ကိုရီးယားမလေးတွေရဲ့ အသားအရေကြည်လင်ပြီး လှပနေရတဲ့အဓိကလျှို့ဝှက်ချက်

မိန်းကလေးတော်တော်များများ အားကျနေရတဲ့အသားအရေပိုင်ရှင်တွေကတော့ ကိုရီးယားမလေးတွေပဲဖြစ်ပါတယ်။ ကိုရီးယားမလေးတွေတော်တော်များများကလည်း အသားအရေကောင်းပြီး ရုပ်ရှင်တွေထဲမှာဆိုရင်လည်း ကြည်လင်ပြီးပြောင်တင်းနေတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေကများပါတယ်။ သူတို့ရဲ့ အသားအရေတွေဒီလိုမျိုး လှပနေရတဲ့ အဓိကအကြောင်းအရင်းက ဘာများဖြစ်မလဲ။ လျှို့ဝှက်ချက်လေးတွေကို လေ့လာကြည့်ရအောင်နော်။

ထိန်းသိမ်းမှုကောင်းကောင်းလုပ်တယ်

သူတို့ရဲ့ပိုက်ဆံတော်တော်များများကို မျက်နှာအသားအရေပြုပြင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာတွေတော်တော်များများမှာ အသုံးပြုကြတာများပါတယ်။ ပုံမှန်တစ်လတစ်ကြိမ်ထိန်းသိမ်းမှုတွေ ပြုလုပ်တာကြောင့် အသားရေတွေကလည်း ကျန်းမာပြီးလှပနေတော့တာပေါ့။

Face Mask အသုံးပြုကြတယ်

တစ်ပတ်ကိုနှစ်ကြိမ်လောက်တော့ ညအိပ်ရာဝင်ခါနီးတိုင်းမှာ Face Mask လေးတွေကိုကပ်ပြီး အသားအရေထိန်းသိမ်းမှုတွေကို ပြုလုပ်တတ်ကြပါတယ်။ Face Mask ကိုပုံမှန်ကပ်ပေးနေတော့ အသားအရေကအစိုဓာတ်လေးရှိနေပြီး စိုစိုပြေပြေနဲ့တင်းတင်းရင်းရင်းလေးဖြစ်နေတာပေါ့။

မိတ်ကပ်အများကြီးမသုံးဘူး

ကိုရီးယားမလေးတွေတော်တော်များများက မိတ်ကပ်အရမ်းပြင်ဆင်ထာမျိုးတွေ မလုပ်ကြပါဘူး။ မိတ်ကပ်လိမ်းတာက လှတယ်ဆိုပေမယ့်လည်း အများကြီးလိမ်းရင်းနဲ့ အသားအရေပျက်စီးတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကတော့ မိတ်ကပ်ကိုလိမ်းထားမှန်း မသိသာအောင်ကိုလိမ်းကြတာပါ။

နေရောင်အထိမခံဘူး

တတ်နိုင်သလောက် နေရောင်ထိတွေ့ခြင်းကနေ ရှောင်ကြတာများတယ်။ နေရောင်ထဲကိုသွားမယ်ဆိုရင်လည်း နေလောင်ခံလိမ်းဆေးတွေကို လိမ်းပြီးသွားတာမျိုးက အသားအရေကိုပျက်စီးတာကနေ ကာကွယ်ပေးနိုင်တာကြောင့် နေ့စဉ်မိတ်ကပ်ပြင်ဆင်မှုထဲမှာ နေလောင်ခံလိမ်းဆေးကလည်း ပါဝင်နေတာပေါ့။

ရေများများသောက်တယ်

ရေဓာတ်များများပြည့်ဝနေဖို့ ဦးစားပေးပြီး ရေများများသောက်ပေးတာတွေကြောင့်လည်း သူတို့အသားအရေလေးတွေက လှပနေတာပေါ့။ ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေမှလည်း အသားအရေကိုလှပပြီး ကြည်လင်လာစေမှာဆိုတော့ ရေများများသောက်လေ အသားအရေအတွက်ကောင်းလေပဲပေါ့။

အသီးအနှံများများစားတယ်

အသီးအနှံများများစားပေးတာက အသားအရေအတွက် ကောင်းကျိုးတွေအများကြီးရှိတာကြောင့် အသီးနှံတွေကို နေ့တိုင်းပုံမှန်စားပေးဖု့ိလိုပါတယ်။

ဒီအချက်တွေကတော့ ကိုရီးယားမလေးတွေတော်တော်များများ လိုက်နာကျင့်သုံးနေကြတဲ့ အသားအရေနဲ့ပတ်သက်တဲ့ နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်လိုက်လုပ်ကြည့်ဖို့လည်း လွယ်ကူသလို၊ အကျိုးကျေးဇူးထိရောက်မှုကလည်း သိသာလွန်းတာကြောင့် ပျိုမေတို့လည်းလိုက်လုပ်ကြည့်လို့ရတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။