အရင်ထက်ပိုပြီးလှသွားစေဖို့ ပြောင်းလဲသင့်တဲ့ဖက်ရှင်နဲ့အပြင်အဆင်များ

မိန်းကလေးတွေဆိုတာကတော့ အချိန်တိုင်းမှာပြောင်းလဲပြီးလှနေဖို့လိုပါတယ်။ အလှအပရေးရာအတွက်သာမကပဲ ဖက်ရှင်အပြင်အဆင်တွေကိုလည်း ပြောင်းလဲပေးဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အရင်ထက်ပိုပြီးလှသွားစေဖို့ ပြောင်းလဲသင့်တဲ့ ဖက်ရှင်အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နားကပ်

နားကပ်တပ်တာကလည်း လူတစ်ယောက်ရဲ့အသွင်အပြင်တွေကို ပြောင်းလဲသွားစေပါတယ်။ နားကွင်းအမိုက်စားကြီးတွေ တပ်လိုက်ရင် လူကလည်း အလိုလိုမိုက်သွားတာပါ။ ရိုးရိုးနားကပ်သေးသေးလေးတွေတပ်တာထက် ခပ်ကြီးကြီးနားကပ်တွေတပ်တာက အလှကိုပိုပေါ်လွင်စေပါတယ်။ ဒါကြောင့် ကိုယ့်ဖက်ရှင်နဲ့လိုက်ဖက်တာမျိုးကို တပ်ပါ။

လက်ဝတ်ရတနာ

လက်ဝတ်ရတနာတွေကို ကိုယ်ဝတ်တဲ့ဖက်ရှင်တွေနဲ့ လိုက်ဖက်အောင်ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။ လက်ဝတ်ရတနာတွေဟာ လူတစ်ယောက်ရဲ့အပြင်အဆင်တွေကို ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် လက်ဝတ်ရတနာကိုလည်း ဂရုစိုက်ပေးပါ။

ပုဝါ

ပုဝါပတ်တဲ့ဖက်ရှင်အပြင်အဆင်လေးကလည်း အရမ်းဆွဲဆောင်မှုရှိစေပါတယ်။ လူတစ်ယောက်ကို တည်ငြိမ်ပြီး ရင့်ကျက်စွာနဲ့ လှသွားစေတဲ့ပုံလေး ပေါ်လွင်စေပါတယ်။ ဒါကြောင့် ပုဝါလေးတွေကို အမြဲဆောင်ထားပါ။

Boots

ဖိနပ်တွေဆိုရင် တော်တော်များများက ဖိနပ်အပါးတွေ၊ ဒေါက်ဖိနပ်တွေနဲ့ Sneakers တွေလောက်ပဲ ဝတ်ကြတာများပါတယ်။ Boots တွေကိုတော့ စီးကြတာနည်းပါတယ်။ ဒါကြောင့်လည်း Boots တွေက စီးလိုက်တာနဲ့ ကိုယ့်ရဲ့အသွင်အပြင်ကိုပြောင်းလဲသွားစေပါတယ်။

Eyebrow

လူတစ်ယောက်ရဲ့မျက်နှာမှာတော့ အရေးအကြီးဆုံးက မျက်ခုံးမွှေးပါပဲ။ သင့်မျက်ခုံးမွှေးကို တစ်နေ့နဲ့တစ်နေ့မတူအောင် ဆွဲကြည့်ပါ။ သင့်ရုပ်ကပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မျက်ခုံးမွှေးက အပြင်အဆင်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ အရင်နဲ့မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကိုပြောင်းလဲချင်ရင် ဒီအချက်လေးတွေကို ပြောင်းလဲလိုက်ပါ။

နားကပ်
လက်ဝတ်ရတနာ
ပုဝါ
Boots
Eyebrow

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။