မိသားစုပြသနာအပြင် တခြားနာကျင်စရာများပြည့်နှက်နေခဲ့ဖူးတဲ့ Sunmi

စတိတ်ပေါ်မှာ ပရိသတ်တွေနဲ့အတူတူ ပျော်ရွင်မူအပြည့်နဲ့ ကပြဖျော်ဖြေနေကြတဲ့ K idol များဟာ နောက်ကွယ်မှာ ဘယ်လို နာကျင်မူတွေရင်ထဲမှာ အမြဲ ခံစားနေရတယ်ဆိုတာကိုတော့ သူတို့ပရိသတ်တွေကို ထုတ်ဖော်ပြောပြလေ့ မရှိကြပါဖူး ။
Idol တယောက်ဖြစ်လာဖို့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသလို Idol မဖြစ်ခင်ကာလမှာလဲ ခက်ခဲကြမ်းတမ်းလှပြီး ဆင်းရဲများထဲက   မိသားစုဘဝကို ရုန်းကန်ရှာဖွေလာခဲ့တဲ့  Idol များစွာရှိကြပါတယ်။ မိသားစုက သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြစ်မြောက်အောင်မလုပ်ပေးနိုင်ကြဖူး။အခက်အခဲ ကိုယ်စီနဲ့ ဆယ်ကျော်သက်ဘဝကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ အခုလိုအောင်မြင်တဲ့ ဘဝကို လျောက်လှမ်းလာနိုင်ခဲ့တဲ့ သူမကတော့


Summi ( Wonder girls )


သူမလေးတန်းလောက်တုန်းက အောင်မြင်တဲ့ အနုပညာရှင်တယောက် အရမ်းကို ဖြစ်ချင်ခဲ့တာပါ။ အရမ်းလဲနာမည်ကြီးချင်ပြီး ပိုက်ဆံများများရနိုင်တဲ့ အနုပညာအလုပ်ကို လုပ်ဖို့ သူမရူးသွပ်ခဲ့ရပါတယ်။မိသားစုဝင်တွေဖြစ်တဲ့ အဖေနဲ့ အကိုနှစ်ယောက် က သူမအိမ်မက်တွေကို အကောင်ထည်မဖော်ပေးနိုင်ခဲ့ဖူး။ အဖေကလဲ ဆေးရုံတတ်နေရတဲ့ အချိန်မှာ Summi လေးဟာ သူအိပ်မက်အတွက်ရော ပိုက်ဆံများများရဖို့အတွက်ကိုဘဲခေါင်းထဲမှာ ရှိနေခဲတာမို့ ပညာရေးကို သိပ်စိတ်မပါတော့ဘဲ အသက် 12 နှစ်အရွယ်မှာ သူမ Audition တွေ ဝင်ဖြေခဲ့တယ်။ အသက်  14 နှစ်မှာ သူမ JYP entertainment ရဲ့ Trainee တစ်ယောက်ဖြစ်ခဲ့ပြီး  dubuted ဖြစ်ဖို့ သုံးလအလိုမှာ တဦးတည်းသော ဖခင်ဟာ ဆုံးပါးသွားခဲ့တာကို TV show တစ်ခုမှာ ပြောပြခဲ့ပါတယ်။


“ အဖေရဲ့ အိမ်မက်က ကျွန်မအဆိုတော် တစ်ယောက်ဖြစ်လာဖို့လေ
သုံးလလောက်သာ စောပြီး debuted ပေးရင် သိပ်ကောင်းမှာဘဲ "

အခုလက်ရှိမှာတော့ Sunmi ရဲ့ အကိုနှစ်ယောက်က သာယာတဲ့ မိသားစုဘဝကို ကိုယ်စီပိုင်ဆိုင်ထားကြသလို သူမကိုလည်း အခုထိ ဂရုစိုက်ပေးကြတုန်းပါတဲ့ ။


အမြဲပျော်ပျော်နေတတ်ပြီး အခုချိန်ထိ ချစ်ဖို့ကောင်းနေသေးတဲ့ Sunmi က သူ့ဘဝရဲ့နာကျင်စရာတွေကို ထုတ်ပြောဖို့ အမြဲဝန်လေးနေသူတစ်ဦးပါ။
လွတ်လွတ်လပ်လပ်နဲ့ ကျန်ရှိသေးတဲ့ ဘဝကို ပရိတ်သတ်တွေနဲ့ ဘဲကုန်ဆုံးသွားချင်တဲ့ Sunmiအကြောင်းကို အားလုံးဖတ်ပြီး စိတ်မကောင်းဖြစ်ကြတယ်မလား



Source - Koreaboo




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။