Shrimp Spring Roll

ပါဝင်ပစ္စည်းများ (Ingredient )

ကော်ပြန့်ရွက် Spring Roll sheet  ၄ရွက်

ပုဇွန် Shrimp  ၂၀သား

သခွားသီး Cucumber ၁လုံး

မုန်လာဥနီ Carrot ၁လုံး

ဆလပ်ရွက် Lettuce ၁စီး

ကြက်သွန်မြိတ် Spring Onion ၃ပင်

ပင်စိမ်း Basil Leave  ၁စီး

မြေပဲနှစ် Creamy Peanut Better ၃ဇွန်း(ထမင်းစားဇွန်း)

ရေ Water  ၁ခွက် (ပန်းကန်လုံးအသေး)

ပဲငံပြာရည် Soy Sauce ၁ဇွန်း(လဘက်ရည်ဇွန်း)

ဆီမွေး Sesame Oil ၂ဇွန်း(လဘက်စားဇွန်း)

ကြက်သွန်ဖြူ Garlic ၅မွှာ

ပဲကြာဇံ Glass Noodle  ၁ထုပ်(အသေး)

သကြား  Sugar  ၁ဇွန်း(လဘက်စားဇွန်း)

ဆား  Salt  ၁ဇွန်း(လဘက်ရည်ဇွန်း)

အသားမှုန့်  Chicken Powder  ၂ဇွန်း(လဘက်ရည်ဇွန်း)

ဟွိုင်စင်ဆော့စ်  Hoisin Sauce  ၂ဇွန်း(ထမင်းစားဇွန်း)

ပြင်ဆင်ပုံ (Preparation)

၁ ။ ပုစွန်ကို အခွံချွတ်ပြီး ရေဆေးသန့်စင်ထားပါ။ ရေနွေးဆူဆူထဲသို့ ၃မိနစ်ခန့်ထားပြီး ပြုတ်ပေးပါ။ အကြာကြီးမပြုတ်ပါနဲ့ ပုစွန်အရသာပျောက်သွားပြီး မာဆတ်ဆတ်ဖြစ်ရင် စားလို့မကောင်းတော့လို့ပါ။ ၃မိနစ်ကြာအောင်ပြုတ်ပြီးရင် မီးပိတ်ပြီး ပုစွန်ကို ဆယ်ထားပါ။ ဆယ်ထားတဲ့ပုစွန်အောင် ရေစစ်အောင်စစ်ထားဖို့လိုအပ်ပါတယ်။ ပုစွန်ရေမစစ်ရင် ကော်ပြန့်လိပ်ရာမှာ အဆင်မပြေဖြစ်ပြီး အရသာမကောင်းဖြစ်တတ်ပါတယ်။

၂ ။ သခွားသီးကို ရေဆေးသန့်စင်ပြီး အချောင်းသေးလေးများ လှီးထားပါ။ မုန်လာဥနီကိုလည်းအခွံခြစ်ပြီး ရေဆေးသန့်စင်ပါ။ သန့်စင်ထားတဲ့မုန်လာဥကို အချောင်းသေးလေးများ လှီးထားပါ။ ကြက်သွန်မိတ်ကို လက်၂ဆစ်သာသာ အနေတော်အချောင်းရှည်များ ပိုင်းထားပါ။ ပင်စိမ်းကို ဆားရေစိမ်ပြီး အညစ်အကြေးများဆေးကြောပြီ အရွက်သီးသန့်ချွေထားပါ။ ပဲကြာဇံကို ရေနွေးဖြင့် ၁၀မိနစ်မှ ၁၅မိနစ်အထိ စိမ်ထားပါ။ ရေနွေးဖြင့်စိမ်ခိုင်းရခြင်းက အမြန်နူးမြန်ဖို့အတွက်ပါ။ ရေနွေးဖြင့်မပြုတ်ပါနဲ့ အရမ်းပျော့သွားမှာစိုးရပါတယ်။

မြေပဲနှစ်ပြုလုပ်ပုံ (Peanut Sauce)

၁ ။ Spring Roll နဲ့တွဲစားဖို့ မြေပဲနှစ် ဆော့စ်စပ်ရအောင်နော်။  မြေပဲနှစ်ပြုလုပ်ရန်အတွက် Peanut Paste၊ Hoisin Sauce၊ ဆီမွှေး၊ ကြက်သွန်ဖြူနုတ်နုတ်စဉ်း၊ ဆား၊ သကြား၊ ရေနွေးတို့ကို ထည့်ပြီးရောနယ်လိုက်ပါ။ အရသာကို စိတ်ကြိုက်ရောစပ်လိုက်ပါနော်။ အဲ့ဒီလိုဆိုရင် မြေပဲနှစ်ဆော့စ် ရရှိပါပြီနော်။

Shrimp Spring Roll ပြုလုပ်ပုံ

၁ ။ ကော်ပြန့်အဖတ်ကို ရေစိမ်ပါ။ ၃၀စက္ကန့် မှ ၁မိနစ်အတွင်း ရေစိမ်ပါ။ အကြာကြီးရေစိမ်ပါက ကော်ပြန့်အဖတ် အရမ်းပျော့သွားသောကြောင့်ဖြစ်ပါသည်။ ကော်ပြန့်အဖတ်အရမ်းပျော့ပါက ကော်ပြန့်လိပ်လုပ်ရန် အဆင်မပြေသောကြောင့်ဖြစ်ပါသည်။ 

၂ ။ ရေစိမ်သောကော်ပြန်လိပ်ကို ခံလိပ်မည့်အပြား၁ခုပေါ်ဖြန့်တင်လိုက်ပါ။ ဖြန့်ထားတဲ့ ကော်ပြန့်အဖတ်ပေါ်သို့ ပုစွန်၃ကောင်ကို စီထားပါ။ ပင်စိမ်းရွက်ကိုထည့်ပါ။ သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်၊ ပဲကြာဇံ၊ ကြက်သွန်မိတ်တို့ကိုထည့်ပါ။ အားလုံးထည့်ပြီးပါက ပထမဆုံး ထိပ်၂ဖက်ကိုခေါက်ပြီး ကျန်သောတဖက်ကနေစပြီး လိပ်လိုက်ပါ။

၃ ။ အရသာရှိပြီး စားချင်စရာကောင်းသော Shrimp Spring Roll ကိုရရှိပါပြီ။ အရသာရောစပ်ထားတဲ့ Peanut Paste တွဲဖက်စားသုံးလိုက်ပါက ပိုပြီးပြည့်စုံမှာ အသေချာပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။