ကိုယ်အလေးချိန်တိုးလိုသူများ ဒီစာကိုဖတ်ပါ

ကမ္ဘာပေါ်မှာ အဝလွန်တဲ့လူဦးရေ တစ်နေ့တခြားတိုးတိုးလာနေပါတယ်…။ သို့ပေမယ့်လည်း ရတာမလို လိုတာမရဆိုသလို ခန္ဓာကိုယ်က အရမ်းပိန်နေလို့ စိတ်ညစ်နေတဲ့သူတွေလည်း ရှိမှာပေါ့…။ ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းလေး ပိုင်ဆိုင်ချင်တဲ့သူတွေအနေနဲ့ ဒီအချက်လေးတွေကို လိုက်နာဖို့တော့ လိုပါမယ်…။ တကယ်တော့ တချို့ပိန်တဲ့သူတွေအနေနဲ့ကလည်း ဝအောင်လုပ်ဖို့က အင်မတန်ခက်နေတတ်တယ်…။ အရေးကြီးတာက မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ ခန္ဓာကိုယ်အလေးချိန်တိုးအောင် လုပ်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်…။ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလိုက်ရုံနဲ့ လိုချင်တဲ့ ခန္ဓာကိုယ်အရွယ်အစားကို ရရှိမှာပါ…။ ဒါပေမယ့် ပိန်တာဝတာထက် ကျန်းမာရေးကောင်းမွန်ပြီး ခုခံအားကောင်းမွန်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့က ပိုအရေးကြီးပါတယ်…။

(၁) ကယ်လိုရီများများပါပြီး သန့်ရှင်းတဲ့ အစားအစာတွေစားသုံးပါ။
(၂) ထမင်းမစားခင် ရေလုံးဝမသောက်ပါနဲ့။
(၃) ဗိုက်အပြည့်စားခြင်းထက် နည်းနည်းချင်းစီ ခဏခဏစားပါ။
(၄) နို့နဲ့ နို့ထွက်ပစ္စည်းများများ စားပေးပါ။
(၅) ကြွက်သားတွေဖွံ့ဖြိုးအောင် အိပ်ရေးဝဝအိပ်ပါ။


(၆) ပရိုတင်းပါတဲ့ အစားအစာတွေပိုစားပြီး အသီးအရွက်ကို တော်သင့်ရုံစားပါ။
(၇) ဆေးလိပ်လုံးဝမသောက်ပါနဲ့၊ ဆေးလိပ်သောက်တဲ့သူတွေနဲ့ လုံးဝမသောက်တဲ့သူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဆေးလိပ်သောက်တဲ့သူတွေက ခန္ဓာကိုယ်အလေးချိန်ပိုပြီးလျော့နည်းတာ တွေ့ရပါတယ်။
(၈) ခန္ဓာကိုယ်အလေးချိန်တိုးစေမယ့် ဆေးဝါးတွေ၊ နေ့စဉ်ပုံမှန်အားဆေးတွေ မှီဝဲပါ။
(၉) ကော်ဖီသောက်လျှင် ခရင်များများထည့်သောက်ပါ။
(၁၀) အစားစားတဲ့အခါ ပန်းကန်ကြီးကြီးနဲ့ ထည့်စားပါ။


(၁၁) ဆိုဒါများတဲ့အချိုရည်တွေ ဒိုးနတ်လိုသရေစာအချိုမုန့်တွေစားခြင်းက ခန္ဓာကိုယ်ဝစေပေမယ့် တပြိုင်တည်းမှာပဲ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် သတိထားဖို့ လိုပါတယ်။
(၁၂) တစ်နေ့ကို ထမင်းသုံးနပ်အနည်းဆုံးစားပါ။
(၁၃) ပဲ၊ အာလူး၊ ထော်ပတ်နဲ့ အစေ့အဆံတွေ များများစားပေးပါ။
(၁၄) Gym ကို တစ်ပတ်မှာ နှစ်ကြိမ်ကနေ လေးကြိမ်ခန့်သာသွားပါ။
(၁၅) စိတ်ဖိစီးမှုအတတ်နိုင်ဆုံး မရှိအောင်နေပါ။


ဘယ်လောက်စားစားမဝ ပိန်မြဲတိုင်းပိန်နေတာရယ် ရုတ်တရက်ခန္ဓာကိုယ်အလေးချိန် ထိုးကျသွားတာတွေ ဖြစ်တတ်တဲ့သူတွေ အနေနဲ့ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုရှိနေတာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်…။