ပါရီမြို့လယ်ခေါင်တွင် IS အဖွဲ့ဝင်တစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

( Zawgyi ဖြင့်ဖတ်ရန် )

စနေနေ့ည ၉ နာရီ လောက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့လယ်ခေါင်မှာ အမျိုးသားတစ်ဦးဓားကိုင်ပြီးတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူတစ်ဦးသေဆုံးပြီး လေးယောက်ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အဆိုပါအမျိုးသားဟာ အာရေဗျဘာသာနဲ့ “ ဘုရားသခင်သာအမြတ်ဆုံး “ လို့ကြွေးကြော်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ အစ္စလာမ်မစ်နိုင်ငံတော်ရဲ့ စစ်သည်တော်ကောင်းတစ်ယောက် ဖြစ်တယ်လို့ IS အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
တိုက်ခိုက်မှုကို အကြမ်းဖက်အဖွဲ့နဲ့ဆက်စပ်မှုရှိမရှိ၊ စစ်ဆေးနေဆဲဖြစ်ပြီး အဆိုပါအမျိုးသားဟာအရင်က IS အဖွဲ့နဲ့စပ်ဆက်မှုရှိမရှိ စတဲ့နောက်ကြောင်းတွေကိုလည်း သိရှိအောင်လုပ်ဆောင်နေတယ်လို့ အစိုးရရှေ့နေ ဖရန်ကိုမောလင်း ကဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ Amaq Agency လို့ခေါ်တဲ့ ISIS လက်အောက်ခံအဖွဲ့ရဲ့လက်ချက်ဖြစ်တယ် လို့ ISIS ကဆိုထားပြီး အလားတူတိုက်ခိုက်မှုမျိုးတွေကို တခြားမြို့ကြီးတွေမှာပါလုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဆိုပါအမျိုးသားဟာ ရဲတပ်ဖွဲ့ရဲ့ပစ်ဖတ်ဖမ်းဆီးမှုအတွင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအပြီး ၉ မိနစ်အကြာမှာ ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့တာဖြစ်ပြီး ဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ လေးယောက်အနက် နှစ်ယောက်ကဒဏ်ရာပြင်းထန်ပြီး အခြားနှစ်ယောက်ကတော့ ပြင်ပဒဏ်ရာလောက်သာရရှိခဲ့တာပါ။ လောလောဆယ်မှာတော့ တိုက်ခိုက်မှုရဲ့သားကောင်ဖြစ်ရသူတွေကို ဆေးရုံပို့ဆောင်ပြီးလိုအပ်တာတွေဆောင်ရွက်ပေးသွားမယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ပြင်သစ်နိုင်ငံဟာ နိုင်ငံခြားရေး နဲ့ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို အလေးအနက်ထားတဲ့နိုင်ငံဖြစ်ပြီး ပြည်ပက စစ်ပြေးဒုက္ခသည်တွေနဲ့ ခိုလှုံသူအများအပြားကိုလက်ခံထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း အကြမ်းဖက်မှုနဲ့စပ်ဆက်နေတဲ့ တိုက်ခိုက်မှုအများအပြားပြင်သစ်နိုင်ငံထဲမှာဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအများစုဟာ ပြည်ပကခိုလှုံလာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

Gabriel
Ref : abcNews

( Unicode ျဖင္႕ဖတ္ရန္ )

ပါရီျမဳိ႕လယ္ေခါင္တြင္ IS အဖြဲ႕၀င္တစ္ဦးက ဓားျဖင္႕တုိက္ခုိက္ခဲ႕မွဳေၾကာင္႕ တစ္ဦးေသဆုံးျပီး ေလးဦးဒဏ္ရာရ

