ဘလက်ကော်ဖီအသောက်များတဲ့ခင်ပွန်းကြောင့်လူမည်းလေးမွေးရတာလို့ပြောတဲ့လူဖြူအမျိုးသမီး

( Zawgyi ဖြင့်ဖတ်ရန် )

ပြီးခဲ့တဲ့ကြာသပတေးနေ့က စပိန်နိုင်ငံကဆေးရုံတစ်ရုံမှာ အသက် ၂၄ နှစ်အရွယ်လူဖြူအမျိုးသမီးတစ်ယောက်ဟာ အလေးချိန် ၄.၂ ကီလိုဂရမ်ရှိတဲ့ကလေးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ကလေးမွေးတယ်ဆိုတာ အရွယ်ရောက်တဲ့သူတွေအဖို့တော့ သိပ်ပြီးမထူးခြားတဲ့အရာပါ။ ဒါပေမယ့် ထူးခြားတာက ယောကျာ်းရော၊ မိန်းမပါ လူဖြူတွေဖြစ်ပေမယ့် မွေးလာတဲ့ကလေးလေးက လူမည်းလေးဖြစ်နေတာပါပဲ။

မွေးခန်းထဲကနေ ကလေးကို အပြင်ထုတ်လာပြီး၊ ကလေးကိုတွေ့ခဲ့ပြီးနောက် ယောကျာ်းဖြစ်သူက ကလေးရဲ့အသားအရောင်နဲ့ပတ်သက်လို့ မိန်းမဖြစ်သူကို ဖြေရှင်းချက်တောင်းပါတော့တယ်။ သူ့အနေနဲ့ လူမျိုးရေး၊ အသားအရောင်နဲ့ပတ်သက်လို့ ခွဲခြားတဲ့စိတ်မရှိကြောင်း၊ ဒါပေမယ့် လူဖြူမိဘနှစ်ပါးကနေ လူမည်းလေးမွေးဖွားလာတာ သာမန်မဟုတ်တဲ့အတွက် မိန်းမဖြစ်သူက သူ့အပေါ်ဖောက်ပြန်ခဲ့လား ဆိုပြီးမေးမြန်းခဲ့တာပါ။ အဲ့ဒီအမေးနဲ့ပတ်သက်လို့ မိန်းမဖြစ်သူက လိမ်ညာခဲ့တာမရှိသလို၊ ဖောက်ပြန်ထားတာလည်းမရှိကြောင်း၊ ယောကျာ်းဖြစ်သူဟာ နေ့နေ့ညည ဘလက်ခ်ကော်ဖီကိုပဲ စွဲသောက်နေတဲ့အတွက် မွေးလာတဲ့ကလေးလေးလည်း မည်းမည်းလေးဖြစ်နေရတာ ဆိုပြီးပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ယောကျာ်းဖြစ်သူက မိန်းမအပေါ်မယုံကြည်ခဲ့မိတဲ့အတွက်နောင်တရကြောင်းပြောဆိုခဲ့ပြီး ဘလက်ခ်ကော်ဖီကို အမြဲတမ်းသောက်တယ်ဆိုတာ မှန်ကန်ကြောင်းပြောဆိုခဲ့ပါတယ်။ နောက်ပြီး မိန်းမဖြစ်သူကိုလည်းအကြွင်းမဲ့ယုံကြည်တဲ့အတွက်ကြောင့် ဒီအန်အေ ( မျိုးရိုးဗီဇစစ်ဆေးခြင်း ) ကိုလည်းပြုလုပ်တော့မှာမဟုတ်ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

