တက္ကစီတွေကို အားကိုးနေရတဲ့မြို့ပြလမ်းပန်းဆက်သွယ်ရေးကို ကားပျံတွေနဲ့အစားထိုးတော့မှာလား

( Zawgyi ဖြင့်ဖတ်ရန် )

အမေရိကန်လမ်းပန်းဆက်သွယ်ရေးကုမ္ပဏီ Uber ဟာ သူ့ရဲ့တက္ကစီကားတွေကို ကားပျံတွေအဖြစ်အဆင့်မြှင့်တင်ပြီး ယာဉ်ကြောကျပ်တဲ့ပြဿနာကို ဖြေရှင်းတော့မယ်လို့သိရပါတယ်။ လမ်းပေါ်မှာမောင်းနေရင်း ယာဉ်ကြောတွေကျပ်တည်းလာတဲ့အခါ စီးနေတဲ့ကားကနေ လေယာဉ်ငယ်ပုံစံပြောင်းပြီးလိုရာခရီးကိုသွားနိုင်ဖို့ဆိုတာ ခေတ်သစ်မြို့ပြလူနေမှုစနစ်ရဲ့အတောင့်တဆုံးလိုအပ်ချက်တစ်ခုပါ။ အဲဒီလိုအပ်ချက်ကို Uber ကနေ ဖြေရှင်းပေးဖို့ကြိုးစားပေးတော့မှာဖြစ်ပါတယ်။

Uber တင်မဟုတ်ပဲ Volocopter, eHang နဲ့ Kittyhawk စတဲ့ နည်းပညာကုမ္ပဏီတွေကလည်း Uber နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ကိုစိတ်အားထက်သန်နေကြပါတယ်။ ကားပျံတွေထုတ်လုပ်ဖို့ဆိုတာ Uber ရဲ့အကြံတော့မဟုတ်ပါဘူး။ ဘိုးအင်း၊ အဲဘတ်စ်၊ လော့ခ်ဟိဒ်မာတင် နဲ့ အေရိုဒိုင်းနမစ် တို့လိုလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေကလည်း ကားပျံတွေထုတ်လုပ်မယ့်ပရောဂျက်အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတာပါ။
လောလောဆယ်တော့ Uber ကသူ့ရဲ့ ကားပျံကို ဟယ်လီကော်ပတာတစ်စီးအဖြစ်ဖော်ပြထားပါတယ်။ ကားပျံတွေအနေနဲ့ လမ်းပေါ်မှာထက်စာရင်ပိုပြီး လုံခြုံမှုရှိတဲ့အပြင်၊ အချိန်ကုန်သက်သာစေပြီး၊ အင်ဂျင်သံဆူညံမှုနှုန်းကိုလည်းလျှော့ချပေးနိုင်တယ်။ နောက်ပြီး ကောင်းကင်ပေါ်ကနေ စီးမိုးပြီးကြည့်ရတဲ့ ၃၆၀ ဒီဂရီ ( birdview ) အပေါ်စီးမြင်ကွင်းအတွေ့အကြုံကိုလည်း ခရီးသည်တွေခံစားရမယ်လို့Uber ရဲ့ investor တစ်ဦးဖြစ်တဲ့ ဆမ်ကောရပ်စ် ကဆိုပါတယ်။

တက္ကစီတွေဟာ လျှပ်စစ်နဲ့မောင်းနှင်မှာဖြစ်လို့ သဘာဝပတ်ဝန်းကျင်နဲ့လေထုညစ်ညမ်းမှုကိုသက်သာစေတယ်လို့လည်း ကောရပ်စ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ တက္ကစီစီးနင်းမယ့် ခရီးသည်တွေဟာ မစီးနင်းခင် တစ်နာရီအလိုကတည်းက Uber ရဲ့ Flying Taxi Service အထူးဝန်ဆောင်မှု အပလီကေးရှင်းကိုသုံးပြီး အွန်လိုင်းကနေဘွတ်ကင်တင်နိုင်တယ်။ နောက်ပြီး Landing Pad ( ယာဉ်ရပ်နားရမယ့်ကွင်း ) ကိုလည်း Skyscraper ( မိုးမျှော်တိုက် ) တွေရဲ့ခေါင်မိုးပေါ်မှာထားရှိမှာဖြစ်တဲ့အတွက် ယာဉ်ရပ်နားစရာနေရာ နဲ့ နေရာဌားရမ်းခအတွက်သီးသန့်မကုန်ကျတော့ဘူးလို့ဆိုပါတယ်။

