ကော်ဖီခွက်ပေါ်မှာလူမျိုးရေးစော်ကားတဲ့စကားလုံးကိုရိုက်နှိပ်မိလို့ စားသုံးသူကိုထပ်ပြီးတောင်းပန်လိုက်ရတဲ့ Starbucks

လော့စ်ဆန်းဂျယ်လိစ် က Starbucks ကော်ဖီဆိုင်တစ်ခုဟာ စားသုံးသူကိုစော်ကားတဲ့အသုံးအနှုန်းတစ်ခုကော်ဖီခွက်ပေါ်မှာ ရိုက်နှိပ်မိခဲ့တာကြောင့် Customer ကိုထပ်ပြီးတောင်းပန်လိုက်ရပြန်ပါတယ်။ ဒါနဲ့ဆို မေလအတွင်းမှာ Starbucks အနေနဲ့ စားသုံးသူတွေကိုတောင်းပန်ရတာဟာ နှစ်ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။

ပက်ဒရို လို့အမည်ရတဲ့ လက်တင်အမေရိကလူမျိုး ( မက္ကဆီကန်အနွယ် ) တစ်ယောက်ဟာ လော့စ်ဆန်းဂျယ်လ်စ်မြို့က၊ Starbucks ကော်ဖီဆိုင်ထဲဝင်ပြီးကော်ဖီနှစ်ခွက်မှာယူခဲ့ပါတယ်။ အလှည့်ကျလို့ကောင်တာက သူ့နာမည်ခေါ်တဲ့အခါမှာတော့ ကော်ဖီခွက်ပေါ်မှာ “ Beaner “ ဆိုတဲ့စာသားရိုက်နှိပ်ထားတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။
ပက်ဒရိုဟာ ဘာကြောင့်ရိုက်နှိပ်ရသလဲလို့မေးမြန်းတဲ့အခါ ဆိုင်ဝန်ထမ်းက ပရိုမိုးရှင်းကြောင့်လို့ တိုတိုတုတ်တုတ်ပြန်ဖြေခဲ့ပြီး ဒီလိုလုပ်လိုက်တဲ့အတွက် နောင်တရတဲ့ပုံလည်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ Starbucks က ဒီဖြစ်ရပ်ဟာ မတော်မဆတစ်ခုသာဖြစ်တယ်လို့ပြောခဲ့ပေမယ့်၊ ပက်ဒရိုကတော့ငြင်းဆိုထားပါတယ်။

သူ့အနေနဲ့ မတော်တဆလို့မထင်သလို၊ #Beaner ဆိုတဲ့စကားလုံးဟာ မက္ကဆီကန် နဲ့ လက်တင်အနွယ်တွေကို ဟိုးအောက်ဆုံးထိနှိမ့်ချလိုက်တဲ့ အသုံးအနှုံးတစ်ခုသာဖြစ်တယ်လို့ ပက်ဒရိုကဆိုလိုက်ပြီး ဆိုင်ဝန်ထမ်းအနေနဲ့ မက္ကဆီကန်တွေကို ဘယ်လိုမျိုးနှိမ့်ချရမလဲဆိုတာကောင်းကောင်းသိနေတယ်လို့ ပက်ဒရိုက ခပ်ထေ့ထေ့ပြောပါတယ်။


အဲဒီကိစ္စနဲ့ပတ်သက်လို့ Starbucks ရဲ့အကြီးအကဲတွေဟာ ပက်ဒရိုကိုအီးမေးလ် နဲ့တောင်းပန်ခဲ့ရပြီး လူချင်းတွေ့ဆုံဖို့တောင်းဆိုခဲ့ရာမှာ ပက်ဒရိုကလည်း လက်ခံခဲ့ပါတယ်။ မကြာသေးခင်ကလည်း လူမည်းအမျိုးသားနှစ်ယောက်ကို အသားအရောင်ခွဲခြားဆက်ဆံမှုကြောင့် Starbucks ကိုဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။

အဲဒီဖြစ်ရပ်တွေကြောင့်လာမယ့် မေလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးသင်တန်းမှာ Starbucks ရဲ့ဆိုင်ခွဲပေါင်း ၈၀၀၀ လောက်ကိုခေတ္တပိတ်ထားမှာဖြစ်ပါတယ်။ Starbucks ဟာ တစ်ကမ္ဘာလုံးမှာ ဆိုင်ခွဲပေါင်း ၂၈၀၀၀ လောက်နဲ့လည်ပတ်နေတဲ့ စားသောက်ကုန်လုပ်ငန်းစုကြီးလည်းဖြစ်ပါတယ်။

Gabriel
Ref : USA Today

( Unicode ျဖင့္ဖတ္ရန္ )

ေကာ္ဖီခြက္ေပၚမွာလူမ်ိဳးေရးေစာ္ကားတဲ့စကားလုံးကို႐ိုက္ႏွိပ္မိလို႔ စားသုံးသူကိုထပ္ၿပီးေတာင္းပန္လိုက္ရတဲ့ Starbucks

