အနုပညာမှော်ကဝေမလေးJanine Weigel

Janine Weigel ဆိုတာ အသံအားကောင်းကောင်းနဲ့ Cover songတွေမှာ တွေ့ရတတ်တဲ့ကောင်မလေးပါ။ထိုင်း-ဂျာမန်ကပြားလေးတစ်ဦးလည်းဖြစ်ပါတယ်။အခုမှအသက်၁၈နှစ်တောင်မပြည့်သေးပေမဲ့ စွယ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ဘာကြောင့်လဲဆိုရင်မော်ဒယ်၊သရုပ်ဆောင်၊အဆိုတော်၊သီချင်းရေးတာ စတာတွေအကုန်လုပ်လို့ပါပဲ။

အမည်အရင်းကတော့ Jannine Parawie Weigel ဖြစ်ပြီး နာမည်ပြောင်ကတော Ploychompoo ပါတဲ့။ Ploychompoo ရဲ့အဓိပ္ပာယ်က ပန်းရောင်နီလာပါ။ Jannine ဆိုတာက ဟီဘရူးဘာသာစကားနဲ့ဆိုရင် ကျက်သရေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။နောက် Parawie ကတော့နေရောင်ခြည်အလင်းတန်းလေးတွေကိုဆိုလိုတာပါ။

မွေးသက္ကရာဇ်က ဇူလိုင်လ၃၀ရက်၂၀၀၀ခုနှစဖြစ်ပါတယ်။ဂျာမဏီနိုငံ မှာမွေးခဲ့ပြီး ၁၀နှစ်အထိနေခဲ့ပါတယ်။၂၀၁၀ခုနှစ်မှ ဘန်ကောက်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။အဲ့ဒီကစလို့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာတော့တာပါပဲ။၂၀၁၂ခုနှစ်မှာတော့ GMM GRAMMY နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။၂၀၁၈မေလမှာတော့ စာချုပ်ပြည့်သွားခဲ့ပြီးလည်းဖြစ်ပါတယ်။၂၀၁၃ခုနှစ်အတွင်းမှာတော့ အချိန်ပိုတွေအများကြီးရှိခဲ့လို့ စိတ်ရှိလက်ရှိ cover song တွေကို ဖန်တီးပြီးYouTube ပေါ်မှာတင်ခဲ့တာပါ။ဒါကြောင့်ဘဲYouTube ကပေးတဲ့ Gold Play button ကို၂နှစ်အတွင်းမှာရခဲ့တဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ပက်သက်တဲ့ခြေလှမ်းတွကတော့Banlang Mekဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ Seniorဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တွေ့ရမှာပါ။ဂီတပိုင်းမှာတော့Chak Din Chak Ngo ဆိုတဲ့ ပထမခွေကို၂၀၁၅မှာဖြန့်ချီခဲ့တာပါ။ ထိုင်းနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံတွေမှာအောင်မြင်ခဲ့တဲ့ Awayဆိုတဲ့ ဒုတိယခွေကိုတော့၂၀၁၆ခုနှစ်မှာထုတ်လုပ်ခဲ့ပါတယ်။၂၀၁၇ဒီဇင်ဘာမှာ သူမကိုယ်တိုင်ရေးပြီးသီဆိုထားတဲ့သီချင်းကတော့ Ghostbusterပါ။

ဂျပန်animationဇာတ်ကားတွေအပါအဝင်ထိုင်းဇာတ်လမ်းတွေကြေငြာတွေအတွက်ပါနောက်ခံတေးသီချင်းတွေဆိုပေးပါသေးတယ်။ Universal Publishing Production Music နဲ့အတူ ဂျာမန်သီချင်းဖြစ်တဲ့Zurueck zu Dir ကိုလည်းဖန်တီးထားပါသေးတယ်။ 

  အခြားနာမည်ကြီးသီချင်းတွေလည်းအများကြီးရှိပါသေးတယ်နော်။Love Mai,Genesis,Finish Line,Because of you,I'm glad,DEEP END နဲ့ Diamonds စတာတွေပါပဲ။

   Janine Weigel ဟာ ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့ သီချင်းတွေကိုထုတ်လုပ်ချင်တာကြောင့် အလုပ်တွေကိုပိုကြိုးစားတယ်။သီချင်းတွေဇာတ်ကားတွေကြေငြာတွေ မှာလည်းသရုပ်ဆောင်လုပ်တယ်။ မော်ဒယ်လုပ်တယ်။ brand ambassadorsအဖြစ်နဲ့လုပ်ကိုင်တာတွေလည်းရှိတယ်။အဆက်မပြတ် အနုပညာအလုပ်တွေလုပ်ရင်းရရှိလာတဲ့ဝင်ငွေတွေဟာသီချင်းကောင်းတွေထုတ်လုပ်ဖို့အတွက်ပါတဲ့။အားပါးပါး အနုပညာကိုအတော်လေးရူးသွပ်တဲ့ သူတစ်ဦးပဲနော်။မင်မင်တောင်ရေးရင်းနဲ့ တဖြုတ်ဖြုတ်ကြွေတာပါပဲ။ဒီလိုအရမ်းကြိုးစားတဲ့သူမလေးကိုပရိသတ်တွေကမချစ်ဘဲနေမလားနော်။

