Bunny Phyoe နဲ့ပြန်တွဲစေချင် သေလိုက်လေ လို့ပြောလိုက်တဲ့ Hannayuri

Hanna ဟာ တစ်ချိန်က Bunny Phyoe နဲ့ ချစ်သူတွေ ဖြစ်ခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူလို့ လမ်းခွဲခဲ့ကြတာကြာပါပြီ ...

Fan တစ်ချို့က သူမတို့နှစ်ယောက်ကို ပြန်တွဲစေ ချင်ကြပေမယ့် တစ်ချို့ကတော့ ပြန်မတွဲစေချင်ကြပါဘူး ...

တစ်ယောက်အကြောင်း တစ်ယောက် သိပ်ပြောလေ့မရှိပေမယ့် ဒီနေ့ 23facts about HannaYuri Video လေးမှာတော့ Hanna က Bunny Phyoe နဲ့ပတ်သတ်ပြီး စကားလေးတစ်ခွန်းပြောခဲ့ပါတယ် ...

ဒီ 23facts about HannaYuri ဆိုတဲ့ Video လေးက Hanna က သူမရဲ့ ပရိသတ်တွေ သိချင်တဲ့ မေးခွန်းတစ်ချို့ကို ဖြေပေးတာပဲ ဖြစ်ပါတယ်

..  မေးခွန်း ၁၀ ချက်ဖြေပြီး နောက်ဆုံးပိတ်ကဒ်လေးမှာတော့ Hanna က ဖုန်းကိုကြည့်ုပြီး "ko Bunny Phyoe နဲ့ပြန်တွဲစေချင် သေလိုက်လေ " လို့ ပြောခဲ့ပါတယ် ...

သူမရဲ့ fan တွေကတော့ Comment မှာ 

"နောက်ဆုံးဖြေသွားတာကြီးကချစ်စရာကြီးယူ ?❤❤❤"

"ကျေနပ်တယ်ချစ်ရေ ဘာကြောင့်ပဲ လမ်းခွဲလမ်းခွဲပါ ၂ ဦးမကျူးလွန်ထားတဲ့အမှားတေကြောင့်ဆိုတမျိုးပေါ့ အခုက အမှားတေအများကြီးလုပ်ခဲ့တဲ့လူကို သေတာတောင်ပြန်မတွဲဘူး အဲ့လိုစိတ်လေးမာနေတာ ချစ်တယ်"

"နောက်ဆုံးစကားလေးအရမ်းမိုက် ?"

စသဖြင့် comment တွေအများကြီးပေးထားကြတာတွေ့ရပါတယ် ...❤

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။