Gabriel
Ref : thereisnew

( Unicode ျဖင္႕ဖတ္ရန္ )
ဘလက္ေကာ္ဖီအေသာက္မ်ားတဲ႕ခင္ပြန္းေၾကာင္႕လူမည္းေလးေမြးရတာလုိ႕ေျပာတဲ႕လူျဖဴအမ်ဳိးသမီး
ျပီးခဲ႕တဲ႕ၾကာသပေတးေန႕က စပိန္ႏုိင္ငံကေဆးရုံတစ္ရုံမွာ အသက္ ၂၄ ႏွစ္အရြယ္လူျဖဴအမ်ဳိးသမီးတစ္ေယာက္ဟာ အေလးခ်ိန္ ၄.၂ ကီလုိဂရမ္ရွိတဲ႕ကေလးေလးတစ္ေယာက္ကုိ ေမြးဖြားခဲ႕ပါတယ္။ အမ်ဳိးသမီးတစ္ေယာက္ကေလးေမြးတယ္ဆုိတာ အရြယ္ေရာက္တဲ႕သူေတြအဖုိ႕ေတာ႕ သိပ္ျပီးမထူးျခားတဲ႕အရာပါ။ ဒါေပမယ္႕ ထူးျခားတာက ေယာက်ာ္းေရာ၊ မိန္းမပါ လူျဖဴေတြျဖစ္ေပမယ္႕ ေမြးလာတဲ႕ကေလးေလးက လူမည္းေလးျဖစ္ေနတာပါပဲ။
ေမြးခန္းထဲကေန ကေလးကုိ အျပင္ထုတ္လာျပီး၊ ကေလးကုိေတြ႔ခဲ႕ျပီးေနာက္ ေယာက်ာ္းျဖစ္သူက ကေလးရဲ႕အသားအေရာင္နဲ႕ပတ္သက္လုိ႕ မိန္းမျဖစ္သူကုိ ေျဖရွင္းခ်က္ေတာင္းပါေတာ႕တယ္။ သူ႕အေနနဲ႕ လူမ်ဳိးေရး၊ အသားအေရာင္နဲ႕ပတ္သက္လုိ႕ ခြဲျခားတဲ႕စိတ္မရွိေၾကာင္း၊ ဒါေပမယ္႕ လူျဖဴမိဘႏွစ္ပါးကေန လူမည္းေလးေမြးဖြားလာတာ သာမန္မဟုတ္တဲ႕အတြက္ မိန္းမျဖစ္သူက သူ႔အေပၚေဖာက္ျပန္ခဲ႕လား ဆုိျပီးေမးျမန္းခဲ႕တာပါ။ အဲ႕ဒီအေမးနဲ႕ပတ္သက္လုိ႕ မိန္းမျဖစ္သူက လိမ္ညာခဲ႕တာမရွိသလုိ၊ ေဖာက္ျပန္ထားတာလည္းမရွိေၾကာင္း၊ ေယာက်ာ္းျဖစ္သူဟာ ေန႕ေန႕ညည ဘလက္ခ္ေကာ္ဖီကုိပဲ စြဲေသာက္ေနတဲ႕အတြက္ ေမြးလာတဲ႕ကေလးေလးလည္း မည္းမည္းေလးျဖစ္ေနရတာ ဆုိျပီးျပန္လည္ေျဖရွင္းခဲ႕ပါတယ္။
ေယာက်ာ္းျဖစ္သူက မိန္းမအေပၚမယုံၾကည္ခဲ႕မိတဲ႕အတြက္ေနာင္တရေၾကာင္းေျပာဆုိခဲ႕ျပီး ဘလက္ခ္ေကာ္ဖီကုိ အျမဲတမ္းေသာက္တယ္ဆုိတာ မွန္ကန္ေၾကာင္းေျပာဆုိခဲ႕ပါတယ္။ ေနာက္ျပီး မိန္းမျဖစ္သူကုိလည္းအၾကြင္းမဲ႕ယုံၾကည္တဲ႕အတြက္ေၾကာင္႕ ဒီအန္ေအ ( မ်ဳိးရုိးဗီဇစစ္ေဆးျခင္း ) ကုိလည္းျပဳလုပ္ေတာ႕မွာမဟုတ္ဘူးလုိ႕ မီဒီယာေတြကုိ ေျပာၾကားခဲ႕ေၾကာင္းသိရွိရပါတယ္။

Gabriel
Ref : thereisnew

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။