ဝိတ်လျော့ဖို့စတင်တော့မယ်ဆိုရင် ကိုယ်တိုင်ပြောင်းလဲလိုက်သင့်တဲ့ အတွေးအခေါ်များ

ဝိတ်လျော့ဖို့စတင်ပြီဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေထက် အရေးကြီးတာက စိတ်ပါပဲ။ စိတ်ကသေချာလိုက်မလာနိုင်ရင် ဘယ်အရာမှအောင်မြင်နိုင်မှာမဟုတ်တော့ပါဘူး။ ဝိတ်လျော့ဖို့ဆိုရင်လည်း စိတ်ကိုကဝိတ်ကျဖို့ကို အားသန်နေမယ်ဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေကို ပုံမှန်လုပ်နိုင်ပြီး အလေးချိန်ကိုလည်း ကောင်းကောင်းလျော့ကျနိုင်မှာပါ။ ဝိတ်လျော့တော့မယ်ဆိုရင် ပြောင်းလဲလိုက်သင့်တဲ့အတွေးအခေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားစာတွေကိုနှစ်သက်တယ်

အသီးအရွက်တွေကို များများကြိုက်နှစ်သက်တဲ့သူဆိုရင် ဝိတ်လျော့ဖို့အတွက်ပိုပြီးတော့ အဆင်ပြေပါတယ်။ တကယ်လို့ သင်ကအရင်ထဲက အသီးအရွက်တွေကို သိပ်မကြိုက်ခဲ့ဘူးဆိုရင်တော့ သင့်စိတ်ထဲမှာအသီးအရွက်တွေက ကိုယ့်အတွက်အဆင်ပြေပါတယ်။ ဒါမှလည်းဝိတ်မြန်မြန်ကျစေမှာပေါ့ဆိုတဲ့ စိတ်မျိုးကို ထည့်ထားပေးနိုင်မှ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားစာတွေနဲ့ ဝိတ်လျော့လို့ရမှာပေါ့။

ဝိတ်ကျဖို့အတွက်စီစဉ်ထားတဲ့ အစားစာတွေကို စားချင်စိတ်

ဝိတ်ကျဖို့အတွက်ဆိုရင် အရင်စားနေကျအတိုင်းပဲ စားနေလို့တော့မရဘူးပေါ့။ ဒါကြောင့် ဝိတ်ကျဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ စားဖို့ပြင်ဆင်ထားတာတွေကို စားချင်စိတ်ရှိတယ်ဆိုတဲ့ စိတ်မျိုးထားထားပေးရင် ပိုပြီးတော့အဆင်ပြေစေပါတယ်။ အဓိကကတော့ အသီးအရွက်တွေနဲ့၊ Salad တွေကို ကောင်းကောင်းစားပေးနိုင်ဖို့ပါပဲ။

လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ရမယ်

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း ခန္ဓာကိုယ်ပိုပြီးလှပဖို့အတွက်၊ စိတ်ကိုလည်း လန်းဆန်းသွားစေတာကြောင့် ကြိုက်နှစ်သက်တယ်ဆိုတဲ့ စိတ်မျိုးကိုထားထားပေးဖို့တော့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ အစပိုင်းတော့ နာကျင်တာတွေ၊ ပင်ပန်းတာတွေကို ခံစားရနိုင်တယ်ဆိုပေမယ့် တစ်ချိန်ကျရင် လှပတဲ့အရာတွေကို ပိုင်ဆိုင်လာရတော့မှာဆိုတဲ့စိတ်မျိုးနဲ့ လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်နေဖို့လိုအပ်ပါတယ်။

ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာကောင်းတယ်လို့ သတ်မှတ်ထားပါ

ကျန်းမာတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာ လေ့ကျင့်ခန်းတွေများများလုပ် အစားအသောက်တွေဆင်ခြင်ရနဲ့ဆိုတော့ နည်းနည်းတော့ပင်ပန်းမှာပေါ့။ ဒါပေမယ့် ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ရပြီဆိုရင် နေရထိုင်ရတာရော၊ စိတ်ကိုပါလန်းဆန်းနေစေပြီး စိတ်ကျေနပ်စရာကောင်းနေမှာဆိုတဲ့ စိတ်မျိုးကိုထားထားဖို့လိုပါတယ်။

ဒီအချက်တွေအားလုံးကို အရင်ပြင်ဆင်ပြီးစိတ်ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ သင့်ရဲ့ဝိတ်လျော့တဲ့အစီအစဉ်ကို စတင်လိုက်လို့ရပါပြီနော်။ ဒီအချက်တွေကို သေချာပိုင်နိုင်မှုရှိမှလည်း အောင်မြင်စွာနဲ့ ဝိတ်ချလို့ရနိုင်မှာပဲဖြစ်ပါတယ်နော်။

ဝိတ္ေလ်ာ့ဖို႔စတင္ၿပီဆိုရင္ အစားေလ်ာ့စားတာေတြ၊ ေလ့က်င့္ခန္းလုပ္တာေတြထက္ အေရးႀကီးတာက စိတ္ပါပဲ။ စိတ္ကေသခ်ာလိုက္မလာႏိုင္ရင္ ဘယ္အရာမွေအာင္ျမင္ႏိုင္မွာမဟုတ္ေတာ့ပါဘူး။ ဝိတ္ေလ်ာ့ဖို႔ဆိုရင္လည္း စိတ္ကိုကဝိတ္က်ဖို႔ကို အားသန္ေနမယ္ဆိုရင္ အစားေလ်ာ့စားတာေတြ၊ ေလ့က်င့္ခန္းလုပ္တာေတြကို ပံုမွန္လုပ္ႏိုင္ၿပီး အေလးခ်ိန္ကိုလည္း ေကာင္းေကာင္းေလ်ာ့က်ႏိုင္မွာပါ။ ဝိတ္ေလ်ာ့ေတာ့မယ္ဆိုရင္ ေျပာင္းလဲလိုက္သင့္တဲ့အေတြးအေခၚေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

