ခရီးတစ်ခုသွားတော့မယ်ဆိုရင် ထည့်သွားသင့်တဲ့ ဖက်ရှင်အမျိုးအစားများ

ခရီးတစ်ခုသွားတော့မယ်ဆိုရင် အဝတ်အစားတွေကိုသေချာလေး ထည့်သွားဖို့နဲ့ သေချာစီစဉ်သွားဖို့က အရေးကြီးပါတယ်။ ခရီးသွားရင် ဘယ်နေ့မှာဘာတွေဝတ်ရမလဲဆိုပြီး သေချာလေးထည့်သွားတတ်ပေမယ့် တချို့လိုအပ်တဲ့ ဖက်ရှင်အမျိုးအစားတွေနဲ့ အဝတ်အစားတချို့ကိုတော့ ထည့်ဖို့မေ့နေတတ်ပါတယ်။ ဒါကြောင့် ခရီးတစ်ခုသွားတော့မယ်ဆိုရင် ထည့်သွားသင့်တဲ့ ဖက်ရှင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးထုပ်

ခရီးသွားတဲ့အခါမှာတော့ ဦးထုပ်လေးတွေက အရမ်းကိုအသုံးဝင်ပါတယ်။ ရိုးရိုးဦးထုပ်လေးတွေပဲဖြစ်ဖြစ်၊ Floppy ဦးထုပ်လေးတွေပဲဖြစ်ဖြစ် နေရာ၊ အဝတ်အစားနဲ့လိုက်ဖက်အောင်ဝတ်တတ်ရင် ဖက်ရှင်ကျစေပါတယ်။

Sunglasses

ခရီးသွားရင် မဖြစ်မနေယူသွားရမှာကတော့ နေကာမျက်မှန်ပါပဲ။ နေကာမျက်မှန်နဲ့ ရှိုးထုတ်လို့လည်းရတဲ့အတွက် သယ်သွားဖို့ဘယ်တော့မှမမေ့ပါနဲ့။

Cute Tracksuit/joggers Set

ခရီးသွားတဲ့အခါမှာ အလိုက်ဖက်ဆုံးဖက်ရှင်ကတော့ Cute Tracksuit/joggers Set လေးပါပဲ။ ဝတ်ရတာသက်တောင့်သက်သာရှိပြီး အရမ်းဖက်ရှင်ကျကာမိုက်နေစေပါတယ်။ ဒါကြောင့် ဒီဖက်ရှင်လေးကိုလည်း ထည့်သွားဖို့မမေ့ပါနဲ့။

Tennis Shoes

Tennis Shoes လေးတွေကလည်း ခရီးသွားတဲ့အခါမှာ ထည့်သွားသင့်ပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း ဖက်ရှင်ကျစေလို့ ခရီးသွားတဲ့အခါမှာ ထည့်သွားဖို့မမေ့သင့်ပါဘူး။

Jeans Jacket

Jeans Jacket ကတော့ ပြောနေစရာတောင်မလိုပါဘူး။ ခရီးသွားတဲ့သူတိုင်း ယူသွားနေကျအဝတ်အစားလေးပဲ ဖြစ်မှာပါ။ Jeans Jacket လေးတွေနဲ့ အမျိုးမျိုးရှိုးထုတ်နိုင်တာမို့ ယူသွားဖို့ မမေ့နဲ့နော်။

Satin Pajama Set

Hotel မှာအပ်ရင် ရိုးရိုးညဝတ်ဘောင်းဘီအရှည်တွေနဲ့ တီရှပ်တွေလည်း ဝတ်လို့ရပေမယ့် Satin Pajama Set လေးကျတော့ ဝတ်ထားရင် အရမ်းဖက်ရှင်ကျပြီး ချစ်စရာကောင်းစေတာမို့ ညအိပ်မှမဟုတ်ဘူး၊ အခန်းထဲမှာနေရင်လည်း ဝတ်ထားလို့ရတယ်။ ဓာတ်ပုံလည်း ရိုက်ရင်လှတယ်လေ။

Bathing Suit

Hotel တိုင်းကတော့ ရေကူးကန်ပါတာတွေချည်းပါပဲ။ ဒါကြောင့် ခရီးသွားလို့ Hotel မှာတည်းမယ်ဆိုရင် ရေကူးဝတ်စုံလေးထည့်သွားဖို့မမေ့ပါနဲ့။ ရေကူးဝတ်စုံလေးနဲ့ကျတော့ လှလည်းလှသလို၊ ဓာတ်ပုံလည်းရိုက်လို့ကောင်းတာပေါ့။

