ထားခဲ့ခံရပေမယ့်လည်း အချိန်နှစ်ပတ်အတွင်းမှာ အရင်လိုပြန်ဖြစ်စေမယ့်နည်းလမ်း

အသည်းကွဲတယ်ဆိုတာ လူတိုင်းခံစားဖူးတဲ့ ခံစားချက်မျိုးပါ။ ယောက်ျားလေးတွေပဲ ထားခဲ့ခံရပြီး အသည်းကွဲတာမျိုးမဟုတ်ပဲ မိန်းကလေးတွေလည်း ထားခဲ့ခံရတဲ့အချိန်မှာ အရမ်းကိုနာကျင်ခံစားရတတ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကိုယ်ကထားခဲ့ခံလိုက်ရတဲ့အချိန်မှာ အဲဒီလူဆီကိုပဲစိတ်ရောက်ပြီး ပိုဝမ်းနည်းနေတတ်တာပါ။ ကိုယ့်ကိုမချစ်တော့တဲ့သူအတွက် ခံစားနေစရာမလိုပဲ ကိုယ့်ကိုယ်ကိုပဲချစ်တတ်အောင်နေထိုင်ဖို့က အရေးကြီးတာပါ။ ဒါကြောင့် အသည်းကွဲသွားလည်း အချိန်နှစ်ပတ်အတွင်း အရင်လိုပြန်ဖြစ်စေမယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ကောင်းတဲ့အတွေးနဲ့တွေးကြည့်ပါ

လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူထားခဲ့ရင် ဝမ်းနည်းတတ်ကြတာပဲလေ။ ဒါပေမယ့် ကိုယ့်ကိုမချစ်တော့လို့ထားခဲ့ပြီဆိုမှတော့ ဒါကိုပဲတွေးနေပြီး ဝမ်းနည်းနေလို့တော့မရဘူးပေါ့။ ကောင်းတဲ့ဘက်ကနေပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်အပေါ်မကောင်းနိုင်တော့လို့ ထွက်သွားတဲ့သူအတွက် ဘာမှခံစားမနေပဲ ကိုယ့်အတွက်ကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့လာအုန်းမှာဆိုတဲ့ စိတ်မျိုးထားထားမယ်ဆိုရင် အဆင်ပြေစေမှာပါ။

ကိုယ့်ကိုယ်ကိုချစ်တတ်အောင်နေပါ

သူများကိုချစ်ရတဲ့အချစ်မျိုးက အရမ်းကိုပူလောင်လွန်းပါတယ်။ ကိုယ့်ကိုယ်ကိုသာချစ်တတ်မယ်ဆိုရင် အရာအားလုံးက အေးချမ်းပြီးစိတ်ချမ်းသာမှုတွေပဲ ရရှိလာမှာပဲဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေ၊ ကိုယ်ဝယ်ချင်တာတွေကို ဝယ်ဖို့ကြိုးစားပြီး နေထိုင်လိုက်မယ်ဆိုရင် အရာအားလုံးကအေးချမ်းလွန်းပါတယ်။

စားလိုက်၊ အိပ်လိုက်ဘဝမျိုးကို သွားကြည့်ပါ

ရည်းစားနဲ့ပြတ်သွားလို့ ငိုယိုအိမ်တွင်းပုန်းပြီး လူမြင်မခံနိုင်တဲ့ဘဝမျိုးကို ဘယ်တော့မှရောက်မသွားပါစေနဲ့။ လူတစ်ယောက်ကိုစိတ်ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့အရာမျိုးကလည်း စားလိုက်အိပ်လိုက်ဘဝမျိုးပါပဲ။ အရက်တွေသောက်လိုက်စားလိုက် ဘဝမျိုးကိုမပြောဘူးနော်။ စားချင်တာတွေစားလိုက်၊ အိပ်လိုက်၊ လုပ်ချင်တာတွေလုပ်လိုက်နဲ့ဆိုရင်တော့ ဘဝကြီးကပျော်စရာကြီးပဲနော်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်ကိုလည်းလန်းဆန်းစေပြီး ခန္ဓာကိုကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခန္ဓာလှပဖို့အတွက် Gym သွားပြီးလေ့ကျင့်ပေးလိုက်မယ်ဆိုရင် ရည်းစားနဲ့ပြတ်သွားပေမယ့် ပိုလှလာတဲ့ကိုယ့်ကိုယ်ကိုကြည့်ပြီး ကျေနပ်မိမှာပဲဖြစ်ပါတယ်။

