ကိုရီးယားမလေးတွေရဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၁၀) ဆင့်
ကိုရီးယားမလေးတွေရဲ့ အသားအရေဟာ ဘယ်လောက်တောင်လှလဲဆိုတာကိုတော့ ပြောနေစရာတောင်မလိုတော့ပါဘူးနော်။ ဒီလိုအသားအရလှပရခြင်းက လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေလို အသားအရေလှချင်သူတွေအတွက် သူတို့ရဲ့လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
1. Oil Cleanser
တော်တော်များများက မိတ်ကပ်ဖျက်တော့မယ်ဆိုရင် မျက်နှာသစ်ဆေးပဲ တန်းသုံးကြတာများပါတယ်။ ဒါပေမယ့် ကိုရီးယားမလေးတွေကျတော့ မိတ်ကပ်ဖျက်တော့မယ်ဆိုတာနဲ့ မျက်နှာမသစ်ခင်မှာ Oil Cleanser ကို သုံးပေးပါတယ်။
2. Water based cleanser
Oil Cleanser ကို သုံးပြီးတာနဲ့ သူတို့ဟာ ရေဓာတ်ပါဝင်တဲ့ မျက်နှာသစ်ဆေး Water based cleanser ကို သုံးပေးကြပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း လက်နဲ့အသာလေးပွတ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက်ကို အချိန်ယူသစ်ကြပါတယ်။
3. Exfoliator
သူတို့က မျက်နှာအသားအရေကို အရမ်းဂရုစိုက်ကြတဲ့သူတွေ ဖြစ်တဲ့အတွက် Exfoliator ကိုလည်း သုံးပေးပါတယ်။ သူက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မျက်နှာလေးကို Healthy glow ဖြစ်စေပါတယ်။
4. Toner
အရေးအကြီးဆုံးအချက်လာပါပြီ။ ဒါကတော့ Toner ပါ။ မျက်နှာသစ်ပြီးသွားရင် မျက်နှာက pH levels မညီတော့ပါဘူး။ ဒါကို Toner က pH levels ညီအောင် ပြန်လုပ်ပေးပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေရဲ့ မရှိမဖြစ်တစ်ခုက Toner ပါပဲ။
5. Essence
ကိုရီးယားမလေးတွေရဲ့ အကြီးမားဆုံးလက်ဆွဲကတော့ Essence ပါပဲ။ သူကအသားအရေကို ပြန်လည်ကောင်းမွန်လာအောင်လုပ်ပေးလို့ Toner လိမ်းပြီးတိုင်းမှာ Essence ကို လိမ်းပေးရပါတယ်။
6. Treatments
ဝက်ခြံ၊ အစက်အပျောက်ရှိတဲ့သူတွေနဲ့ T zone မှာ အဆီပြန်တတ်တဲ့သူတွေအနေနဲ့ Treatments ကို လိုအပ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတာကို ရွေးလုပ်လို့ရပါတယ်။
7. Sheet Masks
ကိုရီးယားမလေးတွေရဲ့ အသားအရေလှတဲ့လျှို့ဝှက်ချက်ကတော့ Sheet Masks ပါပဲ။ ကိုရီးယားကားတွေကြည့်ရင်လည်း မြင်ဖူးကြမှာပေါ့။ သူတို့ဟာ Sheet Masks ကို အမြဲကပ်ပေးကြပါတယ်။
8. Eye Cream
မျက်လုံးနားကအရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုတာတွေအတွက် Eye Cream ကိုလည်း ပုံမှန်လိမ်းပေးကြပါတယ်။ သူတို့က မျက်နှာမှာ အရေးအကြောင်းလေးတစ်ခု ရှိမှာကိုတောင် စိုးရိမ်နေကြတာပါ။
9. Moisturizer
Moisturizer ကတော့ မရှိမဖြစ်ပါပဲနော်။ သူ့မှာတော့ Lotions, gels, creams, balms, emulsions ဆိုပြီး အမျိုးမျိုးရှိတာဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်သုံးစွဲပါ။
10. Sun Protection
ကိုရီးယားမလေးတွေဟာ ဘယ်ကိုပဲသွားသွား တစ်ချိန်လုံး Sunscreen လိမ်းပေးကြပါတယ်။ အိမ်မှာနေရင်တောင် Sunscreen လိမ်းကြပါတယ်။ ဒါကတော့ အရမ်းအရေးကြီးပါတယ်။
Hamny
1. Oil Cleanser
2. Water based cleanser
3. Exfoliator
4. Toner
5. Essence
6. Treatments
7. Sheet Masks
8. Eye Cream
9. Moisturizer
10. Sun Protection
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။