“ဧည့်သည်” မှာ ဆုံတွေ့ကြရတော့မယ့် ရွှေထူး၊ ရွှေမှုံ နဲ့ နေခြည်ဦး


7Sense Film Production မှ မကြာခင်စတင်ရိုက်ကူးတော့မယ့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မည့် အနုပညာတွေများကတော့ အဆိုပိုင်းမှာ ပရိသတ်တွေအားပေးခြင်းများစွာရှိထားတဲ့ ရွှေထူး၊ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူ ခပ်ချေချေကောင်မလေးတစ်ယောက်ပုံစံကြောင့် ပရိသတ်တွေရဲ့ အချစ်တွေများစွာရရှိထားသူ ရွှေမှုံရတီ နဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း Beauty Blogger တစ်ဦးဖြစ်သူ ချီလီ တို့ရဲ့ အသဲနှလုံး နေခြည်ဦး တို့ပဲဖြစ်ပါတယ်။


(၃) ယောက်စလုံးက သူ့နယ်ပယ်နဲ့သူ အောင်မြင်မှုကိုယ်စီ ပရိသတ်ကိုယ်စီ ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တဲ့အတွက် ဘယ်သူက ဘယ်လို Character မျိုးနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။


နှလုံးသားတံခါးပေါက်ကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဒီ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင် ကိုရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းနဲ့ဇာတ်ညွှန်းကတော့ မိုးနီလွင် ဖြစ်တဲ့အပြင် ဧည့်သည်သရုပ်ဆောင် အနေနဲ့ကြတော့ ဖြိုးငွေစိုးက ပါဝင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။