အမှတ်ရစရာပစ္စည်းတွေကို လွှတ်ပစ်လိုက်ပါ

ရည်းစားဘဝတုန်းကပေးထားတဲ့အရာတွေအကုန်လုံးကို ပြန်မြင်နေရင် သတိရစရာတွေဖြစ်လာမှာဆိုတော့ အိမ်အရှုပ်ခံပြီးသိမ်းထားမနေပါနဲ့တော့ အကုန်လုံးကိုလွှတ်ပစ်လိုက်ပါ။

ကိုယ့်ကိုယ်ချစ်တဲ့သူတွေနဲ့ပဲ အချိန်ပေးပါ

သင့်ရဲ့အချိန်တွေကို သင်ကိုယ်တိုင်ပဲပိုင်ပါတယ်။ ကိုယ့်အပေါ်မကောင်းတော့လို့ ထွက်သွားရတဲ့သူတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်ဆုံးမခံလိုက်ပါနဲ့။ တစ်ယောက်ထဲပျင်းလာတဲ့အချိန်မှာ အိမ်ကမိသားစုတွေနဲ့ အချိန်ပေးလို့ရပါတယ်။ ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အပြင်တွေထွက်ပြီး စိတ်ကိုပျော်ရွှင်အောင် ကြိုးစားပြီးနေကြည့်လိုက်ပါ။ 

အသည်းကွဲတယ်ဆိုတာ ဘဝပျက်တာမဟုတ်ပါဘူး။ ကိုယ်နဲ့မထိုက်တန်လို့ ကိုယ်နားကနေထွက်သွားရတယ်လို့သတ်မှတ်ပြီး ကိုယ့်ဘဝတက်လမ်း၊ အောင်မြင်မှု၊ လှပဖို့တွေကိုပဲကြည့်ပြီးနေလိုက်ပါ။

အသည္းကြဲတယ္ဆိုတာ လူတိုင္းခံစားဖူးတဲ့ ခံစားခ်က္မ်ိဳးပါ။ ေယာက္်ားေလးေတြပဲ ထားခဲ့ခံရၿပီး အသည္းကြဲတာမ်ိဳးမဟုတ္ပဲ မိန္းကေလးေတြလည္း ထားခဲ့ခံရတဲ့အခ်ိန္မွာ အရမ္းကိုနာက်င္ခံစားရတတ္ပါတယ္။ မေကာင္းတဲ့အခ်က္ကေတာ့ ကိုယ္ကထားခဲ့ခံလိုက္ရတဲ့အခ်ိန္မွာ အဲဒီလူဆီကိုပဲစိတ္ေရာက္ၿပီး ပိုဝမ္းနည္းေနတတ္တာပါ။ ကိုယ့္ကိုမခ်စ္ေတာ့တဲ့သူအတြက္ ခံစားေနစရာမလိုပဲ ကိုယ့္ကိုယ္ကိုပဲခ်စ္တတ္ေအာင္ေနထိုင္ဖို႔က အေရးႀကီးတာပါ။ ဒါေၾကာင့္ အသည္းကြဲသြားလည္း အခ်ိန္ႏွစ္ပတ္အတြင္း အရင္လိုျပန္ျဖစ္ေစမယ့္နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ 

ေကာင္းတဲ့အေတြးနဲ႔ေတြးၾကည့္ပါ

လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူထားခဲ့ရင္ ဝမ္းနည္းတတ္ၾကတာပဲေလ။ ဒါေပမယ့္ ကိုယ့္ကိုမခ်စ္ေတာ့လို႔ထားခဲ့ၿပီဆိုမွေတာ့ ဒါကိုပဲေတြးေနၿပီး ဝမ္းနည္းေနလို႔ေတာ့မရဘူးေပါ႔။ ေကာင္းတဲ့ဘက္ကေနၿပီး ျပန္စဥ္းစားၾကည့္လိုက္ပါ။ ကိုယ့္အေပၚမေကာင္းႏိုင္ေတာ့လို႔ ထြက္သြားတဲ့သူအတြက္ ဘာမွခံစားမေနပဲ ကိုယ့္အတြက္ေကာင္းတဲ့သူတစ္ေယာက္နဲ႔ ေတြ႔လာအုန္းမွာဆိုတဲ့ စိတ္မ်ိဳးထားထားမယ္ဆိုရင္ အဆင္ေျပေစမွာပါ။

