အရွယ်နဲ့မလိုက်အောင် သိတတ်လွန်းတဲ့ မသန်မစွမ်းကလေးငယ်လေး ထူးထူးနွယ်
( Zawgyi ဖြင့်ဖတ်ရန် )
သူ့နာမည်က ထူးထူးနွယ်လို့ခေါ်တယ်။ အသက်က ၄ နှစ် နဲ့ ၂ လပါ။ မွေးကတည်းက ခြေထောက်လေးတစ်ဖက်ပါမလာခဲ့ပေမယ့် ဘဝကိုအရှုံးမပေးပဲ ပညာသင်ကြားနေတဲ့သူ၊ လိမ္မာရေးခြားရှိသလို၊ အရွယ်နဲ့မလိုက်အောင်လည်း သိတတ်လွန်းပါတယ်။
မူရင်းစာရေးသူရဲ့ စာအတိုင်းပြန်လည်ဖော်ပြလိုက်ပါတယ်။
ဒီသမီးငယ်လေးဟာ အသက် ၄ နှစ် ၂ လ
ရှိပါသေးတယ်။ အစ်မဖြစ်သူ ကျောင်းတက်ဖို့သွားတော့ သူလည်း ကျောင်းတက်ဖို့ပူဆာတော့သူ့အမေက ကျောင်းကို လိုက်ပို့ရတယ်။
ကျောင်းမှာ ခဏနေပြီးပြန်လာတော့ ကျမတို့
အိမ်မာ ခဏနားတယ်။
ကျမက သမီးလေးကို မုန့်ဖိုး ပိုက်ဆံလေး
တစ်ထောင်ပေးလိုက်တဲ့အခါ သမီးလေးက
" အမေရေ ကျောင်းကို ပြန်သွားကြမယ်။
ဆရာမကို ဒီပိုက်ဆံ သွားပေးကြမယ်"
သမီးလေးရဲ့ စိတ်မှာ ပိုက်ဆံမရှိလို့။ ဆရာမကို
ပိုက်ဆံမပေးလို့ မတက်ရဘူးလို့ထင်နေတာ။
အမှန်က သူဟာ အသက်မပြည့်လို့
ကျောင်းမတက်သေးတာပါ။
ရွာမှာ ဒီနှစ်မူကြိုဖွင့်ထားတာရှိတယ်။
မူကြိုမှာ အပ်ဖို့ အကြံပြုကြည့်တော့ သမီးလေးရဲ့ အမေက
"အိမ်သာတက်တာတွေကအစ အခက်အခဲ
ဖြစ်နိုင်တယ်။ စိတ်မချသေးတဲ့အတွက်
မထားဖြစ်တာပါ"
မိဘတွေကလည်း ဆင်းရဲကြတယ်။
တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေပါ။
မိခင်ကလည်း ကျန်းမာရေး သိပ်မကောင်းပါ။
သမီးလေးဟာ အရမ်းကို သွက်လက်နေတယ်။
ဘောလုံးလည်း ကန်တယ်။ အိမ်ပေါ်
အတက်အဆင်းက သူများကို အားမကိုးဘူး။
သူ့အရပ်ကို တိုင်းကြည့်ချင်လို့ ထူမယ်လုပ်တော့ သူ့ဟာသူ ခြေထောက်တဘက် ထောက်ပြီး
ရပ်လို့ရပါတယ်။သက်ငယ်ပေမယ့် မွေးရာပါ ဗီဇလို့ ပြောရမလား။ စကားအပြောအဆိုက အစ
သွက်လက်ပြီး လိမ္မာယဉ်ကျေးမှုရှိတယ်။
၄ နှစ်အရွယ်လို့တောင်မထင်ရဘူး။
အိမ်းနားက ကလေးတယောက်မှာ
ဖိနပ်တဘက်ပျောက်သွားလို့ ကျန်တဲ့တဘက်ကို သူ့အမေကယူလာပြီး သူ့ကို စီးခိုင်းတော့
" အမေက လမ်းက ကောက်ရလာတာဘဲ။ သမီး မစီးချင်ဘူး။ ဒီပိုက်ဆံနဲ့ အသစ်သွားဝယ်
ကြမယ်နှော်" တဲ့
ကျမက ကွန်ပျူတာကို ဖွင့်ပြပြီး"သမီး ဒါနှင့် ဆော့မလား"လို့ မေးကြည့်တော့
"သမီးမှ မတတ်တာ"
"သင်ပေးမှာပေါ့။ စာလည်းသင်ပေးမယ်။ သမီး ဒီကို လာမှာလား။ အိမ်ကို မှတ်မိတယ်မလား။"
"မှတ်မိပါတယ်။ လာပါမယ်။ သမီးကို
သင်ပေးနှော်"တဲ့
ပြန်သွားတဲ့အချိန် မိုးရွာတော့ ထီးကိုသူ့ဖွင့်လိုက်တယ်။ ထီးထားတဲ့ ဘက်က ကျိုင်းထောက်ကို မကိုင်ဘဲ ကျိုင်းကြားမှာ ညှပ်ပြီး ထောက်သွားတဲ့ပုံက ချီးကျူးဖို့ ကောင်းနေပြန်တယ်။
သမီးလေးက မွေးရာပါ ခြေထောက်တဘက်
မရှိပေမယ့် သူ့ကိုယ်သူ ခြေထောက်တဘက်တည်းရှိတယ်လို့ ခံယူထားပုံမရပါဘူး။
ဒီကလေးကို ဝိုင်းဝန်းပံ့ပိုးကူညီပေးပြီး
သူ့အတွက် ဝန်းကျင်ကောင်းတခုကို ဖန်တီးပေး
နိုင်မယ်ဆိုရင် သူ့နာမည်က ထူးထူးနွယ်ဆိုတဲ့
အတိုင်းထူးထူးခြားခြား။ ထူးထူးချွန်ချွန် ဖြစ်လာမယ့်ခလေးလို့ ယုံကြည်မိပါတယ်။
WE စာဖတ်သူတွေလည်း ဒီ content လေးကိုဝိုင်း Share ပေးရင်း ထူးထူးနွယ်လေးကို တစ်ဖက်တစ်လမ်းကနေ ကူညီလိုက်ရအောင်။
Gabriel
Info and Photo crd : သူရ facebook
( ဓာတ်ပုံများနှင့် အကြောင်းအရာကို သူရ facebook မှထပ်ဆင့်ဖော်ပြခြင်းဖြစ်ပြီး မူရင်းပို့စ်ပိုင်ရှင်ကို we.com.mm မှ credit ပေးပါသည် )
( Unicode ဖြင့်ဖတ်ရန် )
အိမ်မာ ခဏနားတယ်။
ကျောင်းမတက်သေးတာပါ။
ဖြစ်နိုင်တယ်။ စိတ်မချသေးတဲ့အတွက်
မထားဖြစ်တာပါ"
ဘောလုံးလည်း ကန်တယ်။ အိမ်ပေါ်
၎ နှစ်အရွယ်လို့တောင်မထင်ရဘူး။
ကြမယ်နှော်" တဲ့
"သမီးမှ မတတ်တာ"
"မှတ်မိပါတယ်။ လာပါမယ်။ သမီးကို
သင်ပေးနှော်"တဲ့
Gabriel
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။