နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံများ
နဖူးပြောင်တဲ့သူတွေ့ ဆံပင်ကိုအပြောင်သိမ်းတာမျိုးတွေ၊ အလယ်ခွဲတာတွေနဲ့ သိပ်မလိုက်ဖက်ပါဘူး။ အရှေ့ဆံပင်လေးတွေချတာမျိုးကတော့ နဖူးပြောင်တဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဒါကြောင့် နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆံပင်ရှည်တဲ့သူတွေဆိုရင် အရှေ့ကို Hair Bangs လေးတွေထားတာနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အရှေ့ဆံပင်လေးကို Hair Bangs လေးတွေညှပ်ပြီး ဆံပင်ကိုကောက်လို့လည်းရသလို၊ ကိုရီးယားမလေးတွေလိုလည်း လိပ်လို့ရပါသေးတယ်။ ဒါ့အပြင် ဆံပင်အဖြောင့်လေးထားမယ်ဆိုလည်း အရမ်းချစ်စရာကောင်းပါတယ်။
ဆံပင်တိုတဲ့သူတွေ၊ ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေဆိုလည်း အရှေ့ဆံပင်လေးကို Hair Bangs လေးထားပြီး ဆံပင်ကုတ်ကုတ်လေးနဲ့ဆို အရမ်းချစ်စရာကောင်းပါတယ်။ ဒီလိုလေးထားမယ်ဆိုရင် နဖူးပြောင်တာလည်း မပေါ်လွင်တော့ဘူးနော်။
အရှေ့ဆံပင်ကို Hair Bangs လေးညှပ်ပြီး မကြိုက်တဲ့အခါမျိုးမှာလည်း ဒီလိုလေးခွဲထားလို့ရပါသေးတယ်။
ဆံပင်စည်းတဲ့အခါမျိုးမှာလည်း အရှေ့ဆံပင်လေးကိုချထားဖို့ လုံးဝမမေ့ပါနဲ့။ ဆံပင်တစ်ဝက်စည်းထားပဲဖြစ်ဖြစ်၊ ဆံပင်ကိုဘယ်လိုပဲပြင်ပြင် အရှေ့ဆံပင်လေးကို ချထားပါ။
Bae Suzy ရဲ့ ဒီဆံပင်ပုံစံလေးဆိုလည်း နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။
ဆံပင်ကိုဘေးခွဲလေးထားပြီး အရှေ့ဆံပင်လေးတွေကို နည်းနည်းယူညှပ်ထားမယ်ဆိုရင်တော့ ဆံပင်ကအုပ်အုုပ်လေးဖြစ်နေမှာဖြစ်တဲ့အတွက် နဖူးပြောင်တာလည်း သိပ်မသိသာတော့ပါဘူး။ ဒါကြောင့် အရှေ့အတိမညှပ်ချင်ရင် ဒီလိုဆံပင်ပုံစံလေးကို ရွေးချယ်နိုင်ပါတယ်။
Hamny
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။