Pee mak မင်းသမီးလေး Mai Davika ပြောတဲ့အောင်မြင်မှုဆိုတာ

ရယ်စရာလည်းကောင်း ကြောက်စရာလည်းကောင်းတဲ့ သရဲကားလေး Pee mak ကိုမှတ်မိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားထဲကမင်းသမီးလေးကို အဲ့ဒီအချိန်ကတည်းက အားပေးလာကြတာအခုဆိုရင်မြန်မာနိုင်ငံမှာသူမရဲ့ပရိသတ်တွေမနည်းတော့ဘူးလေ။ မင်မင်လည်း အပါအဝင်ပေါ့။ မြန်မာနိုင်ငံမှာ event တွေရှိရင်လည်း မကြာမကြာလာတတ်တဲ့သူပါ။ တစ်နေ့ကတောင်mistineပွဲကိုလာသွားသေးတယ်နော်။

   နာမည်အရင်းက Mai Davika Hoorne  ဖြစ်ပြီး nick name ကတော့ Maiပါတဲ့။နောက်တစ်မျိုးMai Davikaလို့လည်းခေါ်ကြပါသေးတယ်။ဘယ်လ်ဂျီယံနဲ့ထိုင်းကပြားဖြစ်ပါတယ်။မေလ၁၆ရက်နေ့ ၁၉၉၂ မှာမွေးပြီး အရပ်ကတော့ ၅ပေ၉လက်မပါတဲ့။ Rangsit Universityကနေပြီး Communication Artsနဲ့ဘွဲ့ရထားတာပါ။သရုပ်ဆောင်အလုပ် အပြင်မော်ဒယ်လ်လည်းလုပ်ပါတယ်။ နောက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

 ကြည်နေတဲ့ အသားအရေလေးအပြင်မြင့်မားတဲ့အရပ်အမောင်းကိုပိုင်ဆိုင်ထားတဲ့ သူမက မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ကိုဖြစ်သင့်တာပါလေ။နောက်ပြီးတော့ ချစ်စရာကောင်းတဲ့ပုံစံဖြစ်စေ ရင့်ကျက်တည်ငြိမ်တဲ့ပုံစံနဲ့ဖြစ်စေ လိုက်ဖက်တာကိုတွေ့ရပါတယ်။ဘယ်လိုနေနေလှတယ်ဆိုပါတော့။သရုပ်ဆောင်အလုပ်ကို၂၀၁၀ခုနှစ်ကတည်းကစတင်လုပ်ကိုင်ခဲ့တာပါ။Ngao Kammathep ဆိုတဲ့ဇာတ်လမ်းမှာစတင်ပါဝင်ခဲ့တာဖြစ်ပြီး  Tawan Tor Saeng မှာတော့ နာမည်ရလာပါတယ်။မြန်မာနိုင်ငံမှာပါလူသိများခဲ့တဲ့ Peemak မှာတော့ အရမ်းကိုအောင်မြင်ခဲ့တာပါ။

အခုဆိုရင်ဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ထူးချွန်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ရခဲ့တဲ့ဆုတွေမှာbest actress၊ popular actress ဆုတွေအပြင်တခြားဆုတွေလည်းအများကြီးပါပဲ။အရင်တုန်းကတော့ အေဂျင်စီတွေနဲ့အလုပ်လုပ်ခဲ့ပေမဲ့ အခုအခါမှာfreelance ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဝင်ငွေအရဆုံး မင်းသမီးတွေထဲမှာပါဝင်ပါတယ်။သူမကို "Queen of Presenters" လို့လည်းတင်စားခေါ်ကြသလို ပရိသတ်ချစ်ခင်ခံရဆုံးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

Maiရဲ့ချစ်သူကကောဘယ်သူလို့ထင်ပါသလဲ???

မင်မင်လည်းမသိပါဘူး။ဘာလို့ဆိုတော့ခုချိန်ထိတရားဝင်ထုတ်မပြောသေးလို့ပါ။ဒါပေမဲ့လည်း သူမရဲ့ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တာကြောင့် ဟိုမင်းသားနဲ့များတွဲနေပြီလားဒီမင်းသားနဲ့များတွဲနေပြီလား လို့ခဏခဏအထင်ခံရပါတယ်။Peemak ထဲကမင်းသားလေးMario Maurerတောင်ပါပါသေးတယ်။ပြောဖူးတာကတော့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး တိကျပြတ်သားတဲ့သူမျိုးကိုလပ်ထပ်ချင်ပါသတဲ့။အနုပညာရှင်ဘဝကိုလည်း လက်ခံတဲ့သူဖြစ်ရပါမယ်တဲ့။ဘယ်သူဖြစ်မလဲတော့မသိဘူးနော်။

