ရင်သားကင်ဆာအစောပိုင်းအဆင့်ကို ဓာတုကုထုံးမလိုပဲ ပျောက်ကင်းအောင်ကုသနိုင်

( Zawgyi ဖြင့်ဖတ်ရန် )

အမျိုးသမီးရင်သားကင်ဆာ ပထမအဆင့်ကို ဓာတ်ကင်တဲ့ပုံစံမျိုး ( ဓာတုကုထုံးတွေမလိုပဲ ) တွေမလုပ်ပဲ ပုံမှန်ကုသခြင်းနည်းနဲ့ပျောက်ကင်းနိုင်တယ်လို့ အမေရိကန်ဆေးသိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ကင်ဆာကျိတ်တွေဟာ ခပ်သေးသေးပမာဏအဆင့်မှာပဲရှိနေသေးပြီး ပြန်ရည်ကြောဖု ( Lymph Nodes ) တွေထဲကို ပျံ့နှံ့ခြင်းမရှိသေးတဲ့အချိန်ဟာ ကုသဖို့အကောင်းဆုံးဖြစ်ပြီး ခက်ခက်ခဲခဲပြုလုပ်စရာမလိုသလို ဓာတုဗေဒနည်းတွေလည်းမလိုအပ်တာကြောင့် လူနာအတွက်ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့် ဆံပင်ကျွတ်တာ၊ နေမကောင်းဖြစ်ပြီး အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ သန္ဓေသားထိခိုက်တာ စတာတွေကို ရှောင်ရှားနိုင်မယ်လို့ သိရပါတယ်။

အဲဒီအကြောင်းကိုတော့ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ ကင်ဆာရောဂါဆိုင်ရာ အစည်းအဝေးကကောက်နုတ်ချက်အတိုင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်က အတည်ပြုရေးသားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာရှိနေတဲ့ အမျိုးသမီးပေါင်း နှစ်သိန်းခွဲခန့်ဟာ ရင်သားကင်ဆာကို ခံစားနေကြရတာဖြစ်ပြီး အဲဒီအထဲက အမျိုးသမီး ခြောက်သောင်းသုံးထောင်လောက်ကတော့ အစောပိုင်းအဆင့်မှာပဲရှိနေသေးတယ်လို့ သိရပါတယ်။

ရင်သားကင်ဆာစဖြစ်ဖြစ်ချင်းအဆင့်မှာ အသက်ရှင်နိုင်ချေက ၉၉ ရာခိုင်နှုန်း၊ ပြန်ရည်ကြောဖုတွေအထဲ ကင်ဆာဆဲလ်တွေစတင်ပျံ့နှံ့တဲ့အချိန်မှာ သိခဲ့ရင်အသက်ရှင်နိုင်ချေက ၈၅ ရာခိုင်နှုန်း နဲ့ ခန္ဓာကိုယ်နေရာအနှံ့ကိုကင်ဆာဆဲလ်တွေပြန့်နှံ့နေပြီဆိုရင်တော့ အသက်ရှင်နိုင်ချေက ၂၇ ရာခိုင်နှုန်း အသီးသီးရှိတယ်လို့လည်း သိရပါတယ်။

Gabriel
Ref : cancer.net

( Unicode ျဖင္႕ဖတ္ရန္ )

ရင္သားကင္ဆာအေစာပုိင္းအဆင္႕ကုိ ဓာတုကုထုံးမလုိပဲ ေပ်ာက္ကင္းေအာင္ကုသႏုိင္
အမ်ဳိးသမီးရင္သားကင္ဆာ ပထမအဆင္႕ကုိ ဓာတ္ကင္တဲ႕ပုံစံမ်ဳိး ( ဓာတုကုထုံးေတြမလုိပဲ ) ေတြမလုပ္ပဲ ပုံမွန္ကုသျခင္းနည္းနဲ႕ေပ်ာက္ကင္းႏုိင္တယ္လုိ႕ အေမရိကန္ေဆးသိပၸံပညာရွင္ေတြက ေျပာၾကားလုိက္ပါတယ္။ ကင္ဆာက်ိတ္ေတြဟာ ခပ္ေသးေသးပမာဏအဆင္႕မွာပဲရွိေနေသးျပီး ျပန္ရည္ေၾကာဖု ( Lymph Nodes ) ေတြထဲကုိ ပ်ံ႕ႏွံ႕ျခင္းမရွိေသးတဲ႕အခ်ိန္ဟာ ကုသဖုိ႔အေကာင္းဆုံးျဖစ္ျပီး ခက္ခက္ခဲခဲျပဳလုပ္စရာမလုိသလုိ ဓာတုေဗဒနည္းေတြလည္းမလုိအပ္တာေၾကာင္႕ လူနာအတြက္ေဘးထြက္ဆုိးက်ဳိးျဖစ္ေစမယ္႕ ဆံပင္က်ြတ္တာ၊ ေနမေကာင္းျဖစ္ျပီး ေအာ႕အန္တာ၊ ေခါင္းကုိက္တာ နဲ႕ သေႏၶသားထိခုိက္တာ စတာေတြကုိ ေရွာင္ရွားႏုိင္မယ္လုိ႕ သိရပါတယ္။ အဲဒီအေၾကာင္းကုိေတာ႕ တနဂၤေႏြေန႕ကျပဳလုပ္ခဲ႕တဲ႕ ကင္ဆာေရာဂါဆုိင္ရာ အစည္းအေ၀းကေကာက္ႏုတ္ခ်က္အတုိင္း နယူးအဂၤလန္ေဆးပညာဂ်ာနယ္က အတည္ျပဳေရးသားခဲ႕တာျဖစ္ပါတယ္။
အေမရိကန္ႏုိင္ငံမွာရွိေနတဲ႕ အမ်ဳိးသမီးေပါင္း ႏွစ္သိန္းခြဲခန္႕ဟာ ရင္သားကင္ဆာကုိ ခံစားေနၾကရတာျဖစ္ျပီး အဲဒီအထဲက အမ်ဳိးသမီး ေျခာက္ေသာင္းသုံးေထာင္ေလာက္ကေတာ႕ အေစာပုိင္းအဆင္႕မွာပဲရွိေနေသးတယ္လုိ႕ သိရပါတယ္။
ရင္သားကင္ဆာစျဖစ္ျဖစ္ခ်င္းအဆင္႕မွာ အသက္ရွင္ႏုိင္ေခ်က ၉၉ ရာခုိင္ႏွဳန္း၊ ျပန္ရည္ေၾကာဖုေတြအထဲ ကင္ဆာဆဲလ္ေတြစတင္ပ်ံ႕ႏွံ႕တဲ႕အခ်ိန္မွာ သိခဲ႕ရင္အသက္ရွင္ႏုိင္ေခ်က ၈၅ ရာခုိင္ႏွဳန္း နဲ႕ ခႏၶာကိုယ္ေနရာအႏွံ႕ကုိကင္ဆာဆဲလ္ေတြျပန္႕ႏွံ႕ေနျပီဆုိရင္ေတာ႕ အသက္ရွင္ႏုိင္ေခ်က ၂၇ ရာခုိင္ႏွဳန္း အသီးသီးရွိတယ္လုိ႕လည္း သိရပါတယ္။

Gabriel
Ref : cancer.net


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။