မောင်းနှင်မယ့်သူတွေအနေနဲ့ အတွေ့အကြုံရှိပိုင်းလော့တွေကိုခန့်အပ်ထားမှာဖြစ်ပြီး တက္ကစီတစ်စီးမှာတော့ လူလေးယောက်အထိ ပါဝင်စီးနင်းနိုင်မှာပါ။ ကြာမြင့်ချိန်အသေးစိတ်အနေနဲ့ မန်းဟတ်တန်မြို့လယ်ကနေ JFK ( ဂျွန်အက်ဖ်ကနေဒီ လေဆိပ် ) အထိကို ရှစ်မိနစ်ခန့်သာကြာမြင့်မှာဖြစ်ပြီး ဈေးနှုန်းကတော့ အနည်းဆုံး ၇၄ ဒေါ်လာလောက်ကျသင့်မယ်လို့သိရပါတယ်။ Business person တွေအနေနဲ့တော့ တွက်ခြေကိုက်မယ့်ခရီးဖြစ်ပြီး သာမန်ဟယ်လီကော်ပတာတစ်စီးကို ဌားရမ်းမယ်ဆိုရင် အနည်းဆုံး ၁၉၅ ဒေါ်လာလောက်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ်တော့ စီမံကိန်းကို Uber ကအတည်ပြုထားပြီး ပျံသန်းမှုတွေကိုတော့ ၂၀၂၀ မှာစတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။

Gabriel
Ref : PYMNTS.com

( Unicode ျဖင့္ဖတ္ရန္ )

တကၠစီေတြကုိ အားကုိးေနရတဲ႕ျမဳိ႕ျပလမ္းပန္းဆက္သြယ္ေရးကုိ ကားပ်ံေတြနဲ႕အစားထုိးေတာ႕မွာလား

အေမရိကန္လမ္းပန္းဆက္သြယ္ေရးကုမၸဏီ Uber ဟာ သူ႕ရဲ႕တကၠစီကားေတြကုိ ကားပ်ံေတြအျဖစ္အဆင္႕ျမွင္႕တင္ျပီး ယာဥ္ေၾကာက်ပ္တဲ႕ျပႆနာကုိ ေျဖရွင္းေတာ႕မယ္လုိ႕သိရပါတယ္။ လမ္းေပၚမွာေမာင္းေနရင္း ယာဥ္ေၾကာေတြက်ပ္တည္းလာတဲ႕အခါ စီးေနတဲ႕ကားကေန ေလယာဥ္ငယ္ပုံစံေျပာင္းျပီးလုိရာခရီးကုိသြားႏုိင္ဖုိ႕ဆုိတာ ေခတ္သစ္ျမဳိ႕ျပလူေနမွဳစနစ္ရဲ႕အေတာင္႕တဆုံးလုိအပ္ခ်က္တစ္ခုပါ။ အဲဒီလုိအပ္ခ်က္ကုိ Uber ကေန ေျဖရွင္းေပးဖုိ႕ၾကဳိးစားေပးေတာ႕မွာျဖစ္ပါတယ္။

Uber တင္မဟုတ္ပဲ Volocopter, eHang နဲ႕ Kittyhawk စတဲ႕ နည္းပညာကုမၸဏီေတြကလည္း Uber နဲ႕အက်ဳိးတူပူးေပါင္းေဆာင္ရြက္ဖုိ႕ကုိစိတ္အားထက္သန္ေနၾကပါတယ္။ ကားပ်ံေတြထုတ္လုပ္ဖုိ႕ဆုိတာ Uber ရဲ႕အၾကံေတာ႕မဟုတ္ပါဘူး။ ဘုိးအင္း၊ အဲဘတ္စ္၊ ေလာ႕ခ္ဟိဒ္မာတင္ နဲ႕ ေအရုိဒုိင္းနမစ္ တုိ႕လုိေလယာဥ္ထုတ္လုပ္ေရးကုမၸဏီၾကီးေတြကလည္း ကားပ်ံေတြထုတ္လုပ္မယ္႕ပေရာဂ်က္အတြက္ အျပဳိင္အဆုိင္ၾကဳိးပမ္းေနၾကတာပါ။
ေလာေလာဆယ္ေတာ႕ Uber ကသူ႕ရဲ႕ ကားပ်ံကုိ ဟယ္လီေကာ္ပတာတစ္စီးအျဖစ္ေဖာ္ျပထားပါတယ္။ ကားပ်ံေတြအေနနဲ႕ လမ္းေပၚမွာထက္စာရင္ပုိျပီး လုံျခဳံမွဳရွိတဲ႕အျပင္၊ အခ်ိန္ကုန္သက္သာေစျပီး၊ အင္ဂ်င္သံဆူညံမွဳႏွဳန္းကုိလည္းေလွ်ာ႕ခ်ေပးႏုိင္တယ္။ ေနာက္ျပီး ေကာင္းကင္ေပၚကေန စီးမုိးျပီးၾကည္႔ရတဲ႕ ၃၆၀ ဒီဂရီ ( birdview ) အေပၚစီးျမင္ကြင္းအေတြ႕အၾကဳံကုိလည္း ခရီးသည္ေတြခံစားရမယ္လုိ႕Uber ရဲ႕ investor တစ္ဦးျဖစ္တဲ႕ ဆမ္ေကာရပ္စ္ ကဆုိပါတယ္။

