BTS “V” နဲ့ ကလပ်မှာတွေ့ခဲ့ကြဖူးတယ်လို့ ကိုယ်တိုင်သတင်းဖြန့်နေတဲ့ “Han Seo Hee” သတင်းအမှန်လား အမှားလား

 

လက်တလောမှာတင် ARMY (BTS )Fan များ လူမူကွန်ရက်မှာ အချေအတင်ဖြစ်နေကြပြီး SNS star လို့ ခေါ်ရလောက်အောင် Trainee ကျောင်းသူ  Han Seo Hee ကတော့ သူမရဲ့ IG acc မှာ Live လွင့်နေရင်း ရုတ်တရက်ပြောထွက်လာခဲ့ပါတယ်။

“ကျွန်မ 19 နှစ်တုန်းက Taehyung နဲ့ အတူ Club မှာ တွေ့ခဲ့ကြသေးတယ်”
“ အဲ့တုန်းက ကျွန်မနဲ့ တွေ့တာက သူက သူငယ်ချင်း Ki Bum နဲ့တွေဖို့ ပြောထားခဲ့တာလေ ကျွန်မက Ki Bum နဲ့ပိုသိတာ taehyung အတွက်သူက လက်ဆောင်ဝယ်လာပေးတာလေ ”

Han Seo Hee စကားကို အားလုံးယုံရမလိုလို ဖြစ်နေကြတယ်။ သူမနဲ့ Taehyung နဲ့က အသက်တူတူဖြစ်ပြီး Ki Bum ဆိုတာကလဲ YGKplus က Model တယောက်ဖြစ်ပြီး အသက်အရွယ်အားလုံးတူတူဘဲဖြစ်တယ်။ သူမဆိုလိုတာက မမျော်လင့်ဘဲ တွေ့ကြတာဖြစ်ပြီး taehyung ကလဲ Club သွားခဲ့တာ သေချာလောက်တယ်လို့ stalker အများစုက ပြောကြတယ်။

ဒါပေမဲ့ သူမ ချက်ချင်းကို ပြန်တောင်းပန်ခဲ့ပါတယ် ။

ARMY တွေရဲ့ comment အများစုကတော့
‘ဒါသက်သက်လိမ်တာ နင် taehyung နဲံ club မှာ မတွေ့ခဲ့ဖူး Kibum နဲ့ Taehyung ကို အသုံးချပြီး နာမည်မကြီးချင်ပါနဲ့” တူညီတဲ့ comment တွေပေးခဲ့ကြပါတယ်။ သူမ ထပ်ပြီး စာပြန်ခဲ့တယ်။

Model Kim kibum တယောက် Sports DongA စာမျက်နှာပေါ်မှာ ဖြေရှင်းချက်ပေးထားပြီး ကျွန်တော် taehyung နဲ့ အဲ့တုန်းကတွေ့ခဲ့တာမှန်ပေမဲ့ ကျနော်သူကို တွေ့ဖို့ခေါ်တာမဟုတ်ပါဖူး လို့ပြောသွားခဲ့တယ်။

ဘယ်သူအမှန်အမှားလဲ အားလုံးတိုက်ဆိုင်မူတစ်ခုလို့ ယူဆကြတာ အကောင်းဆုံးမလား
ARMY တွေကို ယောက်ယက်ခတ်အောင် လုပ်တာလဲ သူမ ပိုပြီး လူမုန်းများပါတယ် ။ အတိတ်က သူတို့သိခဲ့တာ သိခဲ့ကြတာဘဲ
အောင်မြင်မူရနေတဲ့ BTSဟာ အားလုံးချစ်ကြတာလဲရှိသလို မုန်းတီးနေကြတဲ့သူများပိုပိုရှိလာတယ်။တမင်သက်သက် hater များကို လမ်းစပေးသလိုနဲ့မတူသွားဖူးသလား

ဘယ်လိုဖြစ်ဖြစ် taehyung ကတော့ သူကိုယ်တိုင် အရေးတယူဖြေရှင်းသွားမှာ မဟုတ်ပါဖူး

သတင်းများစောင့်ကြည့်လျက်ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။