Whole Burma First ရရှိခဲ့တဲ့သင်းမြနွေးရဲ့ Fake Account တစ်ခုထွက်ပေါ်လာ

( Zawgyi ဖြင့်ဖတ်ရန် )

မနေ့က ၁၀ တန်းအောင်စာရင်းတွေထွက်လာတဲ့အခါမှာ မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ ပထမရတဲ့ ညီမငယ်လေးတစ်ယောက်ပေါ်ထွက်လာပါတယ်။ သူကတော့ သင်းမြနွေး ဆိုတဲ့ညီမလေးပါ။

ဒါပေမယ့် အဲဒီသတင်းတွေထွက်လာအပြီး သိပ်မကြာခင်မှာ Thin Mya Nway အမည်နဲ့ လူမှုကွန်ယက် ( Facebook ) အကောင့်တစ်ခုပေါ်ထွက်လာပါတယ်။ အဲဒီအကောင့်ဟာ သင်းမြနွေး ရဲ့ Profile ဓာတ်ပုံတင်ထားပြီး “ တစ်နိုင်ငံလုံးပထမရလို့ ဝမ်းသာတဲ့အနေနဲ့ ငွေဖြည့်ကဒ်တွေမဲဖောက်ပေးချင်လို့ပါ “ လို့ရေးသားထားခဲ့ပြီး အချိန် ၁၂ နာရီအတွင်း အဲဒီပို့စ်ဟာ Reaction ( Like, Love, Haha ) ပေါင်း ၂၃၀၀ နဲ့ ပြန်လည်မျှဝေမှုပေါင်း ၂၄၁၄ ( လက်ရှိအချိန်အထိ ) ရှိနေပါတယ်။


ပြန်လည်မျှဝေသူတွေအနေနဲ့ ဖုန်းနံပါတ်တွေကိုရေးသားထားခဲ့ကြပြီး တစ်ချို့ကလည်း Fake account တစ်ခုဖြစ်ကြောင်းကိုပြောဆိုခဲ့ပါတယ်။ အဆိုပါ ညီမလေးရဲ့ အောင်မြင်မှုနဲ့ပတ်သက်လို့ ဂုဏ်ပြုကြတဲ့သူတွေအများကြီးရှိခဲ့ပြီး လက်ရှိ သင်းမြနွေးအကောင့်ကနေ ဘာကိုမှ Giveaway လုပ်တာမရှိတဲ့အကြောင်းကိုလည်းတစ်ချို့ကဖြေရှင်းခဲ့ကြပါတယ်။

သင်းမြနွေးဟာ အထက ( ၁ ) ဒဂုံ ကနေ စုစုပေါင်းအမှတ် ၅၅၃ မှတ်နဲ့မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့တာဖြစ်ပြီး ဖခင် ဦးသက်ခိုင် နဲ့ မိခင် ဒေါ်ခင်ဌေး တို့ရဲ့ ဒုတိယမြောက်သမီးလေးဖြစ်ကြောင်းလည်းသိရပါတယ်။
အခုလိုမျိုး အောင်မြင်တဲ့သူတွေ၊ နာမည်ကျော် Cele တွေကို ခုတုံးလုပ်ပြီး Giveaway ပေးမယ်လို့ပြောဆိုနေတဲ့ အကောင့်တွေ၊ ပို့စ်တွေအများကြီးရှိနေတာဖြစ်ပါတယ်။ အားလုံးကလည်း ညီမလေးသင်းမြနွေး နဲ့ သက်ဆိုင်သူတွေသတိထားမိအောင် ပြန်လည်ဝေမျှပေးပါဦး။

Gabriel
Photo Crd : thin mya nway facebook

( ဓာတ်ပုံများကို Tun Tun Naing နှင့် Thin Mya Nway facebook အကောင့်မှရယူထားခြင်းဖြစ်ပြီး ကာယကံရှင်များကို credit ပေးပါသည်။ )

