖြစ်လို့ အသားကို Bright ဖြစ်ပြီး ဖြူစေပါတယ်။ အရေပြားထဲကို အလွယ်တကူစုပ်ယူနိုင်ပြီး SPF 25 PA+++ ပါဝင်လို့ နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။

Vaseline Aloe Freah Hydrating Body Lotion

ဒီ Lotion ထဲမှာ Moisturizer အပြည့်အဝပါဝင်တဲ့အပြင် သခွားသီး၊ ရှားစောင်းလတ်ပတ် တို့နဲ့ပြုလုပ်ထားတာဖြစ်လို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ Normal skin နဲ့ Oily skin တွေအတွက် အထူးသင့်တော်ပါတယ်။

Himalaya Protecting Body Lotion

တော်တော်များများနဲ့သိပ်မရင်းနှီးတဲ့ brand တစ်ခုဖြစ်ပေမယ့် သူ့မှာက ဗီတာမင်အေနဲ့ ဗီတာမင်အီး အပြည့်အဝပါဝင်ပါတယ်။ နေကြာစိမှရတဲ့အဆီနဲ့ပြုလုပ်ထားလို့ အရေးအကြောင်းတွေကိုသက်သာစေပြီး အသားအရေကိုနူးညံ့ချောမွေ့စေပါတယ်။

Nivea Express Hydrating Body Lotion

Nivea က ဒီ Lotion လေးကတော့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ လိမ်းလိုက်တာနဲ့ အသားထဲကိုသေချာစုပ်ယူသွားနိုင်ပြီး တစ်နေကုန်လည်းခံစေပါတယ်။ သူကလည်း အဆီပြန်တဲ့အသားအရေတွေအတွက် သုံးစွဲဖို့သင့်တော်တဲ့ Body Lotion လေးပါ။

Secret Wonderland Body Lotion

ဒီ Lotion လေးကတော့ မိန်းကလေးတော်တော်များများသုံးကြပါတယ်။ သူ့မှာက ဗီတာမင် အီး အပြည့်အဝကိုပါဝင်နေပါတယ်။ အဆီပြန်တဲ့အသားအရေအတွက်လည်း အထူးသင့်တော်တဲ့ Body Lotion လေးဖြစ်လို့ သုံးကြည့်ဖို့ အကြံပြုပါတယ်။

Hamny

အဆီျပန္လို႔ Lotion မလိမ္းခ်င္တဲ့သူေတြအတြက္ အဆီျပန္တဲ့အသားအေရနဲ႔ အသင့္ေတာ္ဆုံးျဖစ္ေစမယ့္ Body Lotion ေတြကို ေရြးခ်ယ္ေပးလိုက္ပါတယ္။ အဆီျပန္တဲ့အသားအေရအတြက္ အေကာင္းဆံုးအေနနဲ႔ ေရြးခ်ယ္ခံထားရတဲ့ Body Lotion ေတြကိုပဲ ေဖာ္ျပေပးထားတာျဖစ္လို႔ ကိုယ္ႏွစ္သက္ရာကို ေရြးသံုးလို႔ရတာေပါ့့။
The Body Shop Shea Whip Body Lotion
The Body Shop ဆိုတာေတာ့ နာမည္ႀကီးၿပီးေကာင္းမြန္တဲ့ Brand တစ္ခုပါ။ သူ႔ရဲ႕ Shea Whip Body Lotion ေလးက လိမ္းလိုက္တာနဲ႔ အလြယ္တကူစြပ္ယူႏိုင္ၿပီး အသားအေရကိုလည္း ေရဓာတ္ျဖည့္ေပးပါတယ္။ အသားအေရကိုလည္း ေခ်ာေမြ႔ေစလို႔ ႀကိဳက္ႏွစ္သက္မွာ ေသခ်ာပါတယ္။
VLCC Natural Sciences Cocoa Butter Hydrating Body SPF 15
 VLCC ရဲ႕ Cocoa Butter Lotion ဟာဆိုရင္ ေရဓာတ္ျဖည့္ေပးလို႔ အဆီျပန္တဲ့အသားအေရအတြက္ အရမ္းသင့္ေတာ္ပါတယ္။ အေရျပားအတြင္းပိုင္းထိစုပ္ယူႏိုင္စြမ္းရွိၿပီး တစ္ေနကုန္လည္း လန္းဆန္းေနေစပါတယ္။
Lotus Herbal White Glow Skin Whitening and Brightening Hand and Body Lotion
ဒီ Lotion ေလးကို grape, green, tea licorice စတာေတြနဲ႔ေပါင္းစပ္ျပဳလုပ္ထားတာျဖစ္လို႔ အသားကို Bright ျဖစ္ၿပီး ျဖဴေစပါတယ္။ အေရျပားထဲကို အလြယ္တကူစုပ္ယူႏိုင္ၿပီး SPF 25 PA+++ ပါ၀င္လို႔ ေနေလာင္ဒဏ္ကိုလည္း ကာကြယ္ေပးပါတယ္။
Vaseline Aloe Freah Hydrating Body Lotion
ဒီ Lotion ထဲမွာ Moisturizer အျပည့္အ၀ပါ၀င္တဲ့အျပင္ သခြားသီး၊ ရွားေစာင္းလတ္ပတ္ တို႔နဲ႔ျပဳလုပ္ထားတာျဖစ္လို႔ အသားအေရအတြက္ အရမ္းေကာင္းပါတယ္။ Normal skin နဲ႔ Oily skin ေတြအတြက္ အထူးသင့္ေတာ္ပါတယ္။
Himalaya Protecting Body Lotion
ေတာ္ေတာ္မ်ားမ်ားနဲ႔သိပ္မရင္းႏွီးတဲ့ brand တစ္ခုျဖစ္ေပမယ့္ သူ႔မွာက ဗီတာမင္ေအနဲ႔ ဗီတာမင္အီး အျပည့္အ၀ပါ၀င္ပါတယ္။ ေနၾကာစိမွရတဲ့အဆီနဲ႔ျပဳလုပ္ထားလို႔ အေရးအေၾကာင္းေတြကိုသက္သာေစၿပီး အသားအေရကိုႏူးညံ့ေခ်ာေမြ႔ေစပါတယ္။
Nivea Express Hydrating Body Lotion
Nivea က ဒီ Lotion ေလးကေတာ့ အသားအေရကို ႏူးညံ့ေခ်ာေမြ႔ေစပါတယ္။ လိမ္းလိုက္တာနဲ႔ အသားထဲကိုေသခ်ာစုပ္ယူသြားႏိုင္ၿပီး တစ္ေနကုန္လည္းခံေစပါတယ္။ သူကလည္း အဆီျပန္တဲ့အသားအေ၇ေတြအတြက္ သံုးစဲြဖို႔သင့္ေတာ္တဲ့ Body Lotion ေလးပါ။
Secret Wonderland Body Lotion
ဒီ Lotion ေလးကေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားသံုးၾကပါတယ္။ သူ႔မွာက ဗီတာမင္ အီး အျပည့္အ၀ကိုပါ၀င္ေနပါတယ္။ အဆီျပန္တဲ့အသားအေ၇အတြက္လည္း အထူးသင့္ေတာ္တဲ့ Body Lotion ေလးျဖစ္လို႔ သံုးၾကည့္ဖို႔ အႀကံျပဳပါတယ္။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။