Ariana Grande နဲ့ သူမ ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဝင်နှောက်လိုက်တဲ့ Camila Cabello



မနေ့ကဆိုရင် အသံ Power ကောင်းကောင်းလေးနဲ့ သီချင်လေးတွေကိုသီဆိုတတ်သူ Ariana Grande တစ်ယောက် သူမရဲ့ချစ်သူဖြစ်သူ Pete Davidson နဲ့တရားဝင်စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းကို Media အသီးသီးများ Trend ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။

ဒါကို Ariana နဲ့ အရမ်းခင်မင်ရင်းနှီးသူတစ်ဦးဖြစ်တဲ့ Camila Cabello က သူမ နဲ့ Ariana Grande တို့ဟာ ကွာရှင်းကြမယ်။ ဆိုပြီး Twitter မှာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စနောက်ခဲ့ကြပါတယ်။ သူတို့ ၃ ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း စနောက်နေကြတဲ့ သူတွေဖြစ်ပြီး Show ပွဲတွေ၊ ဆုပေးပွဲတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက်ဆုံတဲ့အခါတိုင်း ခွီနေတတ်ကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။


Camila Cabello ဟာ Fifty Harmony ရဲ့ Former Member တစ်ဦးဖြစ်ပြီး ခုဆိုရင် သူမဟာ Camila ဆိုတဲ့ 1st Studio Album ကိုထွက်ရှိထားတာလည်းဖြစ်ပါတယ်။ Ariana Grande ကတော့ အသံ Power ကောင်းကောင်းနဲ့ အရင်ကတည်းက Problem ၊ Bang Bang သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အသဲနှလုံးထဲကို နေရာဝင်ယူထားပြီးသားအဆိုတော်တစ်ဦးပါ။

ဒီလိုတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် Public မှာ စနောက် ခွီနေကြတာတွေ့တော့ တကယ်ကို ပျော်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Ariana Grande အတွက် Congratulations ပါလို့ပြောချင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။