Hair Design အလန်းမှညှပ်ချင်တဲ့ကိုကိုတွေ၊ မောင်လေးတွေစိတ်တိုင်းကျဖြစ်စေမယ့်Burman ဆံသဆိုင်လေး
( Zawgyi ဖြင့်ဖတ်ရန် )
ရွိုင်းချင်တဲ့သူတွေအတွက်တော့ အခုအချိန်က အချိန်ကောင်းတစ်ခုပါပဲ။ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးလမ်းထဲမှာ ဖွင့်လှစ်ထားတဲ့ Burman ဆိုတဲ့ ဆံသဆိုင်ကောင်းကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်လို့ပါ။
ဆိုင်ရဲ့ အပြင်အဆင်ကတော့ ဒီဘက်ခေတ်မကျ၊ ဟိုဘက်ခေတ်လည်းမရောက်တဲ့ Hybrid ပုံစံလေးပါ။ အတွင်းပိုင်းအပြင်အဆင်ဟာ အရမ်းကြီးလည်းခေတ်မဆန်လွန်းသလို၊ အရမ်းကြီးလည်းဒိတ်အောက်မနေပဲ ကာလာကိုကြည့်မယ်ဆိုရင်လည်း မဟူရာဘက်သန်းတဲ့ အနက်ရောင်ကို ရွှေရောင်ဖျော့ဖျော့လေးတွေနဲ့ရောစပ်ထားတာဖြစ်လို့ အရမ်း Majestic ဖြစ်တယ်လို့ခံစားရတယ်။ Aircon အခန်းထဲမှာ အတွေ့အကြုံရှိ ဆံသဆရာတွေရဲ့ haircutting နဲ့ မျက်လုံးလေးမှေးပြီး ယူလို့ရသေးတယ် ..။
Hygiene အပိုင်းနဲ့ပတ်သက်လို့လည်း ဆံသဆရာတွေက mask ကိုယ်စီ၊ အပေါ်ထပ်အဖြူလေးတွေနဲ့ ညှပ်ပေးတာဖြစ်တဲ့အပြင်၊ ဆိုင်ရဲ့အတွင်းပိုင်းထဲမှာ အမှိုက်၊ဖုန်ဆိုလို့ တစ်စမှမရှိပဲ တောက်ပြောင်ပြီး သပ်သပ်ရပ်ရပ်ရှိတယ်။ Lighting နဲ့ပတ်သက်လို့လည်း မီးတွေထိန်နေအောင်ထွန်းထားတာမျိုးမဟုတ်ပဲ နံရံကပ် bulb အသေးစားလေးတွေဖြစ်လို့မျက်စေ့ကျိန်းစရာမရှိတော့ဘူး။ ဆံပင်ညှပ်ပြီးပြီဆိုရင်လည်း ထိုင်ခုံရှေ့၊ မှန်ရဲ့အောက်မှာ basin လေးထားပေးထားတာဖြစ်လို့ bathroom တကူးတကသွားနေစရာမလိုတော့ဘူးပေါ့။
ဆိုင်အရှေ့ခြမ်းအပြင်အဆင်ကတော့ ရုတ်တရက်ကြည့်လိုက်ရင် စင်ကာပူ Orchard Boulevard က ပြင်သစ်စားသောက်ဆိုင်လေးတစ်ချို့နဲ့တောင်တူသလိုလိုရှိတယ်။ ကားရပ်ဖို့ parking မရှိမှာလည်းပူစရာမလို၊ ဘိုကလေးဈေးလမ်းဆိုတော့ အေးဆေး၊ ကျယ်လည်းကျယ်တယ်။ နေရာလည်းရှိတယ်။
ဆိုင်လေးရဲ့ထူးခြားချက်က တခြားဆိုင်တွေလို Walk In မဟုတ်ပဲ အွန်လိုင်း booking လုပ်ပြီးသွားရတဲ့ပုံစံလေးဖြစ်လို့ ပုံမှန် walk in ဝင်နေကျထက်နည်းနည်းလေး informal ဖြစ်ပေမယ့် ကိုယ့်ရှေ့မှာညှပ်နေတဲ့သူရှိလို့ စီနီယာစောင့်နေရတာမျိုးတွေ၊ အချိန်ကုန်တာမျိုးတွေသက်သာသွားစေမှာပါ။ working day တွေကတော့ Monday to Sunday ဖြစ်ပြီး working time