သူမကတော့အချိုမုန့်တွေစားရတာကိုအရမ်းကြိုက်ပါတယ်တဲ့။အကြိုက်ဆုံးကတော့ငှက်ပျောသီးနဲ့ပြုလုပ်ထားတဲ့ထိုင်းရိုးရာအစားအစာ kanom kluay ဖြစ်ပါတယ်။

မော်ဒယ်တစ်ယောက်အနေနဲ့ကော စီးပွားရေးလုပ်ငန်းရှင်နေနဲ့ပါတွေ့နေရပေမဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အမြဲတမ်းမှတ်မိနေစေချင်ပါတယ်လို့ပြောဖူးပါသေးတယ်။တကယ်တမ်းတော့သူမဟာအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ရည်မှန်းခဲ့တာမဟုတ်ပါဘူးတဲ့။

Maiကအောင်မြင်မှုဆိုတာကို “ဘဝမှာမျှော်လင့်ထားတာထက်တောင်မှ အောင်မြင်နေပါတယ်။ချစ်ခင်ပြီးအားပေးကြတဲ့ မိသားစုတွေပတ်ဝန်းကျင်ကြောင့်အောင်မြင်လာတာဖြစ်ပါတယ်။ဒါကြောင့်ရှေ့လျှောက်လည်း ကိုယ့်ကိုချစ်တဲ့သူူတွေ ပျော်ရွှင်ဖို့ကြိုးစားသွားမှာပါတဲ့” ဘယ်လောက်များချစ်ဖို့ကောင်းလိုက်ပါသလဲနော်။

Ref: comboscombo & Time out

ရယ္စရာလည္းေကာင္း ေၾကာက္စရာလည္းေကာင္းတဲ့ သရဲကားေလး Peemak ကိုမွတ္မိၾကမယ္ထင္ပါတယ္။ဒီဇာတ္ကားထဲကမင္းသမီးေလးကို အဲ့ဒီအခ်ိန္ကတည္းက အားေပးလာၾကတာအခုဆိုရင္ျမန္မာႏိုင္ငံမွာသူမရဲ့ပရိသတ္ေတြမနည္းေတာ့ဘူးေလ။ မင္မင္လည္း အပါအ၀င္ေပါ့။ ျမန္မာႏိုင္ငံမွာ event ေတြရွိရင္လည္း မၾကာမၾကာလာတတ္တဲ့သူပါ။ တစ္ေန့ကေတာင္mistineပြဲကိုလာသြားေသးတယ္ေနာ္။

   နာမည္အရင္းက Mai Davika Hoorne  ျဖစ္ျပီး nick name ကေတာ့ Maiပါတဲ့။ေနာက္တစ္မ်ိဳးMai Davikaလို့လည္းေခၚၾကပါေသးတယ္။ဘယ္လ္ဂ်ီယံနဲ့ထိုင္းကျပားျဖစ္ပါတယ္။ေမလ၁၆ရက္ေန့ ၁၉၉၂ မွာေမြးျပီး အရပ္ကေတာ့ ၅ေပ၉လက္မပါတဲ့။ Rangsit Universityကေနျပီး Communication Artsနဲ့ဘြဲ့ရထားတာပါ။သရုပ္ေဆာင္အလုပ္ အျပင္ေမာ္ဒယ္လ္လည္းလုပ္ပါတယ္။ ေနာက္ျပီးေတာ့စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

 ၾကည္ေနတဲ့ အသားအေရေလးအျပင္ျမင့္မားတဲ့အရပ္အေမာင္းကိုပိုင္ဆိုင္ထားတဲ့ သူမက ေမာ္ဒယ္လ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ကိုျဖစ္သင့္တာပါေလ။ေနာက္ျပီးေတာ့ ခ်စ္စရာေကာင္းတဲ့ပံုစံျဖစ္ေစ ရင့္က်က္တည္ျငိမ္တဲ့ပံုစံနဲ့ျဖစ္ေစ လိုက္ဖက္တာကိုေတြ႔ရပါတယ္။ဘယ္လိုေနေနလွတယ္ဆိုပါေတာ့။