   ပရိသတ်တွေနဲ့ သူမရဲ့ခံစားချက်တွေကိုတစ်ထပ်တည်းဖြစ်စေချင်တာကိုလည်း

“သရုပ်ဆောင်တစ်ယောက်အနေနဲ့ဘဲ ဖြစ်ချင်တာမဟုတ်ဘဲ အနုပညာဖန်တီးတဲ့သူတစ်ယောက်လည်းဖြစ်ချင်တာပါ။သီချင်းတွေဆိုရတာကိုကြိုက်သလို  သီချင်းတွေကိုလည်းဖန်တီးချင်ပါတယ်။ Janine နဲ့ပရိသတ်တွေကြားမှာအမြဲဆက်သွယ်နေချင်တယ်။ ပျော်ရွှင်မှုဝမ်းနည်းမှုစတဲ့ခံစားချက်တွေအပြင်အရာရာတိုင်းကို ပရိသတ်တွေကိုဝေမျှပေးမယ်။ အနားမှာတစ်ယောက်မှမရှိတဲ့ အချိန်မှာဘဲဖြစ်ဖြစ် ပရိသတ်တွေအတွက်သီချင်းတွေကိုဖန်တီးနေမှာပါ။နောက်ပြီးတော့ Janine ရဲ့အတွေးတွေဟာလည်း ပရိသတ်တွေကိုဝေမျှဖို့အတွက်ပါပဲ။”

Source:Janineweigelofficial

Janine Weigel ဆိုတာ အသံအားေကာင္းေကာင္းနဲ႔ Cover songေတြမွာ ေတြ႕ရတတ္တဲ့ေကာင္မေလးပါ။ထိုင္း-ဂ်ာမန္ကျပားေလးတစ္ဦးလည္းျဖစ္ပါတယ္။အခုမွအသက္၁၈ႏွစ္ေတာင္မျပည့္ေသးေပမဲ့ စြယ္စုံရတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ဘာေၾကာင့္လဲဆိုရင္ေမာ္ဒယ္၊သ႐ုပ္ေဆာင္၊အဆိုေတာ္၊သီခ်င္းေရးတာ စတာေတြအကုန္လုပ္လို႔ပါပဲ။

အမည္အရင္းကေတာ့ Jannine Parawie Weigel ျဖစ္ၿပီး နာမည္ေျပာင္ကေတာ Ploychompoo ပါတဲ့။ Ploychompoo ရဲ႕အဓိပၸာယ္က ပန္းေရာင္နီလာပါ။ Jannine ဆိုတာက ဟီဘ႐ူးဘာသာစကားနဲ႔ဆိုရင္ က်က္သေရရွိတယ္ဆိုတဲ့အဓိပၸာယ္ပါ။ေနာက္ Parawie ကေတာ့ေနေရာင္ျခည္အလင္းတန္းေလးေတြကိုဆိုလိုတာပါ။

ေမြးသကၠရာဇ္က ဇူလိုင္လ၃၀ရက္၂၀၀၀ခုႏွစျဖစ္ပါတယ္။ဂ်ာမဏီႏိုငံ မွာေမြးခဲ့ၿပီး ၁၀ႏွစ္အထိေနခဲ့ပါတယ္။၂၀၁၀ခုႏွစ္မွ ဘန္ေကာက္ကိုေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။အဲ့ဒီကစလို႔ အႏုပညာလမ္းေၾကာင္းေပၚေရာက္ရွိလာေတာ့တာပါပဲ။၂၀၁၂ခုႏွစ္မွာေတာ့ GMM GRAMMY နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။၂၀၁၈ေမလမွာေတာ့ စာခ်ဳပ္ျပည့္သြားခဲ့ၿပီးလည္းျဖစ္ပါတယ္။၂၀၁၃ခုႏွစ္အတြင္းမွာေတာ့ အခ်ိန္ပိုေတြအမ်ားႀကီးရွိခဲ့လို႔ စိတ္ရွိလက္ရွိ cover song ေတြကို ဖန္တီးၿပီးYouTube ေပၚမွာတင္ခဲ့တာပါ။ဒါေၾကာင့္ဘဲYouTube ကေပးတဲ့ Gold Play button ကို၂ႏွစ္အတြင္းမွာရခဲ့တဲ့ တစ္ဦးတည္းေသာသူလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္းနဲ႔ပက္သက္တဲ့ေျခလွမ္းတြအေနနဲ႔ကေတာ့Banlang Mekဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔    Seniorဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ေတြ႕ရမွာပါ။ဂီတပိုင္းမွာေတာ့Chak Din Chak Ngo ဆိုတဲ့ ပထမေခြကို၂၀၁၅မွာျဖန႔္ခ်ီခဲ့တာပါ။ ထိုင္းႏိုင္ငံအပါအဝင္အိမ္နီးခ်င္းႏိုင္ငံေတြမွာေအာင္ျမင္ခဲ့တဲ့ Awayဆိုတဲ့ ဒုတိယေခြကိုေတာ့၂၀၁၆ခုႏွစ္မွာထုတ္လုပ္ခဲ့ပါတယ္။ ၂၀၁၇ဒီဇင္ဘာမွာ သူမကိုယ္တိုင္ေရးၿပီးသီဆိုထားတဲ့သီခ်င္းကေတာ့ Ghostbusterပါ။

