ခေတ်စားနေတဲ့မျက်တောင်ဆက်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လက်များ

စွဲမက်စရာကောင်းတဲ့ မျက်လုံးလေးတစ်စုံကို ပိုင်ဆိုင်ရဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေထဲမှာတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ အခုနောက်ပိုင်းမှာလည်း မျက်တောင်ဆက်တာတွေက မိန်းကလေးတွေကြားမှာ ခေတ်စားလို့နေပါတယ်။ မျက်တောင်ဆက်တာနဲ့ပတ်သက်ပြီး စိတ်ဝင်စားပြီး သေချာမသိသေးတဲ့ပျိုမေတို့အတွက် ပြောပြပေးချင်တာလေးတွေရှိပါတယ်။

မျက်တောက်ဆက်တယ်ဆိုတာဘာလဲ?

မျက်တောင်ဆက်တယ်ဆိုတာ တကယ်တော့  ပျိုမေတို့မှာရှိပြီသားဖြစ်တဲ့မျက်တောင်လေးတွေရဲ့ ကြားထဲမှာမျက်တောင်တုလေးတွေကို သေချာအနုစိတ်လိုက်ဆက်ပေးတာမျိုးပဲဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ပုံစံ၊ ကြိုက်တဲ့အရှည်အတိုင်းဆက်လို့ရပြီး မျက်လုံးလေးကို မျက်တောင်ကော့ကော့ရှည်ရှည်လေးတွေနဲ့ ဆွဲဆောင်မှုရှိအောင် ဖန်တီးထားတာပဲဖြစ်ပါတယ်နော်။

ပုံစံအမျိုးမျိုးရှိပါတယ်

မျက်တောင်ပုံစံလေးတွေက အမျိုးမျိုးရှိပါတယ်။ ကိုယ်မျက်လုံးပုံစံနဲ့လိုက်ဖက်မှုရှိစေမယ့် မျက်တောင်ပုံစံမျိုးကို ဆက်ပေးမယ့်သူနဲ့သေချာတိုင်ပင်ပြီးလုပ်မယ်ဆိုရင်ပိုပြီးတော့ အဆင်ပြေပါတယ်။ မင်းသမီးတွေ၊ မော်ဒယ်တွေမဟုတ်ပဲ ကိုယ်ကဒီတိုင်းတပ်ကြည့်ချင်တာကြောင့်ဆိုရင်တော့ ချစ်စရာကောင်းပြီးပေါ့ပေါ့ပါးပါးဖြစ်စေမယ့် Natural Look မျိုးလေးကိုဆက်တာက ပိုပြီးတော့အဆင်ပြေစေပါတယ်နော်။ 

ဘယ်လိုတွေစောင့်ရှောက်ရမလဲ

မျက်တောင်လေးတွေက ဆက်ပြီးသွားပြီဆိုရင်လည်း သေချာဂရုစိုက်ထိန်းသိမ်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ မျက်တောက်ဆက်ပြီးသွားတဲ့အချိန်မှာလည်း ဆက်ပေးတဲ့သူကပြောပြတဲ့ လိုက်နာရမယ့်အချက်တွေကို သေချာမှတ်ထားပြီးလိုက်နာဖို့လိုပါတယ်။ မျက်နှာသစ်တဲ့အခါမှာ သေချာဂရုစိုက်ပြီးသစ်ပေးရမယ်။ မိတ်ကပ်ဖျက်ဆေးသုံးတာတွေကလည်း Oil Based ဖြစ်တာမျိုးတွေကို ရှောင်သင့်ပါတယ်နော်။ 

ဘယ်လောက်ကုန်ကျမလဲ

ဈေးတွေကတော့တစ်နေရာနဲ့တစ်နေရာ ဈေးနှုန်းကွာခြားမှုတွေရှိနိုင်ပါတယ်။ ၂၅၀၀၀ လောက်ကနေ ၃၅၀၀၀ လောက်ထိအစားစားရှိပါတယ်။

ဘယ်လိုရွေးချယ်ရမလဲ

မျက်တောင်ဆက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ဘယ်မှာဆက်ရမလဲဆိုတာကို စဉ်းစားရမှာပဲဖြစ်ပါတယ်။ လက်ရာကောင်းမွန်ပြီး လူကြိုက်များတဲ့ဆီမှာ ဆက်တာကအကောင်းဆုံးပါ။ ဒါကြောင့် မျက်တောင်ဆက်တော့မယ်ဆိုရင် လက်ရာကောင်းပြီး လူတော်တော်များများသွားဆက်ဖူးတဲ့ဆီကိုပဲ သွားသင့်ပါတယ်နော်။

ဆက်ပြီးသွားရင်ဘာတွေဖြစ်လာမလဲ

ဆက်ပြီးသွားတဲ့အချိန်မှာတော့ သင့်မျက်နှာပုံစံကအရင်ကနဲ့ မတူတော့ပဲ တော်တော်လေးကို ဆွဲဆောင်မှုရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ မျက်တောင်ရှည်ရှည်လေးတွေနဲ့ဆိုတော့ မျက်လုံးကမလှပဲမနေတော့ဘူးလေ။ နောက်တစ်ချက်ကတော့ တစ်ခါဆက်ဖူးပြီးသွားရင် အမြဲတမ်းဆက်ချင်နေတော့မှာပါ။ လုပ်ဖူးတယ်ရှိအောင်ဆိုပြီး လုပ်လိုက်ပေမယ့်လည်း မျက်တောင်လေးတွေကို ပြန်ဖြုတ်လိုက်တဲ့အချိန်တွေမှာတော့ အရင်မျက်လုံးပုံစံပြန်ဖြစ်သွားတာကြောင့် ခဏခဏဆက်ချင်နေပါလိမ့်မယ်နော်။ 

ဒါတွေကတော့ မျက်တောင်ဆက်ချင်တဲ့ပျိုမေတို့အနေနဲ့ မဆက်ခင်မှာသိထားရမယ့် မျက်တောင်ဆက်တဲ့အကြောင်းလေးတွေပဲဖြစ်ပါတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။