သရုပ္ေဆာင္အလုပ္ကို၂၀၁၀ခုႏွစ္ကတည္းကစတင္လုပ္ကိုင္ခဲ့တာပါ။Ngao Kammathep ဆိုတဲ့ဇာတ္လမ္းမွာစတင္ပါ၀င္ခဲ့တာျဖစ္ျပီး  Tawan Tor Saeng မွာေတာ့ နာမည္ရလာပါတယ္။ျမန္မာႏိုင္ငံမွာပါလူသိမ်ားခဲ့တဲ့ Peemak မွာေတာ့ အရမ္းကိုေအာင္ျမင္ခဲ့တာပါ။အခုဆိုရင္ဆုေတြ အမ်ားၾကီးပိုင္ဆိုင္ထားတဲ့ထူးခ်ြန္တဲ့အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ ရခဲ့တဲ့ဆုေတြမွာbest actress၊ popular actress ဆုေတြအျပင္တျခားဆုေတြလည္းအမ်ားၾကီးပါပဲ။အရင္တုန္္းကေတာ့ ေအဂ်င္စီေတြနဲ့အလုပ္လုပ္ခဲ့ေပမဲ့ အခုအခါမွာfreelance ျဖစ္ပါတယ္။ထိုင္းႏိုင္ငံရဲ့၀င္ေငြအရဆံုး မင္းသမီးေတြထဲမွာပါ၀င္ပါတယ္။သူမကို "Queen of Presenters" လို့လည္းတင္စားေခၚၾကသလို ပရိသတ္ခ်စ္ခင္ခံရဆံုးအႏုပညာရွင္ေတြထဲကတစ္ေယာက္ျဖစ္ပါတယ္။

Maiရဲ့ခ်စ္သူကေကာဘယ္သူလို့ထင္ပါသလဲ???

မင္မင္လည္းမသိပါဘူး။ဘာလို့ဆိုေတာ့ခုခ်ိန္ထိတရား၀င္ထုတ္မေျပာေသးလို့ပါ။ဒါေပမဲ့လည္း သူမရဲ့ပရိသတ္ေတြက အရိပ္တၾကည့္ၾကည့္နဲ့ဂရုစိုက္တာေၾကာင့္ ဟိုမင္းသားနဲ့မ်ားတြဲေနျပီလားဒီမင္းသားနဲ့မ်ားတြဲေနျပီလား လို့ခဏခဏအထင္ခံရပါတယ္။Peemak ထဲကမင္းသားေလးMario Maurerေတာင္ပါပါေသးတယ္။ေျပာဖူးတာကေတာ့ကိုယ့္ကိုကိုယ္ယံုၾကည္မွုရွိျပီး တိက်ျပတ္သားတဲ့သူမ်ိဳးကိုလပ္ထပ္ခ်င္ပါသတဲ့။အႏုပညာရွင္ဘ၀ကိုလည္း လက္ခံတဲ့သူျဖစ္ရပါမယ္တဲ့။ဘယ္သူျဖစ္မလဲေတာ့မသိဘူးေနာ္။

သူမကေတာ့အခ်ိဳမုန့္ေတြစားရတာကိုအရမ္းၾကိဳက္ပါတယ္တဲ့။အၾကိဳက္ဆံုးကေတာ့ငွက္ေပ်ာသီးနဲ့ျပဳလုပ္ထားတဲ့ထိုင္းရိုးရာအစားအစာ kanom kluay ျဖစ္ပါတယ္။ေမာ္ဒယ္တစ္ေယာက္အေနနဲ့ေကာ စီးပြားေရးလုပ္ငန္းရွင္ေနနဲ့ပါေတြ့ေနရေပမဲ့ သရုပ္ေဆာင္တစ္ေယာက္အေနနဲ့ အျမဲတမ္းမွတ္မိေနေစခ်င္ပါတယ္လို့ေျပာဖူးပါေသးတယ္။တကယ္တမ္းေတာ့သူမဟာအႏုပညာရွင္တစ္ေယာက္ျဖစ္ဖို့ရည္မွန္းခဲ့တာမဟုတ္ပါဘူးတဲ့။

Maiကေအာင္ျမင္မွုဆိုတာကို “ဘ၀မွာေမ်ွာ္လင့္ထားတာထက္ေတာင္မွ ေအာင္ျမင္ေနပါတယ္။ခ်စ္ခင္ျပီးအားေပးၾကတဲ့ မိသားစုေတြပတ္၀န္းက်င္ေၾကာင့္ေအာင္ျမင္လာတာျဖစ္ပါတယ္။ဒါေၾကာင့္ေရွ့ေလ်ွာက္လည္း ကိုယ့္ကိုခ်စ္တဲ့သူူေတြ ေပ်ာ္ရႊင္ဖို့ၾကိဳးစားသြားမွာပါတဲ့” ဘယ္ေလာက္မ်ားခ်စ္ဖို့ေကာင္းလိုက္ပါသလဲေနာ္။

ကဲဒီေလာက္ဆိုရင္ Mai ေလးရဲ့ပရိသတ္ေတြေက်နပ္ေလာက္မယ္ထင္ပါတယ္။

Ref: comboscombo & Time out

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။