ကိတ်မစ်ဒယ်တန်အပြင်မီဂန်ပါနှစ်သက်လာဖွယ်ရှိတဲ့brandကဘာများလဲ

ဆူဆက်နယ်စားကတော် အသစ်စက်စက်လေးကိုတော့ ပန်းရောင်အဖျော့ဝတ်စုံလေးနဲ့ မင်းသားကြီးချားစ်ရဲ့ သက်တော်၇၀ပြည့်မွေးနေ့မှာတွေ့ရတာပါ။ တော်ဝင်စည်းကမ်းကြောင့်သူမသိပ်ကြိုက်တတ်တဲ့ပခုံးလွယ်အိတ်တွေအစားလက်ကိုင်အိတ်လေးကိုသာကိုင်လာတာတွေ့ရပါတယ်။ဒါကတော့ တော်ဝင်မိသားစုတွေရဲ့ ပွဲအခမ်းအနားမှာပထမဆုံးမြင်တွေ့ရခြင်းဖြစ်ပါတယ်။

 ရိုးရှင်းပြီး အထက်တန်းဆန်လှတဲ့ဒီဝတ်စုံလေးဟာ မီဂန်နဲ့လည်းအတော်လေးလိုက်ဖက်လှတာပါ။ဒီဝတ်စုံကတော့Goatဆိုတဲ့လန်ဒန်အခြေစိုက် အမျိုးသမီးဝတ်အထည်တွေရောင်းချတဲ့တံဆိပ်တစ်ခုပါ။၂၀၀၁ခုနှစ်ကတည်းကစတင် ထုတ်လုပ်တဲ့ ဒီbrandရဲ့တည်ထောင်သူကတော့ Jane Lewis ပါ။ သူမကလည်းဒီလိုဝတ်ဆင်ခြင်းအတွက်လည်းဂုဏ်ယူကြောင်းကို ပြောကြားခဲ့ပါတယ်။ဒီဝတ်စုံရဲ့တန်ဖိုးကတော့ပေါင်၅၉၀ပါ။

မီဂန်ရဲ့ယောင်းမတော်ဖြစ်သူ ကိတ်မစ်ဒယ်လ်တန်ဆိုရင်လည်းအရင်နှစ်တွေကတည်းက ဒီbrandကိုမကြာခဏဝတ်ဆင်လေ့ရှိတာပါ။အငယ်ဆုံးမင်းသားလေးကိုကိုယ်ဝန်လွယ်ထားရစဉ်အချိန်တုန်းကဆိုရင် ဒီဝတ်စုံတွေကိုဘဲဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီးတော့ နာမည်ကြီးတွေဆယ်လီတွေရဲ့အသဲစွဲbrandလည်းဖြစ်ပါတယ်။ ကိန်းဘရစ်မြို့စားကတော်ကိတ်မစ်ဒယ်လတန် အပြင် Victoria Beckham, Lana del Rey, Sienna Miller နဲ့Gwyneth Paltrow တို့လည်း ကြိုက်နှစ်သက်ကြတာပါ။ဒီbrandဟာနောက်ဆိုရင် မီဂန်မာကယ်တောင်မှပိုပြီးတော့တောင်ဝတ်ဆင်လာမဲ့အရိပ်အယောင်တွေရှိနေတာပါပဲ။

ဆူဆက္နယ္စားကေတာ္ အသစ္စက္စက္ေလးကိုေတာ့့ ပန္းေရာင္အေဖ်ာ့၀တ္စံုေလးနဲ့ မင္းသားၾကီးခ်ားစ္ရဲ့ သက္ေတာ္၇၀ျပည့္ေမြးေန့မွာေတြ့ရတာပါ။ ေတာ္၀င္စည္းကမ္းေၾကာင့္သူမသိပ္ၾကိဳက္တတ္တဲ့ပခံုးလြယ္အိတ္ေတြအစားလက္ကိုင္အိတ္ေလးကိုသာကိုင္လာတာေတြ့ရပါတယ္။ဒါကေတာ့ ေတာ္၀င္မိသားစုေတြရဲ့ ပြဲအခမ္းအနားမွာပထမဆံုးျမင္ေတြ့ရျခင္းျဖစ္ပါတယ္။

၀တ္စံုေလးကေတာ့ ရိုးရွင္းျပီး အထက္တန္းဆန္လွတဲ့ဒီ၀တ္စံုေလးဟာ မီဂန္နဲ့လည္းအေတာ္ေလးလိုက္ဖက္လွတာပါ။ဒီ၀တ္စံုကေတာ့Goatဆိုတဲ့လန္ဒန္အေျခစိုက္ အမ်ိဳးသမီး၀တ္အထည္ေတြေရာင္းခ်တဲ့တံဆိပ္တစ္ခုပါ။၂၀၀၁ခုႏွစ္ကတည္းကစတင္ ထုတ္လုပ္တဲ့ ဒီbrandရဲ့တည္ေထာင္သူကေတာ့ Jane Lewis ပါ။ သူမကလည္းဒီလို၀တ္ဆင္ျခင္းအတြက္လည္းဂုဏ္ယူေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။ဒီ၀တ္စံုရဲ့တန္ဖိုးကေတာ့ေပါင္၅၉၀ပါ။

မီဂန္ရဲ့ေယာင္းမေတာ္ျဖစ္သူ ကိတ္မစ္ဒယ္လ္တန္ဆိုရင္လည္းအရင္ႏွစ္ေတြကတည္းက ဒီbrandကိုမၾကာခဏ၀တ္ဆင္ေလ့ရွိတာပါ။အငယ္ဆံုးမင္းသားေလးကိုကိုယ္၀န္လြယ္ထားရစဥ္အခ်ိန္တုန္းကဆိုရင္ ဒီ၀တ္စံုေတြကိုဘဲ၀တ္ဆင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ျပီးေတာ့ နာမည္ၾကီးေတြဆယ္လီေတြရဲ့အသဲစြဲbrandလည္းျဖစ္ပါတယ္။ ကိန္းဘရစ္ျမိဳ့စားကေတာ္ကိတ္မစ္ဒယ္လတန္ အျပင္ Victoria Beckham, Lana del Rey, Sienna Miller နဲ့Gwyneth Paltrow တို့လည္း ၾကိဳက္ႏွစ္သက္ၾကတာပါ။ဒီbrandဟာေနာက္ဆိုရင္ မီဂန္မာကယ္ေတာင္မွပိုျပီးေတာ့ေတာင္၀တ္ဆင္လာမဲ့အရိပ္အေယာင္ေတြရွိေနတာပါပဲ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။