လူမည်းအမျိုးသားကို အိမ်သာပေးသုံးဖို့ငြင်းပယ်ခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည့် Starbuck အနေဖြင့် ဝန်ဆောင်မှုပေါ်လစီ ကိုပြောင်းလဲကျင့်သုံး

( Zawgyi ဖြင့်ဖတ်ရန် )

နာမည်ကြီး Starbucks ကော်ဖီရဲ့ ဥက္ကဌဖြစ်သူ ဟောင်းဝဒ် ရှလော့စ် ဟာ ပိုမိုနွေးထွေးတဲ့ စားသုံးသူဆိုင်ရာ မူဝါဒတွေကိုချမှတ်တော့မှာဖြစ်တယ်လို့ နှစ်ပတ်လည်ရှယ်ယာလုပ်ငန်းရှင်များအစည်းအဝေးမှာ ကတိပြုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက Starbucks ကော်ဖီဆိုင်အတွင်းမှာ အမေရိကန် အာဖရိကန်လူမည်းအမျိုးသားနှစ်ဦးအဖမ်းခံ ခဲ့ရပြီးနောက်ပိုင်း စားသုံးသူတွေဘက်က Starbucks ကို လူမျိုးရေးခွဲခြားမှုတွေရှိနေတယ်လို့ ဝေဖန်သံတွေထွက်ပေါ်ခဲ့တာပါ။ လူမည်းအမျိုးသားတစ်ယောက်ဟာ Starbucks ကော်ဖီဆိုင်ထဲဝင်ပြီး ရေအိမ်သုံးလို့ရမရမေးမြန်းတဲ့အခါ ဆိုင်မန်နေဂျာဖြစ်သူကမရကြောင်းပြောဆိုခဲ့ပြီး လူမည်းအမျိုးသားက ပါလာတဲ့အဖော်ကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ မန်နေဂျာကရဲကိုခေါ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်မန်နေဂျာရဲ့အပြောအရတော့ အမျိုးသားဟာ ဘာတစ်ခုမှမှာယူခြင်းမရှိပဲ ရေအိမ်သုံးချင်တဲ့အကြောင်းကိုသာတွင်တွင်ပြောဆိုနေခဲ့ပြီး ဆိုင်ကနေထွက်သွားဖို့ငြင်းဆန်ခဲ့တာကြောင့် ရဲကိုခေါ်လိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း လူမည်းအမျိုးသားတစ်ယောက်ကို Starbucks ကော်ဖီဆိုင်ရဲ့ public area နေရာမှာ အိပ်စက်မှု နဲ့တခြားအကြောင်းတွေကြောင့် ရဲကဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါအဖြစ်အပျက်တွေကြောင့် ဟောင်းဝဒ်က ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး Starbucks ရဲ့ဝန်ထမ်းတွေကို အသားအရောင်မခွဲခြားရေး သင်တန်းတစ်ခုပေးမယ်လို့ဆိုပါတယ်။ အဲဒီသင်တန်းဟာ Starbucks ကို အမေရိကန် နဲ့ တခြားလူမျိုးတွေမြင်နေကြတဲ့အမြင်တစ်ခုကိုလုံးဝပြောင်းလဲပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။

ကျွန်တော်တို့ Starbucks ဟာ တကယ်တမ်းတော့ အများပြည်သူအသုံးပြုနိုင်တဲ့ အိမ်သာတစ်လုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့် စားသုံးသူတွေလိုအပ်ချက်မှန်သမျှကို ၁၀၀ ရာခိုင်နှုန်းဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်ကနေအစွမ်းကုန်ကြိုးစားနေမှာဖြစ်ပါတယ်။ အိမ်သာအသုံးပြုဖို့အတွက်တော့ Starbucks ကနေကော်ဖီတစ်ခွက်ဝယ်သောက်စရာမလိုပါဘူး “ လို့ ဟောင်းဝဒ် ကထပ်လာင်းပြီးပြောဆိုခဲ့ပါတယ်။