က်န္းမာေရးနဲ႔ကိုက္ညီတဲ့အစားစာေတြကိုႏွစ္သက္တယ္

အသီးအရြက္ေတြကို မ်ားမ်ားႀကိဳက္ႏွစ္သက္တဲ့သူဆိုရင္ ဝိတ္ေလ်ာ့ဖို႔အတြက္ပိုၿပီးေတာ့ အဆင္ေျပပါတယ္။ တကယ္လို႔ သင္ကအရင္ထဲက အသီးအရြက္ေတြကို သိပ္မႀကိဳက္ခဲ့ဘူးဆိုရင္ေတာ့ သင့္စိတ္ထဲမွာအသီးအရြက္ေတြက ကိုယ့္အတြက္အဆင္ေျပပါတယ္။ ဒါမွလည္းဝိတ္ျမန္ျမန္က်ေစမွာေပါ႔ဆိုတဲ့ စိတ္မ်ိဳးကုိ ထည့္ထားေပးႏိုင္မွ က်န္းမာေရးကိုအေထာက္အကူျပဳတဲ့ အစားစာေတြနဲ႔ ဝိတ္ေလ်ာ့လို႔ရမွာေပါ႔။

ဝိတ္က်ဖို႔အတြက္စီစဥ္ထားတဲ့ အစားစာေတြကို စားခ်င္စိတ္

ဝိတ္က်ဖို႔အတြက္ဆိုရင္ အရင္စားေနက်အတိုင္းပဲ စားေနလို႔ေတာ့မရဘူးေပါ႔။ ဒါေၾကာင့္ ဝိတ္က်ဖို႔အတြက္ ႀကိဳးစားေနတဲ့အခ်ိန္မွာ စားဖို႔ျပင္ဆင္ထားတာေတြကို စားခ်င္စိတ္ရွိတယ္ဆိုတဲ့ စိတ္မ်ိဳးထားထားေပးရင္ ပိုၿပီးေတာ့အဆင္ေျပေစပါတယ္။ အဓိကကေတာ့ အသီးအရြက္ေတြနဲ႔၊ Salad ေတြကို ေကာင္းေကာင္းစားေပးႏိုင္ဖို႔ပါပဲ။

ေလ့က်င့္ခန္းလုပ္ရတာကို ႏွစ္သက္ရမယ္

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာလည္း ခႏၶာကိုယ္ပိုၿပီးလွပဖို႔အတြက္၊ စိတ္ကိုလည္း လန္းဆန္းသြားေစတာေၾကာင့္ ႀကိဳက္ႏွစ္သက္တယ္ဆိုတဲ့ စိတ္မ်ိဳးကိုထားထားေပးဖို႔ေတာ့လိုပါတယ္။ ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္မွာ အစပိုင္းေတာ့ နာက်င္တာေတြ၊ ပင္ပန္းတာေတြကို ခံစားရႏိုင္တယ္ဆိုေပမယ့္ တစ္ခ်ိန္က်ရင္ လွပတဲ့အရာေတြကို ပိုင္ဆိုင္လာရေတာ့မွာဆိုတဲ့စိတ္မ်ိဳးနဲ႔ ေလ့က်င့္ခန္းလုပ္ရတာကို ႏွစ္သက္ေနဖို႔လိုအပ္ပါတယ္။

က်န္းမာတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ရတာေကာင္းတယ္လို႔ သတ္မွတ္ထားပါ

က်န္းမာတဲ့ခႏၶာကိုယ္မ်ိဳးကို ပိုင္ဆိုင္ရဖို႔ဆိုတာ ေလ့က်င့္ခန္းေတြမ်ားမ်ားလုပ္ အစားအေသာက္ေတြဆင္ျခင္ရနဲ႔ဆိုေတာ့ နည္းနည္းေတာ့ပင္ပန္းမွာေပါ႔။ ဒါေပမယ့္ က်န္းမာၿပီးလွပတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္လိုက္ရၿပီဆိုရင္ ေနရထိုင္ရတာေရာ၊ စိတ္ကိုပါလန္းဆန္းေနေစၿပီး စိတ္ေက်နပ္စရာေကာင္းေနမွာဆိုတဲ့ စိတ္မ်ိဳးကိုထားထားဖို႔လိုပါတယ္။

ဒီအခ်က္ေတြအားလံုးကို အရင္ျပင္ဆင္ၿပီးစိတ္ဆံုးျဖတ္ႏိုင္ၿပီဆိုရင္ေတာ့ သင့္ရဲ႕ဝိတ္ေလ်ာ့တဲ့အစီအစဥ္ကို စတင္လိုက္လို႔ရပါၿပီေနာ္။ ဒီအခ်က္ေတြကို ေသခ်ာပိုင္ႏိုင္မႈရွိမွလည္း ေအာင္ျမင္စြာနဲ႔ ဝိတ္ခ်လို႔ရႏိုင္မွာပဲျဖစ္ပါတယ္ေနာ္။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။