ကျန်းမာရေးအခြေအနေကြောင့် UK မှာသွားပြီးခွဲစိတ်မှုလုပ်ရတော့မယ်ဆိုတဲ့ သုသု ( ခေါ် ) ပိုင်ဖြိုးသု

( Zawgyi ဖြင့်ဖတ်ရန် )

အားလုံးကချစ်ကြတဲ့ သုသု ( ခေါ် ) ပိုင်ဖြိုးသု ကတော့ မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်အတွင်း ခွဲစိတ်မှုလုပ်ဖို့ UK ကိုသွားရမှာလို့သိရပါတယ်။ အထွေထွေကျန်းမာရေးစစ်ဆေးချက်က Ultrasound အဖြေကြောင့် ခွဲစိတ်ရမယ့်အနေအထားမှာရှိတယ်လို့သိရပြီး အဒေါ်ရှိတဲ့ United Kingdom ကဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူမှာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီကျန်းမာရေးအခြေအနေကြောင့် မေလ ၂၀ ကနေ ဇွန်လ ၁၀ ရက်အတွင်း ခွဲစိတ်မှုလုပ်ဖို့အတွက် UK ကိုခရီးသွားရမှာဖြစ်ပြီး အဲဒီရက်တွေမှာ လက်ခံထားတဲ့အလုပ်တွေအကုန်လုံးကို Cancel လုပ်ရမှာဖြစ်တယ်လို့သိရပါတယ်။ မမျှော်လင့်တဲ့ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေ Cancel ဖြစ်ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်လို့ ပိုင်ဖြိုးသု ကသူမရဲ့ Facebook စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။

သုသု ရဲ့ပို့စ်အောက်မှာလည်း သူမရဲ့ ပရိသတ်တွေကကျန်းမာရေးအတွက်စိတ်ပူနေကြတာကိုတွေ့ရပြီး ခွဲစိတ်မှုအောင်မြင်စေဖို့အတွက် ဝိုင်းပြီးဆုတောင်းပေးထားကြတာကိုလည်းတွေ့ရပါတယ်။

WE ပရိသတ်ကြီးလည်း သုသု ( ခေါ် ) ပိုင်ဖြိုးသု ရဲ့ ခရီးအဆင်ပြေစေဖို့နဲ့ အောင်အောင်မြင်မြင် Operation လုပ်ပြီး အမြန်ဆုံးကျန်းမာလာစေဖို့ ဆုတောင်းပေးကြပါဦး။

Gabriel
Photo and Post Crd : Paing Phyo Thu - ပိုင်ဖြိုးသု

( Unicode ဖြင့်ဖတ်ရန် )





Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။