Starbucks ဟာ ကမ္ဘာတစ်ဝန်းမှာ ဆိုင်ခန်းပေါင်း ၂၆၀၀၀ လောက်နဲ့လည်ပတ်နေတဲ့ စားသောက်ကုန်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကပဲ Nestle စားသောက်ကုန်လုပ်ငန်းစု ကို ၇.၂ ဘီလျံနဲ့ Starbucks ကော်ဖီရောင်းချခွင့်စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။
အဆိုပါ အသားအရောင်မခွဲခြားရေးသင်တန်းဖွင့်လှစ်မှုကြောင့် လာမယ့် မေလ ၂၉ ရက်နေ့မှာ အမေရိကန်နိုင်ငံတစ်ဝန်းလုံးက Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ လောက်ဟာ ခေတ္တပိတ်ထားဖွယ်ရှိတယ်လို့ သိရပါတယ်။

Gabriel
Ref : Syracuse.com

( Unicode ျဖင္႕ဖတ္ရန္ )

လူမည္းအမ်ဳိးသားကုိ အိမ္သာေပးသုံးဖုိ႕ျငင္းပယ္ခဲ႕မွဳေၾကာင္႕ ေ၀ဖန္ခံခဲ႕ရသည္႔ Starbuck အေနျဖင္႕ ၀န္ေဆာင္မွဳေပၚလစီ ကုိေျပာင္းလဲက်င္႕သုံး

နာမည္ၾကီး Starbucks ေကာ္ဖီရဲ႕ ဥကၠဌျဖစ္သူ ေဟာင္း၀ဒ္ ရွေလာ႕စ္ ဟာ ပုိမုိေႏြးေထြးတဲ႕ စားသုံးသူဆုိင္ရာ မူ၀ါဒေတြကုိခ်မွတ္ေတာ႕မွာျဖစ္တယ္လုိ႕ ႏွစ္ပတ္လည္ရွယ္ယာလုပ္ငန္းရွင္မ်ားအစည္းအေ၀းမွာ ကတိျပဳေျပာၾကားခဲ႕ပါတယ္။ ျပီးခဲ႕တဲ႕ ရက္ေတြက Starbucks ေကာ္ဖီဆုိင္အတြင္းမွာ အေမရိကန္ အာဖရိကန္လူမည္းအမ်ဳိးသားႏွစ္ဦးအဖမ္းခံ ခဲ႕ရျပီးေနာက္ပုိင္း စားသုံးသူေတြဘက္က Starbucks ကုိ လူမ်ဳိးေရးခြဲျခားမွဳေတြရွိေနတယ္လုိ႕ ေ၀ဖန္သံေတြထြက္ေပၚခဲ႕တာပါ။ လူမည္းအမ်ဳိးသားတစ္ေယာက္ဟာ Starbucks ေကာ္ဖီဆုိင္ထဲ၀င္ျပီး ေရအိမ္သုံးလုိ႕ရမရေမးျမန္းတဲ႕အခါ ဆုိင္မန္ေနဂ်ာျဖစ္သူကမရေၾကာင္းေျပာဆုိခဲ႕ျပီး လူမည္းအမ်ဳိးသားက ပါလာတဲ႕အေဖာ္ကုိေစာင္႕ဆုိင္းေနတဲ႕အခ်ိန္မွာ မန္ေနဂ်ာကရဲကုိေခၚခဲ႕တာျဖစ္ပါတယ္။ ဆုိင္မန္ေနဂ်ာရဲ႕အေျပာအရေတာ႕ အမ်ဳိးသားဟာ ဘာတစ္ခုမွမွာယူျခင္းမရွိပဲ ေရအိမ္သုံးခ်င္တဲ႕အေၾကာင္းကုိသာတြင္တြင္ေျပာဆုိေနခဲ႕ျပီး ဆုိင္ကေနထြက္သြားဖုိ႕ျငင္းဆန္ခဲ႕တာေၾကာင္႕ ရဲကုိေခၚလုိက္ရတာျဖစ္တယ္လုိ႕ဆုိပါတယ္။