စေနေန႕ည ၉ နာရီ ေလာက္က ျပင္သစ္ႏုိင္ငံ၊ ပါရီျမဳိ႕လယ္ေခါင္မွာ အမ်ဳိးသားတစ္ဦးဓားကုိင္ျပီးတုိက္ခုိက္ခဲ႕မွဳေၾကာင္႕ အနည္းဆုံးလူတစ္ဦးေသဆုံးျပီး ေလးေယာက္ဒဏ္ရာရသြားခဲ႕တယ္လုိ႕သိရပါတယ္။ တုိက္ခုိက္မွဳအတြင္း အဆုိပါအမ်ဳိးသားဟာ အာေရဗ်ဘာသာနဲ႕ “ ဘုရားသခင္သာအျမတ္ဆုံး “ လုိ႕ေၾကြးေၾကာ္ျပီးတုိက္ခုိက္ခဲ႕တာျဖစ္ပါတယ္။ အဆုိပါအမ်ဳိးသားဟာ အစၥလာမ္မစ္ႏုိင္ငံေတာ္ရဲ႕ စစ္သည္ေတာ္ေကာင္းတစ္ေယာက္ ျဖစ္တယ္လုိ႕ IS အဖြဲ႕ကထုတ္ျပန္လုိက္ပါတယ္။  တုိက္ခုိက္မွဳကုိ အၾကမ္းဖက္အဖြဲ႕နဲ႕ဆက္စပ္မွဳရွိမရွိ၊ စစ္ေဆးေနဆဲျဖစ္ျပီး အဆုိပါအမ်ဳိးသားဟာအရင္က IS အဖြဲ႕နဲ႕စပ္ဆက္မွဳရွိမရွိ စတဲ႕ေနာက္ေၾကာင္းေတြကုိလည္း သိရွိေအာင္လုပ္ေဆာင္ေနတယ္လုိ႕ အစုိးရေရွ႕ေန ဖရန္ကုိေမာလင္း ကဆုိပါတယ္။

အဆုိပါတုိက္ခုိက္မွဳဟာ Amaq Agency လုိ႕ေခၚတဲ႕ ISIS လက္ေအာက္ခံအဖြဲ႕ရဲ႕လက္ခ်က္ျဖစ္တယ္ လုိ႕ ISIS ကဆုိထားျပီး အလားတူတုိက္ခုိက္မွဳမ်ဳိးေတြကုိ တျခားျမဳိ႕ၾကီးေတြမွာပါလုပ္ေဆာင္သြားမယ္လုိ႔ ျခိမ္းေျခာက္ထားပါတယ္။ အဆုိပါအမ်ဳိးသားဟာ ရဲတပ္ဖြဲ႕ရဲ႕ပစ္ဖတ္ဖမ္းဆီးမွဳအတြင္းမွာ ေသဆုံးသြားခဲ႕တယ္လုိ႕ သိရပါတယ္။ တုိက္ခုိက္မွဳအျပီး ၉ မိနစ္အၾကာမွာ ရဲတပ္ဖြဲ႕ကပစ္ခတ္ခဲ႕တာျဖစ္ျပီး ေဆးရုံကုိပုိ႔ေဆာင္စဥ္ လမ္းမွာေသဆုံးသြားခဲ႕တာျဖစ္ပါတယ္။
ဒဏ္ရာရရွိသူ ေလးေယာက္အနက္ ႏွစ္ေယာက္ကဒဏ္ရာျပင္းထန္ျပီး အျခားႏွစ္ေယာက္ကေတာ႕ ျပင္ပဒဏ္ရာေလာက္သာရရွိခဲ႕တာပါ။ ေလာေလာဆယ္မွာေတာ႕ တုိက္ခုိက္မွဳရဲ႕သားေကာင္ျဖစ္ရသူေတြကုိ ေဆးရုံပုိ႕ေဆာင္ျပီးလုိအပ္တာေတြေဆာင္ရြက္ေပးသြားမယ္လုိ႕ ရဲတပ္ဖြဲ႕ကထုတ္ျပန္ထားပါတယ္။

ျပင္သစ္ႏုိင္ငံဟာ ႏုိင္ငံျခားေရး နဲ႕ အတူယွဥ္တြဲေနထုိင္ေရးမူ၀ါဒကုိ အေလးအနက္ထားတဲ႕ႏုိင္ငံျဖစ္ျပီး ျပည္ပက စစ္ေျပးဒုကၡသည္ေတြနဲ႕ ခုိလွဳံသူအမ်ားအျပားကုိလက္ခံထားတဲ႕ႏုိင္ငံလည္းျဖစ္ပါတယ္။ ျပီးခဲ႕တဲ႕ႏွစ္ေတြကလည္း အၾကမ္းဖက္မွဳနဲ႕စပ္ဆက္ေနတဲ႕ တုိက္ခုိက္မွဳအမ်ားအျပားျပင္သစ္ႏုိင္ငံထဲမွာျဖစ္ပြားခဲ႕ျပီး က်ဴးလြန္သူအမ်ားစုဟာ ျပည္ပကခုိလွဳံလာတဲ႕သူေတြျဖစ္တယ္လုိ႕ သိရပါတယ္။

Gabriel
Ref : abcNews

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။