ေလာ့စ္ဆန္းဂ်ယ္လိစ္ က Starbucks ေကာ္ဖီဆိုင္တစ္ခုဟာ စားသုံးသူကိုေစာ္ကားတဲ့အသုံးအႏႈန္းတစ္ခုေကာ္ဖီခြက္ေပၚမွာ ႐ိုက္ႏွိပ္မိခဲ့တာေၾကာင့္ Customer ကိုထပ္ၿပီးေတာင္းပန္လိုက္ရျပန္ပါတယ္။ ဒါနဲ႔ဆို ေမလအတြင္းမွာ Starbucks အေနနဲ႔ စားသုံးသူေတြကိုေတာင္းပန္ရတာဟာ ႏွစ္ႀကိမ္ေျမာက္ရွိသြားၿပီျဖစ္ပါတယ္။

ပက္ဒ႐ို လို႔အမည္ရတဲ့ လက္တင္အေမရိကလူမ်ိဳး ( မကၠဆီကန္အႏြယ္ ) တစ္ေယာက္ဟာ ေလာ့စ္ဆန္းဂ်ယ္လ္စ္ၿမိဳ႕က၊ Starbucks ေကာ္ဖီဆိုင္ထဲဝင္ၿပီးေကာ္ဖီႏွစ္ခြက္မွာယူခဲ့ပါတယ္။ အလွည့္က်လို႔ေကာင္တာက သူ႔နာမည္ေခၚတဲ့အခါမွာေတာ့ ေကာ္ဖီခြက္ေပၚမွာ “ Beaner “ ဆိုတဲ့စာသား႐ိုက္ႏွိပ္ထားတာကိုေတြ႕ခဲ့ရတာျဖစ္ပါတယ္။
ပက္ဒ႐ိုဟာ ဘာေၾကာင့္႐ိုက္ႏွိပ္ရသလဲလို႔ေမးျမန္းတဲ့အခါ ဆိုင္ဝန္ထမ္းက ပ႐ိုမိုးရွင္းေၾကာင့္လို႔ တိုတိုတုတ္တုတ္ျပန္ေျဖခဲ့ၿပီး ဒီလိုလုပ္လိုက္တဲ့အတြက္ ေနာင္တရတဲ့ပုံလည္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ Starbucks က ဒီျဖစ္ရပ္ဟာ မေတာ္မဆတစ္ခုသာျဖစ္တယ္လို႔ေျပာခဲ့ေပမယ့္၊ ပက္ဒ႐ိုကေတာ့ျငင္းဆိုထားပါတယ္။

သူ႔အေနနဲ႔ မေတာ္တဆလို႔မထင္သလို၊ #Beaner ဆိုတဲ့စကားလုံးဟာ မကၠဆီကန္ နဲ႔ လက္တင္အႏြယ္ေတြကို ဟိုးေအာက္ဆုံးထိႏွိမ့္ခ်လိုက္တဲ့ အသုံးအႏႈံးတစ္ခုသာျဖစ္တယ္လို႔ ပက္ဒ႐ိုကဆိုလိုက္ၿပီး ဆိုင္ဝန္ထမ္းအေနနဲ႔ မကၠဆီကန္ေတြကို ဘယ္လိုမ်ိဳးႏွိမ့္ခ်ရမလဲဆိုတာေကာင္းေကာင္းသိေနတယ္လို႔ ပက္ဒ႐ိုက ခပ္ေထ့ေထ့ေျပာပါတယ္။
အဲဒီကိစၥနဲ႔ပတ္သက္လို႔ Starbucks ရဲ႕အႀကီးအကဲေတြဟာ ပက္ဒ႐ိုကိုအီးေမးလ္ နဲ႔ေတာင္းပန္ခဲ့ရၿပီး လူခ်င္းေတြ႕ဆုံဖို႔ေတာင္းဆိုခဲ့ရာမွာ ပက္ဒ႐ိုကလည္း လက္ခံခဲ့ပါတယ္။ မၾကာေသးခင္ကလည္း လူမည္းအမ်ိဳးသားႏွစ္ေယာက္ကို အသားအေရာင္ခြဲျခားဆက္ဆံမႈေၾကာင့္ Starbucks ကိုေဝဖန္မႈေတြျမင့္တက္ခဲ့ပါေသးတယ္။

အဲဒီျဖစ္ရပ္ေတြေၾကာင့္လာမယ့္ ေမလ ၂၉ ရက္ေန႔မွာ ျပဳလုပ္မယ့္ အသားအေရာင္ခြဲျခားမႈတိုက္ဖ်က္ေရးသင္တန္းမွာ Starbucks ရဲ႕ဆိုင္ခြဲေပါင္း ၈၀၀၀ ေလာက္ကိုေခတၱပိတ္ထားမွာျဖစ္ပါတယ္။ Starbucks ဟာ တစ္ကမာၻလုံးမွာ ဆိုင္ခြဲေပါင္း ၂၈၀၀၀ ေလာက္နဲ႔လည္ပတ္ေနတဲ့ စားေသာက္ကုန္လုပ္ငန္းစုႀကီးလည္းျဖစ္ပါတယ္။

Gabriel
Ref : USA Today

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။