ကိုယ့္ကိုယ္ကိုခ်စ္တတ္ေအာင္ေနပါ

သူမ်ားကိုခ်စ္ရတဲ့အခ်စ္မ်ိဳးက အရမ္းကိုပူေလာင္လြန္းပါတယ္။ ကိုယ့္ကိုယ္ကိုသာခ်စ္တတ္မယ္ဆိုရင္ အရာအားလံုးက ေအးခ်မ္းၿပီးစိတ္ခ်မ္းသာမႈေတြပဲ ရရွိလာမွာပဲျဖစ္ပါတယ္။ ကိုယ္လုပ္ခ်င္တဲ့အရာေတြ၊ ကိုယ္ဝယ္ခ်င္တာေတြကို ဝယ္ဖို႔ႀကိဳးစားၿပီး ေနထိုင္လိုက္မယ္ဆိုရင္ အရာအားလံုးကေအးခ်မ္းလြန္းပါတယ္။

စားလိုက္၊ အိပ္လိုက္ဘဝမ်ိဳးကို သြားၾကည့္ပါ

ရည္းစားနဲ႔ျပတ္သြားလို႔ ငိုယိုအိမ္တြင္းပုန္းၿပီး လူျမင္မခံႏိုင္တဲ့ဘဝမ်ိဳးကို ဘယ္ေတာ့မွေရာက္မသြားပါေစနဲ႔။ လူတစ္ေယာက္ကိုစိတ္ေပ်ာ္ရႊင္မႈေတြ ေပးႏိုင္တဲ့အရာမ်ိဳးကလည္း စားလိုက္အိပ္လိုက္ဘဝမ်ိဳးပါပဲ။ အရက္ေတြေသာက္လိုက္စားလိုက္ ဘဝမ်ိဳးကိုမေျပာဘူးေနာ္။ စားခ်င္တာေတြစားလိုက္၊ အိပ္လိုက္၊ လုပ္ခ်င္တာေတြလုပ္လိုက္နဲ႔ဆိုရင္ေတာ့ ဘဝႀကီးကေပ်ာ္စရာႀကီးပဲေနာ္။

ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္တာက သင့္စိတ္ကိုလည္းလန္းဆန္းေစၿပီး ခႏၶာကိုက်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။ ကိုယ္ခႏၶာလွပဖို႔အတြက္ Gym သြားၿပီးေလ့က်င့္ေပးလိုက္မယ္ဆိုရင္ ရည္းစားနဲ႔ျပတ္သြားေပမယ့္ ပိုလွလာတဲ့ကိုယ့္ကိုယ္ကိုၾကည့္ၿပီး ေက်နပ္မိမွာပဲျဖစ္ပါတယ္။

အမွတ္ရစရာပစၥည္းေတြကို လႊတ္ပစ္လိုက္ပါ

ရည္းစားဘဝတုန္းကေပးထားတဲ့အရာေတြအကုန္လံုးကို ျပန္ျမင္ေနရင္ သတိရစရာေတြျဖစ္လာမွာဆုိေတာ့ အိမ္အရွဳပ္ခံၿပီးသိမ္းထားမေနပါနဲ႔ေတာ့ အကုန္လံုးကိုလႊတ္ပစ္လိုက္ပါ။

ကိုယ့္ကိုယ္ခ်စ္တဲ့သူေတြနဲ႔ပဲ အခ်ိန္ေပးပါ

သင့္ရဲ႕အခ်ိန္ေတြကို သင္ကိုယ္တိုင္ပဲပိုင္ပါတယ္။ ကိုယ့္အေပၚမေကာင္းေတာ့လို႔ ထြက္သြားရတဲ့သူတစ္ေယာက္အတြက္နဲ႔ ကိုယ့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အကုန္ဆံုးမခံလိုက္ပါနဲ႔။ တစ္ေယာက္ထဲပ်င္းလာတဲ့အခ်ိန္မွာ အိမ္ကမိသားစုေတြနဲ႔ အခ်ိန္ေပးလို႔ရပါတယ္။ ကိုယ္ခ်စ္ရတဲ့သူငယ္ခ်င္းေတြနဲ႔ အျပင္ေတြထြက္ၿပီး စိတ္ကိုေပ်ာ္ရႊင္ေအာင္ ႀကိဳးစားၿပီးေနၾကည့္လိုက္ပါ။ 

အသည္းကြဲတယ္ဆိုတာ ဘဝပ်က္တာမဟုတ္ပါဘူး။ ကိုယ္နဲ႔မထိုက္တန္လို႔ ကိုယ္နားကေနထြက္သြားရတယ္လို႔သတ္မွတ္ၿပီး ကိုယ့္ဘဝတက္လမ္း၊ ေအာင္ျမင္မႈ၊ လွပဖို႔ေတြကိုပဲၾကည့္ၿပီးေနလိုက္ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။