၂၀၁၈ ထိပ်သီးတွေ့ဆုံပွဲကနေ စင်ကာပူအတွက် ဘယ်လိုအကျိုးအမြတ်တွေထွက်လာနိုင်မလဲ

( Zawgyi ဖြင့်ဖတ်ရန် )

သိကြတဲ့အတိုင်း ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူမှာပြုလုပ်ခဲ့တာဆိုတော့ …. အဲဒီအရေးက တကယ်တမ်းလက်ရှိမှာအရမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုပါ။ စင်ကာပူအတွက်ပေါ့လေ။ နှစ်ဖက်ခေါင်းဆောင်တွေ နေရေးထိုင်ရေး၊ သွားလာရေး အဆင်ပြေစေဖို့အတွက် အဖက်ဖက်ကတာဝန်ယူရတယ်။ ပူးပေါင်းလုံခြုံရေးတွေလုပ်ရတယ်။ ခေါင်းဆောင်တွေရဲ့ကားတန်းတွေသွားရလာရအဆင်ပြေစေဖို့အတွက် အဓိကလမ်းမတစ်ချို့ကိုပိတ်လိုက်ရတယ်။ ဟော်တယ်ဝင်းတွေကို ပရိုက်ဗိတ်ဧရိယာတွေလုပ်လိုက်တယ်။ လုံခြုံရေးပိုတင်းကြပ်တယ်။ အဲဒီအတွက် နိုင်ငံသားတွေရဲ့ မေတ္တာပို့တာကိုခံရတယ်။ ဒါပေမယ့် ကိစ္စတော့မရှိ။ ဆွေးနွေးပွဲပြီးသွားပြီဆိုတာနဲ့ စင်ကာပူနိုင်ငံအတွက် လက်ဆောင်တွေထုနဲ့ထည်နဲ့စောင့်ကြိုနေပြီလေ …။

နံပတ်တစ် - ဒိတ်ဒိတ်ကြဲနှစ်ယောက်ရဲ့ခရီးစဉ်ကိုလက်ခံပေး၊ ဧည့်တောက်ခံပေးရတဲ့စားရိတ်တွေဟာ ဒေါ်လာသန်းနဲ့ချီပြီး ကုန်ကျမှုရှိတယ်။ ဒါပေမယ့် အဲဒီရဲ့အကျိုးဆက်အဖြစ် စင်ကာပူငွေဈေး ထိုးတက်သွားမယ်။

နံပါတ်နှစ် - စင်ကာပူအနေနဲ့ အမေရိကန်လုပ် F 35 မဟာဗျူဟာမြောက်ဖိုက်တာလေယာဉ်တွေအုံနဲ့ကျင်းနဲ့ဝယ်ယူခွင့်ရမယ်။ နောက်ပြီး အရှေ့တောင်အာရှမှာ တောင်ကိုရီးယားပြီးရင် အမေရိကန်လုပ် F 35 တွေရှိတဲ့ ဒုတိယအင်အားကြီးလေတပ်ကိုပိုင်ဆိုင်လာမယ်။

နံပါတ်သုံး - ဆွေးနွေးပွဲအပြီးမှာ စင်ကာပူကို ဧည့်သည်ဝင်ရောက်မှုပိုများလာမယ်။ ခေါင်းဆောင်တွေတည်းခဲ့တဲ့ မာရီနာဘေး ဟော်တယ်အပြင် ဆန်တိုဆာကျွန်းပေါ်က ကာပီလာ ဟော်တယ်တွေဟာ ကမ္ဘာ့ထိပ်တန်းနံပါတ် ၁ ဟော်တယ်ဆိုပြီးဖြစ်လာတော့မယ်။

ကားပွဲစားတွေလိုမျိုးပေါ့။ ရောင်းသူဝယ်သူအလုပ်ဖြစ်ရင် ကြားထဲကပွဲစားကအချောင်အမြတ်ရ .. အဲ .. တစ်ခုတော့ရှိတာပေါ့ ..။ ပါးစပ်လေးတော့စိုက်ရတာပေါ့လေ။ တကယ်တမ်းနိုင်ငံရေးဆိုတာလည်း စီးပွားရေးနဲ့လောဂျစ်တူတူပါပဲ။ အကျိုးအမြတ်မရှိရင် ခြင်တောင်မရိုက်ဘူးဆိုသလိုပေါ့ ..။

ဒါတွေကတော့ Summit 2018 အောင်အောင်မြင်မြင်ပြီးသွားရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်ပေါ့။ Summit အနေနဲ့ဘယ်လိုလာမလဲ၊ စင်ကာပူရော မှန်းထားတဲ့တွက်ကိန်းထဲပဲဝင်မလား၊ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးလားဆိုတာကတော့ မကြာမီလာမည်မျှော်ပေါ့လေ …။

Gabriel

( Unicode ျဖင္႔ဖတ္ရန္ )