တကၠစီေတြဟာ လွ်ပ္စစ္နဲ႕ေမာင္းႏွင္မွာျဖစ္လုိ႕ သဘာ၀ပတ္၀န္းက်င္နဲ႕ေလထုညစ္ညမ္းမွဳကုိသက္သာေစတယ္လုိ႕လည္း ေကာရပ္စ္က ထပ္ေလာင္းေျပာဆုိခဲ႕ပါတယ္။ တကၠစီစီးနင္းမယ္႕ ခရီးသည္ေတြဟာ မစီးနင္းခင္ တစ္နာရီအလုိကတည္းက Uber ရဲ႕ Flying Taxi Service အထူး၀န္ေဆာင္မွဳ အပလီေကးရွင္းကုိသုံးျပီး အြန္လုိင္းကေနဘြတ္ကင္တင္ႏုိင္တယ္။ ေနာက္ျပီး Landing Pad ( ယာဥ္ရပ္နားရမယ္႕ကြင္း ) ကုိလည္း Skyscraper ( မုိးေမွ်ာ္တုိက္ ) ေတြရဲ႕ေခါင္မုိးေပၚမွာထားရွိမွာျဖစ္တဲ႕အတြက္ ယာဥ္ရပ္နားစရာေနရာ နဲ႕ ေနရာဌားရမ္းခအတြက္သီးသန္႕မကုန္က်ေတာ႕ဘူးလုိ႕ဆုိပါတယ္။

ေမာင္းႏွင္မယ္႕သူေတြအေနနဲ႕ အေတြ႕အၾကဳံရွိပုိင္းေလာ႕ေတြကုိခန္႕အပ္ထားမွာျဖစ္ျပီး တကၠစီတစ္စီးမွာေတာ႕ လူေလးေယာက္အထိ ပါ၀င္စီးနင္းႏုိင္မွာပါ။ ၾကာျမင္႕ခ်ိန္အေသးစိတ္အေနနဲ႕ မန္းဟတ္တန္ျမဳိ႕လယ္ကေန JFK ( ဂ်ြန္အက္ဖ္ကေနဒီ ေလဆိပ္ ) အထိကုိ ရွစ္မိနစ္ခန္႕သာၾကာျမင္႕မွာျဖစ္ျပီး ေစ်းႏွဳန္းကေတာ႕ အနည္းဆုံး ၇၄ ေဒၚလာေလာက္က်သင္႕မယ္လုိ႕သိရပါတယ္။ Business person ေတြအေနနဲ႕ေတာ႕ တြက္ေျခကုိက္မယ္႕ခရီးျဖစ္ျပီး သာမန္ဟယ္လီေကာ္ပတာတစ္စီးကုိ ဌားရမ္းမယ္ဆုိရင္ အနည္းဆုံး ၁၉၅ ေဒၚလာေလာက္က်သင္႕မွာျဖစ္တယ္လုိ႕သိရပါတယ္။

ေလာေလာဆယ္ေတာ႕ စီမံကိန္းကုိ Uber ကအတည္ျပဳထားျပီး ပ်ံသန္းမွဳေတြကုိေတာ႕ ၂၀၂၀ မွာစတင္ႏုိင္မယ္လုိ႕ခန္႕မွန္းထားပါတယ္။

Gabriel
Ref : PYMNTS.com

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။