( Unicode ျဖင္႔ဖတ္ရန္ )
Whole Burma First ရရွိခဲ႕တဲ႕သင္းျမေႏြးရဲ႕ Fake Account တစ္ခုထြက္ေပၚလာ
မေန႕က ၁၀ တန္းေအာင္စာရင္းေတြထြက္လာတဲ႕အခါမွာ ျမန္မာတစ္ျပည္လုံးအတုိင္းအတာနဲ႕ ပထမရတဲ႕ ညီမငယ္ေလးတစ္ေယာက္ေပၚထြက္လာပါတယ္။ သူကေတာ႕ သင္းျမေႏြး ဆုိတဲ႕ညီမေလးပါ။ ဒါေပမယ္႕ အဲဒီသတင္းေတြထြက္လာအျပီး သိပ္မၾကာခင္မွာ Thin Mya Nway အမည္နဲ႕ လူမွဳကြန္ယက္ ( Facebook ) အေကာင္႕တစ္ခုေပၚထြက္လာပါတယ္။ အဲဒီအေကာင္႕ဟာ သင္းျမေႏြး ရဲ႕ Profile ဓာတ္ပုံတင္ထားျပီး “ တစ္ႏုိင္ငံလုံးပထမရလုိ႕ ၀မ္းသာတဲ႕အေနနဲ႕ ေငြျဖည္႔ကဒ္ေတြမဲေဖာက္ေပးခ်င္လုိ႕ပါ “ လုိ႕ေရးသားထားခဲ႕ျပီး အခ်ိန္ ၁၂ နာရီအတြင္း အဲဒီပုိ႕စ္ဟာ Reaction ( Like, Love, Haha ) ေပါင္း ၂၃၀၀ နဲ႕ ျပန္လည္မွ်ေ၀မွဳေပါင္း ၂၄၁၄ ( လက္ရွိအခ်ိန္အထိ ) ရွိေနပါတယ္။
ျပန္လည္မွ်ေ၀သူေတြအေနနဲ႕ ဖုန္းနံပါတ္ေတြကိုေရးသားထားခဲ႕ၾကျပီး တစ္ခ်ဳိ႕ကလည္း Fake account တစ္ခုျဖစ္ေၾကာင္းကုိေျပာဆုိခဲ႕ပါတယ္။ အဆုိပါ ညီမေလးရဲ႕ ေအာင္ျမင္မွဳနဲ႕ပတ္သက္လုိ႕ ဂုဏ္ျပဳၾကတဲ႕သူေတြအမ်ားၾကီးရွိခဲ႕ျပီး လက္ရွိ သင္းျမေႏြးအေကာင္႕ကေန ဘာကုိမွ Giveaway လုပ္တာမရွိတဲ႕အေၾကာင္းကုိလည္းတစ္ခ်ဳိ႕ကေျဖရွင္းခဲ႕ၾကပါတယ္။ သင္းျမေႏြးဟာ အထက ( ၁ ) ဒဂုံ ကေန စုစုေပါင္းအမွတ္ ၅၅၃ မွတ္နဲ႕ျမန္မာတစ္ႏိုင္ငံလုံး ပထမရရွိခဲ႕တာျဖစ္ျပီး ဖခင္ ဦးသက္ခုိင္ နဲ႕ မိခင္ ေဒၚခင္ေဌး တုိ႕ရဲ႕ ဒုတိယေျမာက္သမီးေလးျဖစ္ေၾကာင္းလည္းသိရပါတယ္။
အခုလုိမ်ဳိး ေအာင္ျမင္တဲ႕သူေတြ၊ နာမည္ေက်ာ္ Cele ေတြကုိ ခုတုံးလုပ္ျပီး Giveaway ေပးမယ္လုိ႕ေျပာဆုိေနတဲ႕ အေကာင္႔ေတြ၊ ပုိ႕စ္ေတြအမ်ားၾကီးရွိေနတာျဖစ္ပါတယ္။ အားလုံးကလည္း ညီမေလးသင္းျမေႏြး နဲ႕ သက္ဆုိင္သူေတြသတိထားမိေအာင္ ျပန္လည္ေ၀မွ်ေပးပါဦး။
Gabriel
Photo Crd : thin mya nway facebook
( ဓာတ္ပုံမ်ားကုိ Tun Tun Naing ႏွင္႔ Thin Mya Nway facebook အေကာင္႔မွရယူထားျခင္းျဖစ္ျပီး ကာယကံရွင္မ်ားကုိ credit ေပးပါသည္။ )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။