နယူးယောက်ခ် မှာ Coffee Date ထပ်မံလုပ်ခဲ့ကြတဲ့ Justin Bieber နဲ့ Hailey Baldwin


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber နဲ့ ၂၁ နှစ်ရှိပြီဖြစ်တဲ့ Hailey Baldwin တို့ဟာ ဒီနေ့မနက်ပိုင်းမှာ နှစ်ယောက်ဟား နယူးယောက်ခ် မှာ  ကော်ဖီ Date ထပ်မံလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ သူတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းမှာပဲ နှစ်ယောက်တူတူ Miami သို့ ခရီးထွက်ခဲ့ကြပြီး ဒီနေ့စောပိုင်းမှာပဲ Hailey ဟာ Justin တည်းခိုတဲ့ ဟိုတယ်ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။


သူတို့ ၂ ယောက်ဟာ ၂၀၁၅ - ၂၀၁၆ ကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး သဘောထားမတိုက်ဆိုင်မှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ပဲ နေခဲ့ကြပါတယ်။ ဒါမဲ့ မကြာခဲ့ပါဘူး။ နောက်ပိုင်း Hailey ဟာ သူနဲ့ Justin တို့ဟာ အချိန်ကြာကြီးခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေသာဖြစ်ကြပြီး သူမ ငယ်ငယ်ကတည်းက Justin နဲ့ဆုံခဲ့ပြီး Justin ဟာ သူမရဲ့ Best Friend တွေထဲကတစ်ယောက်ပါ လို့လည်းပြောခဲ့ပါတယ်။


ဆိုတော့ သူတို့ ၂ ယောက်ဟာ သူငယ်ချင်းတွေပဲဆိုပေမဲ့ ပရိသတ်တွေရဲ့ အမြင် Media တွေရဲ့အမြင်မှာဆိုရင်တော့ တကယ့်ကို Ro နေကြတဲ့ Couple တွေလို့ပဲမြင်ကြပါတယ်။ Hailey ဘက်က သူငယ်ချင်းဆိုပေမဲ့ Justin Bieber ဘက်ကရော ဘယ်လိုလဲဆိုတာ သူကိုယ်တိုင်ဖွင့်ဟာမပြောသေးပါဘူး။ ဒါကြောင့် သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာ ကောက်ချက်ချလို့မရသေးပါဘူး။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။