အကြည့်ချင်းမဆုံစေနဲ့နော် ဆိုပြီး ပရိသတ်တွကို ချစ်စရာအသွင်လေးနဲ့ Warning ပေးလိုက်တဲ့ ရွှေမှုံရတီ


 ရွှေမှုံရတီ ဆိုတာ မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်က သူမကို ချစ်ခင်နေတဲ့အပြင် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူမကိုလည်း ပရိသတ်တွေ ချစ်နေမြဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ရွှေမှုံဟာ ပရိသတ်တွေကို
“သဲနဲ့အကြည့်ချင်းမဆုံစေနဲ့နော်
ရူးသွားမှာစိုးလို့ ? ? ?
သဲအပြုံးကိုမစွဲလမ်းမိစေနဲ့နော်
ရူံးသွားမှာစိုးလို့ ? ? ? စတာပါနောက်တာပါအတည်ပါကွာ” ဆိုပြီး ချစ်စဖွယ်အမူအရာ Pose လေးတွေပုံတင်ထားပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ထပ်မံဖမ်းစားလိုက်ပြန်ပြီ။

Photos - Nay Min Tun (Amazing Grace)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။