၂၀၁၈ ထိပ္သီးေတြ႔ဆုံပြဲကေန စင္ကာပူအတြက္ ဘယ္လုိအက်ဳိးအျမတ္ေတြထြက္လာႏုိင္မလဲ
သိၾကတဲ႕အတုိင္း ထိပ္သီးေတြ႕ဆုံပြဲကုိ စင္ကာပူမွာျပဳလုပ္ခဲ႕တာဆုိေတာ႕ေလ …. အဲဒီအေရးက တကယ္တမ္းလက္ရွိမွာအရမ္းၾကီးေလးတဲ႕တာ၀န္ၾကီးတစ္ခုပါ။ စင္ကာပူအတြက္ေပါ႕ေလ။ ႏွစ္ဖက္ေခါင္းေဆာင္ေတြ ေနေရးထုိင္ေရး၊ သြားလာေရး အဆင္ေျပေစဖုိ႔အတြက္ အဖက္ဖက္ကတာ၀န္ယူရတယ္။ ပူးေပါင္းလုံျခဳံေရးေတြလုပ္ရတယ္။ ေခါင္းေဆာင္ေတြရဲ႕ကားတန္းေတြသြားရလာရအဆင္ေျပေစဖုိ႕အတြက္ အဓိကလမ္းမတစ္ခ်ဳိ႕ကုိပိတ္လုိက္ရတယ္။ ေဟာ္တယ္၀င္းေတြကုိ ပရုိက္ဗိတ္ဧရိယာေတြလုပ္လုိက္တယ္။ လုံျခဳံေရးပုိတင္းၾကပ္တယ္။ အဲဒီအတြက္ ႏုိင္ငံသားေတြရဲ႕ ေမတၱာပုိ႕တာကုိခံရတယ္။ ဒါေပမယ္႕ ကိစၥေတာ႕မရွိ။ ေဆြးေႏြးပြဲျပီးသြားျပီဆုိတာနဲ႕ စင္ကာပူႏုိင္ငံအတြက္ လက္ေဆာင္ေတြထုနဲ႕ထည္နဲ႕ေစာင္႕ၾကဳိေနျပီေလ …။
နံပတ္တစ္ - ဒိတ္ဒိတ္ၾကဲႏွစ္ေယာက္ရဲ႕ခရီးစဥ္ကုိလက္ခံေပး၊ ဧည္႕ေတာက္ခံေပးရတဲ႕စားရိတ္ေတြဟာ ေဒၚလာသန္းနဲ႕ခ်ီျပီး ကုန္က်မွဳရွိတယ္။ ဒါေပမယ္႕ အဲဒီရဲ႕အက်ဳိးဆက္အျဖစ္ စင္ကာပူေငြေစ်း ထုိးတက္သြားမယ္။
နံပါတ္ႏွစ္ - စင္ကာပူအေနနဲ႕ အေမရိကန္လုပ္ F 35 မဟာဗ်ဴဟာေျမာက္ဖုိက္တာေလယာဥ္ေတြအုံနဲ႕က်င္းနဲ႕၀ယ္ယူခြင္႕ရမယ္။ ေနာက္ျပီး အေရွ႕ေတာင္အာရွမွာ ေတာင္ကုိရီးယားျပီးရင္ အေမရိကန္လုပ္ F 35 ေတြရွိတဲ႕ ဒုတိယအင္အားၾကီးေလတပ္ကုိပုိင္ဆုိင္လာမယ္။
နံပါတ္သုံး - ေဆြးေႏြးပြဲအျပီးမွာ စင္ကာပူကုိ ဧည္႔သည္၀င္ေရာက္မွဳပိုမ်ားလာမယ္။ ေခါင္းေဆာင္ေတြတည္းခဲ႕တဲ႕ မာရီနာေဘး ေဟာ္တယ္အျပင္ ဆန္တုိဆာက်ြန္းေပၚက ကာပီလာ ေဟာ္တယ္ေတြဟာ ကမၻာ႔ထိပ္တန္းနံပါတ္ ၁ ေဟာ္တယ္ဆုိျပီးျဖစ္လာေတာ႕မယ္။
ကားပြဲစားေတြလုိမ်ဳိးေပါ႕။ ေရာင္းသူ၀ယ္သူအလုပ္ျဖစ္ရင္ ၾကားထဲကပြဲစားကအေခ်ာင္အျမတ္ရ .. အဲ .. တစ္ခုေတာ႕ရွိတာေပါ႕ ..။ ပါးစပ္ေလးေတာ႕စုိက္ရတာေပါ႕ေလ။ တကယ္တမ္းႏုိင္ငံေရးဆုိတာလည္း စီးပြားေရးနဲ႕ေလာဂ်စ္တူတူပါပဲ။ အက်ဳိးအျမတ္မရွိရင္ ျခင္ေတာင္မရုိက္ဘူးဆုိသလုိေပါ႕ ..။
ဒါေတြကေတာ႕ Summit 2018 ေအာင္ေအာင္ျမင္ျမင္ျပီးသြားရင္ျဖစ္လာႏုိင္တဲ႕အက်ဳိးဆက္ေပါ႔။ Summit အေနနဲ႕ဘယ္လုိလာမလဲ၊ စင္ကာပူေရာ မွန္းထားတဲ႕တြက္ကိန္းထဲပဲ၀င္မလား၊ မွန္းခ်က္နဲ႕ႏွမ္းထြက္မကိုက္ဘူးလားဆုိတာကေတာ႕ မၾကာမီလာမည္ေမွ်ာ္ေပါ႕ေလ …။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။