ျပီးခဲ႕တဲ႕အပတ္ကလည္း လူမည္းအမ်ဳိးသားတစ္ေယာက္ကုိ Starbucks ေကာ္ဖီဆုိင္ရဲ႕ public area ေနရာမွာ အိပ္စက္မွဳ နဲ႕တျခားအေၾကာင္းေတြေၾကာင္႕ ရဲကဖမ္းဆီးခဲ႕တဲ႕ျဖစ္ရပ္ျဖစ္ပြားခဲ႕ပါေသးတယ္။ အဆုိပါအျဖစ္အပ်က္ေတြေၾကာင္႕ ေဟာင္း၀ဒ္က ၀မ္းနည္းေၾကာင္းေျပာဆုိခဲ႕ျပီး Starbucks ရဲ႕၀န္ထမ္းေတြကုိ အသားအေရာင္မခြဲျခားေရး သင္တန္းတစ္ခုေပးမယ္လုိ႕ဆုိပါတယ္။ အဲဒီသင္တန္းဟာ Starbucks ကုိ အေမရိကန္ နဲ႕ တျခားလူမ်ဳိးေတြျမင္ေနၾကတဲ႕အျမင္တစ္ခုကုိလုံး၀ေျပာင္းလဲေပးႏုိင္လိမ္႕မယ္လုိ႕ဆုိပါတယ္။

“ က်ြန္ေတာ္တုိ႕ Starbucks ဟာ တကယ္တမ္းေတာ႕ အမ်ားျပည္သူအသုံးျပဳႏုိင္တဲ႕ အိမ္သာတစ္လုံးေတာ႕မဟုတ္ပါဘူး။ ဒါေပမယ္႕ စားသုံးသူေတြလုိအပ္ခ်က္မွန္သမွ်ကုိ ၁၀၀ ရာခုိင္ႏွဳန္းျဖည္႕ဆည္းေပးႏုိင္ဖုိ႕အတြက္ က်ြန္ေတာ္တုိ႕ဘက္ကေနအစြမ္းကုန္ၾကဳိးစားေနမွာျဖစ္ပါတယ္။ အိမ္သာအသုံးျပဳဖုိ႕အတြက္ေတာ႕ Starbucks ကေနေကာ္ဖီတစ္ခြက္၀ယ္ေသာက္စရာမလုိပါဘူး “ လုိ႕ ေဟာင္း၀ဒ္ ကထပ္လာင္းျပီးေျပာဆုိခဲ႕ပါတယ္။

Starbucks ဟာ ကမၻာတစ္၀န္းမွာ ဆုိင္ခန္းေပါင္း ၂၆၀၀၀ ေလာက္နဲ႕လည္ပတ္ေနတဲ႕ စားေသာက္ကုန္လုပ္ငန္းၾကီးတစ္ခုျဖစ္ျပီး ျပီးခဲ႕တဲ႕အပတ္ကပဲ Nestle စားေသာက္ကုန္လုပ္ငန္းစု ကုိ ၇.၂ ဘီလ်ံနဲ႕ Starbucks ေကာ္ဖီေရာင္းခ်ခြင္႕စာခ်ဳပ္ခ်ဳပ္ဆုိခဲ႕ပါေသးတယ္။
အဆုိပါ အသားအေရာင္မခြဲျခားေရးသင္တန္းဖြင္႕လွစ္မွဳေၾကာင္႕ လာမယ္႕ ေမလ ၂၉ ရက္ေန႕မွာ အေမရိကန္ႏုိင္ငံတစ္၀န္းလုံးက Starbucks ေကာ္ဖီဆုိင္ေပါင္း ၈၀၀၀ ေလာက္ဟာ ေခတၱပိတ္ထားဖြယ္ရွိတယ္လုိ႕ သိရပါတယ္။

Gabriel
Ref : Syracuse.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။