စိတ်ညစ်နေတာတွေနဲ့ စိုးရိမ်ပူပန်နေတာတွေပျောက်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်း (၅) ခု

ယောင်္ကျားလေးထက်စာရင် မိန်းကလေးတွေက ပိုပြီးစိုးရိမ်တတ်ကြပါတယ်။ တစ်ခုခုဆို အရမ်းတွေးပြီးစိတ်ညစ်နေတာမျိုးတွေ၊ စိုးရိမ်ပူပန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ပထမဆုံးကိုယ်ပဲအရင်စိတ်ပင်ပန်းပါတယ်။ ဒါကြောင့် စိတ်ညစ်နေတာတွေ၊ စိုရိမ်ပူပန်နေတာတွေပျောက်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမတစ်ချက်အနေနဲ့ အဆိုးမြင်နေတဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။ ဘာကိုပဲတွေးတွေး အဆိုးဘက်ကတွေးနေမယ်ဆိုရင်တော့ ကိုယ်ပဲစိတ်ညစ်ရပါတယ်။ တစ်ခုခုဖြစ်လာပြီဆိုရင် အကောင်းဘက်ကနေပဲ အရင်တွေးပါ၊ အကောင်းပဲမြင်ပါ။ ဒါဆိုရင်တော့ စိုးရိမ်ပူပန်ရတာတွေ၊ ကြောက်လန့်ရတာတွေက သက်သာသွားပါလိမ့်မယ်။

တစ်ခုခုဆိုရင် ကြိုမတွေးပါနဲ့။ တော်တော်များများက ဖြစ်မလာသေးတာကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေကြတယ်။ စိတ်ညစ်နေကြတယ်။ ဒါတွေက မကောင်းတဲ့လုပ်ရပ်တွေပါ။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် မဖြစ်လာသေးတာတွေကို ကြိုမတွေးပါနဲ့။ ပျော်ပျော်ပဲနေပါ။ အမှန်တကယ်ဖြစ်လာမှသာ ရဲရဲကြီးရင်ဆိုင်လိုက်ပါ။ ဒါဆိုရင်တော့ စိတ်ညစ်နေစရာလည်း မလိုတော့ပါဘူး။

စိတ်ညစ်နေတာတွေနဲ့ စိုးရိမ်ပူပန်စိတ်တွေပျောက်အောင် တရားထိုင်ပါ။ ယောဂကျင့်ပါ။ တရားထိုင်တာနဲ့ ယောဂကျင့်တာဟာ စိတ်ကိုအရမ်းလန်းဆန်းပြီး တည်ငြိမ်စေပါတယ်။ စိတ်သစ်လူသစ်နဲ့ ပေါ့ပါးလန်းဆန်းမှုကိုရရှိစေပါတယ်။ ဒီတော့ စိတ်ညစ်နေတာတွေလည်းပျောက်ပြီး စိုးရိမ်ပူပန်စိတ်တွေလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် စာဖတ်တာလည်း စိတ်ကိုတည်ငြိမ်စေပါတယ်။

စိတ်ညစ်နေတာတွေနဲ့ စိုးရိမ်ပူပန်နေတာတွေလျော့အောင် အားကစားများများလုပ်ပါ။ ပုံမှန်ထက်ပိုပြီး အားကစားလုပ်ပေးပါ။ အားကစားလုပ်တာက ညစ်နေတဲ့စိတ်တွေကိုလန်းဆန်းစေပြီး ပူပန်ကြောင့်ကျမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ယောင်္ကျားလေးတွေဆိုရင် ဒိုက်ထိုးတာနဲ့ ရေကူးတာတွေလည်း လုပ်ပေးလို့ရပါတယ်။

ကိုယ်စားချင်တဲ့အစားအစာတွေ များများစားပြီး ရုပ်ရှင်ကြည့်တာမျိုးက အရမ်းစိတ်ပျော်ရွှင်ရပါတယ်။ မုန့်စားပြီး သရဲကားကြည့်တာမျိုး၊ ဟာသကားကြည့်တာမျိုးတွေလုပ်ပေးမယ်ဆိုရင်တော့ စိတ်ညစ်နေတာတွေကိုလည်း မေ့နေပြီး စိုးရိမ်ပူပန်စိတ်တွေလည်း ပျောက်စေပါတယ်။ နောက်တစ်ခုကတော့ အိပ်စက်တာပါ။ အခန်းကိုအမှောင်ချပြီး အဲကွန်းကိုအအေးဆုံးဖြစ်အောင်ထားကာ စောင်ခြုံပြီးအိပ်ကြည့်ပါ။ အရမ်းစိတ်ကျေနပ်ပျော်ရွှင်ရပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်ပျော်လို့ စိတ်ညစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေလည်း ပျောက်သွားစေပါတယ်။

