မင်းသမီးနေရာမှာ Lady Gaga ပါဝင်သရုပ်ဆောင်ထားတဲ့ “A Star Is Born” ဇာတ်ကားရဲ့ Trailer ထွက်ရှိလာ



Lil Monsters တို့အတွက် တကယ့်ကို သတင်းကောင်းလေးပါပေါ့။ Music Industry ပိုင်းမှာ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် Fashion ပိုင်းမှာလည်း အများနဲ့မတူပဲ တမူထူးခြားအောင် ဝတ်ဆင်ရှိတဲ့ Lady Gaga ဟာဆိုရင် ခု အဓိက အမျိုးသမီးဇာတ်ဆောင်နေရာမှာပါဝင်သရုပ်ဆောင်ထားတဲ့ “A Star Is Born” ဆိုတဲ့ ဇာတ်ကားရဲ့ Official Trailer ကို ဇွန်လ ၆ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါပြီ။


Music ပိုင်းမှာ ပရိသတ်တွေနဲ့ အဆက်ပြတ်နေရတဲ့အကြောင်းအရင်းဟာဆိုရင် Gaga ဟာ ဒီရုပ်ရှင်ဇာတ်ကားကြောင့် အလုပ်ရှုပ်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် Gaga ဟာ အမေရိကန် အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Bradley Cooper နဲ့ အတူတူသရုပ်ဆောင်ထားတဲ့အတွက် သူမအနေနဲ့ ဇာတ်လမ်းရဲ့ ကာရိုက်တာကို သရုပ်ဆောင်ခဲ့ရာမှာ အရမ်းကိုတာဝန်ကြီးခဲ့တယ်လို့ ထင်မြင်ယူဆမိပါတယ်။


ဘာဖြစ်လို့လဲဆိုတော့ Cooper ဟာ ကမ္ဘာ့ဈေးအကြီးဆုံး အမေရိကန် အမျိုးသားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အပြင် ဆုတွေများစွာလည်း ပိုင်ဆိုင်ထားပြီး Nominations မြောက်များစွာလည်း ပါဝင်ခဲ့ဖူးသူတစ်ဦးပါ။ အဆိုပိုင်းမှာသာ Passion ပိုများတဲ့ Gaga အနေနဲ့ ဒါဟာ အကြီးမားဆုံး Challenge တစ်ခုပါလို့လည်းပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trailer ကိုကြည့်လိုက်တာနဲ့တင် Gaga ဟာ သူမ ဘယ်လိုအကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ထားလဲဆိုတာ တွေ့မြင်နိုင်ခဲ့ခြင်းဖြစ်လို့ပါ။


ယခု လက်ရှိ “A Star Is Born”  ဆိုတဲ့ ဇာတ်ကားအပြင် တခြားနာမည်ဇာတ်ကားတွေလည်းရှိခဲ့ဖူးပါတယ်။ ၁၉၃၇ တုန်းက A Star Is Born မှာတုန်းကဆိုရင် Janet Gaynor နဲ့ Fredric March တို့သရုပ်ဆောင်ထားပြီး ၁၉၅၄ မှာ ဒါရိုက်တာ George Cukor ပြန်လည်ရိုက်ကူးထားတဲ့ A Star Is Born မှာဆိုရင် Judy Garland နဲ့ James Mason တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်ကားအနေနဲ့ကို ၁၉၇၆ ခုနှစ်မှာပြန်လည်ရိုက်ကူးထားပြီး Barbra Streisand နဲ့ Kris Kristofferson တို့က သရုပ်ဆောင်ထားခဲ့ခြင်းဖြစ်ပါတယ်။


မနေ့ညကမှ Trailer ထွက်ရှိထားတဲ့ A Star Is Born (၂၀၁၈) ဇာတ်ကားအသစ်ဟာ လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ရုံတင်ပြသတော့မယ်ဖြစ်ပြီး Lil Monsters တွေအတွက် သူတို့ရဲ့ Mother Monster တွေ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအတွက် အားလုံးရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်။ Lady Gaga ဟာ အရင်တုန်းက သရုပ်ဆောင်တွေထက် ပိုတော်နိုင်မလား။ ပိုပီပြင်နိုင်မလားဆိုတာကို Admin တောင် အရမ်းကိုကြည့်ချင်နေပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။