ဂ်ပန္animationဇာတ္ကားေတြအပါအဝင္ထိုင္းဇာတ္လမ္းေတြေၾကျငာေတြအတြက္ပါေနာက္ခံေတးသီခ်င္းေတြဆိုေပးပါေသးတယ္။ Universal Publishing Production Music နဲ႔အတူ ဂ်ာမန္သီခ်င္းျဖစ္တဲ့Zurueck zu Dir ကိုလည္းဖန္တီးထားပါေသးတယ္။ 

  အျခားနာမည္ႀကီးသီခ်င္းေတြလည္းအမ်ားႀကီးရွိပါေသးတယ္ေနာ္။Love Mai,Genesis,Finish Line,Because of you,I'm glad,DEEP END နဲ႔ Diamonds စတာေတြပါပဲ။

   Janine Weigel ဟာ ေကာင္းမြန္တဲ့အရည္အေသြးရွိတဲ့ သီခ်င္းေတြကိုထုတ္လုပ္ခ်င္တာေၾကာင့္ အလုပ္ေတြကိုပိုႀကိဳးစားတယ္။သီခ်င္းေတြဇာတ္ကားေတြေၾကျငာေတြ မွာလည္းသ႐ုပ္ေဆာင္လုပ္တယ္။ ေမာ္ဒယ္လုပ္တယ္။ brand ambassadorsအျဖစ္နဲ႔လုပ္ကိုင္တာေတြလည္းရွိတယ္။

   အဆက္မျပတ္ အႏုပညာအလုပ္ေတြလုပ္ရင္းရရွိလာတဲ့ဝင္ေငြေတြဟာသီခ်င္းေကာင္းေတြထုတ္လုပ္ဖို႔အတြက္ပါတဲ့။အားပါးပါး အႏုပညာကိုအေတာ္ေလး႐ူးသြပ္တဲ့ သူတစ္ဦးပဲေနာ္။မင္မင္ေတာင္ေရးရင္းနဲ႔ တျဖဳတ္ျဖဳတ္ေႂကြတာပါပဲ။ဒီလိုအရမ္းႀကိဳးစားတဲ့သူမေလးကိုပရိသတ္ေတြကမခ်စ္ဘဲေနမလားေနာ္။

   ပရိသတ္ေတြနဲ႔ သူမရဲ႕ခံစားခ်က္ေတြကိုတစ္ထပ္တည္းျဖစ္ေစခ်င္တာကိုလည္း

“သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ဘဲ ျဖစ္ခ်င္တာမဟုတ္ဘဲ အႏုပညာဖန္တီးတဲ့သူတစ္ေယာက္လည္းျဖစ္ခ်င္တာပါ။သီခ်င္းေတြဆိုရတာကိုႀကိဳက္သလို  သီခ်င္းေတြကိုလည္းဖန္တီးခ်င္ပါတယ္။ Janine နဲ႔ပရိသတ္ေတြၾကားမွာအၿမဲဆက္သြယ္ေနခ်င္တယ္။ ေပ်ာ္႐ႊင္မႈဝမ္းနည္းမႈစတဲ့ခံစားခ်က္ေတြအျပင္အရာရာတိုင္းကို ပရိသတ္ေတြကိုေဝမွ်ေပးမယ္။ အနားမွာတစ္ေယာက္မွမရွိတဲ့ အခ်ိန္မွာဘဲျဖစ္ျဖစ္ ပရိသတ္ေတြအတြက္သီခ်င္းေတြကိုဖန္တီးေနမွာပါ။ေနာက္ၿပီးေတာ့ Janine ရဲ႕အေတြးေတြဟာလည္း ပရိသတ္ေတြကိုေဝမွ်ဖို႔အတြက္ပါပဲ။”

Source:Janineweigelofficial

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။