Hamny

ေယာကၤ်ားေလးထက္စာရင္ မိန္းကေလးေတြက ပိုၿပီးစိုးရိမ္တတ္ၾကပါတယ္။ တစ္ခုခုဆို အရမ္းေတြးၿပီးစိတ္ညစ္ေနတာမ်ိဳးေတြ၊ စိုးရိမ္ပူပန္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္လာခဲ့ရင္ ပထမဆံုးကိုယ္ပဲအရင္စိတ္ပင္ပန္းပါတယ္။ ဒါေၾကာင့္ စိတ္ညစ္ေနတာေတြ၊ စိုရိမ္ပူပန္ေနတာေတြေပ်ာက္ေအာင္ ျပဳလုပ္ႏိုင္မယ့္နည္းလမ္းေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။
ပထမတစ္ခ်က္အေနနဲ႔ အဆိုးျမင္ေနတဲ့စိတ္ကို ေဖ်ာက္ပစ္ရပါမယ္။ ဘာကိုပဲေတြးေတြး အဆိုးဘက္ကေတြးေနမယ္ဆိုရင္ေတာ့ ကိုယ္ပဲစိတ္ညစ္ရပါတယ္။ တစ္ခုခုျဖစ္လာၿပီဆိုရင္ အေကာင္းဘက္ကေနပဲ အရင္ေတြးပါ၊ အေကာင္းပဲျမင္ပါ။ ဒါဆိုရင္ေတာ့ စိုးရိမ္ပူပန္ရတာေတြ၊ ေၾကာက္လန္႔ရတာေတြက သက္သာသြားပါလိမ့္မယ္။
တစ္ခုခုဆိုရင္ ႀကိဳမေတြးပါနဲ႔။ ေတာ္ေတာ္မ်ားမ်ားက ျဖစ္မလာေသးတာကို ႀကိဳေတြြးၿပီး စိုးရိမ္ပူပန္ေနၾကတယ္။ စိတ္ညစ္ေနၾကတယ္။ ဒါေတြက မေကာင္းတဲ့လုပ္ရပ္ေတြပါ။ ဒါေၾကာင့္ ဘယ္လိုကိစၥမ်ိဳးကိုပဲျဖစ္ျဖစ္ မျဖစ္လာေသးတာေတြကို ႀကိဳမေတြးပါနဲ႔။ ေပ်ာ္ေပ်ာ္ပဲေနပါ။ အမွန္တကယ္ျဖစ္လာမွသာ ရဲရဲႀကီးရင္ဆိုင္လိုက္ပါ။ ဒါဆိုရင္ေတာ့ စိတ္ညစ္ေနစရာလည္း မလိုေတာ့ပါဘူး။
စိတ္ညစ္ေနတာေတြနဲ႔ စိုးရိမ္ပူပန္စိတ္ေတြေပ်ာက္ေအာင္ တရားထိုင္ပါ။ ေယာဂက်င့္ပါ။ တရားထိုင္တာနဲ႔ ေယာဂက်င့္တာဟာ စိတ္ကိုအရမ္းလန္းဆန္းၿပီး တည္ၿငိမ္ေစပါတယ္။ စိတ္သစ္လူသစ္နဲ႔ ေပါ့ပါးလန္းဆန္းမႈကိုရရွိေစပါတယ္။ ဒီေတာ့ စိတ္ညစ္ေနတာေတြလည္းေပ်ာက္ၿပီး စိုးရိမ္ပူပန္စိတ္ေတြလည္း ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ စာဖတ္တာလည္း စိတ္ကိုတည္ၿငိမ္ေစပါတယ္။
စိတ္ညစ္ေနတာေတြနဲ႔ စိုးရိမ္ပူပန္ေနတာေတြေလ်ာ့ေအာင္ အားကစားမ်ားမ်ားလုပ္ပါ။ ပံုမွန္ထက္ပိုၿပီး အားကစားလုပ္ေပးပါ။ အားကစားလုပ္တာက ညစ္ေနတဲ့စိတ္ေတြကိုလန္းဆန္းေစၿပီး ပူပန္ေၾကာင့္က်မႈေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ေယာကၤ်ားေလးေတြဆိုရင္ ဒိုက္ထိုးတာနဲ႔ ေရကူးတာေတြလည္း လုပ္ေပးလို႔ရပါတယ္။
ကိုယ္စားခ်င္တဲ့အစားအစာေတြ မ်ားမ်ားစားၿပီး ရုပ္ရွင္ၾကည့္တာမ်ိဳးက အရမ္းစိတ္ေပ်ာ္ရႊင္ရပါတယ္။ မုန္႔စားၿပီး သရဲကားၾကည့္တာမ်ိဳး၊ ဟာသကားၾကည့္တာမ်ိဳးေတြလုပ္ေပးမယ္ဆိုရင္ေတာ့ စိတ္ညစ္ေနတာေတြကိုလည္း ေမ့ေနၿပီး စိုးရိမ္ပူပန္စိတ္ေတြလည္း ေပ်ာက္ေစပါတယ္။ ေနာက္တစ္ခုကေတာ့ အိပ္စက္တာပါ။ အခန္းကိုအေမွာင္ခ်ၿပီး အဲကြန္းကိုအေအးဆံုးျဖစ္ေအာင္ထားကာ ေစာင္ၿခံဳၿပီးအိပ္ၾကည့္ပါ။ အရမ္းစိတ္ေက်နပ္ေပ်ာ္ရႊင္ရပါလိမ့္မယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔အိပ္ေပ်ာ္လို႔ စိတ္ညစ္တာေတြ၊ စိုးရိမ္ပူပန္တာေတြလည္း ေပ်ာက္သြားေစပါတယ္။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။