ကတော့ မနက်ပိုင်း ၉ နာရီကနေ ညပိုင်း ၈ နာရီအထိ Hair Specialist တွေဖြစ်တဲ့ Bobby, Chris, Kyaw Soe Thu ( Francis ) နဲ့ Maung Soe ( Max ) တို့ကဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ တကယ်လို့ကိုယ့်အနေနဲ့ specific specialist သီးသန့်ထားပြီး ညှပ်ချင်တယ်ဆိုရင်လည်း Booking မှာ ကိုယ်လိုချင်တဲ့ service နဲ့ specialist ကိုတစ်ခါတည်း ရွေးချယ်ပြီး booking တင်လို့ရပါတယ်ခင်ဗျ။
Photo Crd : Ko John
ဝန်ဆောင်မှုအမျိုးအစားတွေကတော့ Cut & Style, Traditional Hot Shave, Wash, Beard Trim နဲ့ Burman Deluxe ဆိုပြီး ၅ မျိုးခွဲခြားထားသလို အမျိုးအစားတစ်ခုချင်းစီကိုလိုက်ပြီး Special service တွေခွဲထားတာလည်းရှိပါတယ်။ ဈေးနှုန်းတွေအနေနဲ့တော့ အနိမ့်ဆုံး မြန်မာငွေ ၁၁၀၀၀ ကနေစပြီး အမြင့်ဆုံး ၅၀၀၀၀ ကျပ်အထိရှိတာမို့ သာမန်ဆိုင်တွေထက်စာရင် ဈေးကြီးတယ်ထင်ရပေမယ့် ပတ်ဝန်းကျင်ကောင်းကောင်း၊ လက်ရာကောင်းကောင်း၊ ဆိုင်သန့်သန့်၊ သက်တောင့်သက်သာဖြစ်တဲ့နေရာထိုင်ခင်း နဲ့ facility ကိုမှ သဘောကျကြတဲ့ ဘရိုတွေအတွက်တော့ Burman ရဲ့ Premium Service တွေကကအသင့်တော်ဆုံးပဲဖြစ်မှာပါလို့ဆိုပါရစေ။ နောက်ပြီး soft opening အနေနဲ့ ဒီနေ့ကနေ ဇွန်လ ၁၇ ရက်နေ့မတိုင်ခင်အထိလာရောက်အားပေးတဲ့သူတိုင်းကို အခမဲ့ဆံပင်ညှပ်ပေးတဲ့အစီအစဉ်လေးလည်းရှိတာမို့ ရှွိုင်းနီးဂွိုင်းနီးလုပ်ချင်တဲ့သူတွေ အခုကတည်းကသွားလိုက်ပါတော့လို့ သံချောင်းခေါက်လိုက်ပါတယ်ဗျာ။
ဆိုင်နာမည်လေးက Burman ဖြစ်ပြီး ယောကျာ်းလေးများသီးသန့် ဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၉၀၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တစ်ထောင် ဖြစ်ပြီး ဒီထက်ပိုပြီးစုံစုံလင်လင်သိချင်ရင်တော့ ဖုန်းနံပါတ် 09 953726200 ကိုဆက်သွယ်ပြီးစုံစမ်းလို့ရပါတယ်။
Facebook address : https://www.facebook.com/burmanbarbershop/
Booking Address : https://tinyurl.com/bookburman
Gabriel
( Unicode ဖြင့်ဖတ်ရန် )
Hair Design အလန်းမှညှပ်ချင်တဲ့ကိုကိုတွေ၊ မောင်လေးတွေစိတ်တိုင်းကျဖြစ်စေမယ့် ဗိုလ်တစ်ထောင်က Burman ဆံသဆိုင်လေး
Gabriel
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။