ခရီးတစ္ခုသြားေတာ့မယ္ဆိုရင္ အ၀တ္အစားေတြကိုေသခ်ာေလး ထည့္သြားဖို႔နဲ႔ ေသခ်ာစီစဥ္သြားဖို႔က အေရးႀကီးပါတယ္။ ခရီးသြားရင္ ဘယ္ေန႔မွာဘာေတြ၀တ္ရမလဲဆိုၿပီး ေသခ်ာေလးထည့္သြားတတ္ေပမယ့္ တခ်ိဳ႔လိုအပ္တဲ့ ဖက္ရွင္အမ်ိဳးအစားေတြနဲ႔ အ၀တ္အစားတခ်ိဳ႔ကိုေတာ့ ထည့္ဖို႔ေမ့ေနတတ္ပါတယ္။ ဒါေၾကာင့္ ခရီးတစ္ခုသြားေတာ့မယ္ဆိုရင္ ထည့္သြားသင့္တဲ့ ဖက္ရွင္အမ်ိဳးအစားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ဦးထုပ္
ခရီးသြားတဲ့အခါမွာေတာ့ ဦးထုပ္ေလးေတြက အရမ္းကိုအသံုး၀င္ပါတယ္။ ရိုးရိုးဦးထုပ္ေလးေတြပဲျဖစ္ျဖစ္၊ Floppy ဦးထုပ္ေလးေတြပဲျဖစ္ျဖစ္ ေနရာ၊ အ၀တ္အစားနဲ႔လိုက္ဖက္ေအာင္၀တ္တတ္ရင္ ဖက္ရွင္က်ေစပါတယ္။
Sunglasses
ခရီးသြားရင္ မျဖစ္မေနယူသြားရမွာကေတာ့ ေနကာမ်က္မွန္ပါပဲ။ ေနကာမ်က္မွန္နဲ႔ ရႈိးထုတ္လို႔လည္းရတဲ့အတြက္ သယ္သြားဖို႔ဘယ္ေတာ့မွမေမ့ပါနဲ႔။
Cute Tracksuit/joggers Set
ခရီးသြားတဲ့အခါမွာ အလိုက္ဖက္ဆံုးဖက္ရွင္ကေတာ့ Cute Tracksuit/joggers Set ေလးပါပဲ။ ၀တ္ရတာသက္ေတာင့္သက္သာရွိၿပီး အရမ္းဖက္ရွင္က်ကာမိုက္ေနေစပါတယ္။ ဒါေၾကာင့္ ဒီဖက္ရွင္ေလးကိုလည္း ထည့္သြားဖို႔မေမ့ပါနဲ႔။
Tennis Shoes
Tennis Shoes ေလးေတြကလည္း ခရီးသြားတဲ့အခါမွာ ထည့္သြားသင့္ပါတယ္။ ဓာတ္ပံုရိုက္ရင္လည္း ဖက္ရွင္က်ေစလို႔ ခရီးသြားတဲ့အခါမွာ ထည့္သြားဖုိ႔မေမ့သင့္ပါဘူး။
Jeans Jacket
Jeans Jacket ကေတာ့ ေျပာေနစရာေတာင္မလိုပါဘူး။ ခရီးသြားတဲ့သူတိုင္း ယူသြားေနက်အ၀တ္အစားေလးပဲ ျဖစ္မွာပါ။ Jeans Jacket ေလးေတြနဲ႔ အမ်ိဳးမ်ိဳးရိႈးထုတ္ႏိုင္တာမို႔ ယူသြားဖို႔ မေမ့နဲ႔ေနာ္။
Satin Pajama Set
Hotel မွာအပ္ရင္ ရိုးရိုးည၀တ္ေဘာင္းဘီအရွည္ေတြနဲ႔ တီရွပ္ေတြလည္း ၀တ္လို႔ရေပမယ့္ Satin Pajama Set ေလးက်ေတာ့ ၀တ္ထားရင္ အရမ္းဖက္ရွင္က်ၿပီး ခ်စ္စရာေကာင္းေစတာမို႔ ညအိပ္မွမဟုတ္ဘူး၊ အခန္းထဲမွာေနရင္လည္း ၀တ္ထားလို႔ရတယ္။ ဓာတ္ပံုလည္း ရိုက္ရင္လွတယ္ေလ။
Bathing Suit
Hotel တိုင္းကေတာ့ ေရကူးကန္ပါတာေတြခ်ည္းပါပဲ။ ဒါေၾကာင့္ ခရီးသြားလို႔ Hotel မွာတည္းမယ္ဆိုရင္ ေရကူး၀တ္စံုေလးထည့္သြားဖို႔မေမ့ပါနဲ႔။ ေရကူး၀တ္စံုေလးနဲ႔က်ေတာ့ လွလည္းလွသလို၊ ဓာတ္ပံုလည္းရိုက္လို႔ေကာင္းတာေပါ့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။