ရည်းစားနဲ့ပြတ်သွားလို့စိတ်ညစ်နေချိန်မှာ ဆံပင်ညှပ်မယ်ဆိုရင် ဒီပုံစံလေးတွေညှပ်ကြည့်ပါ

ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်နေချိန်မှာ မိန်းကလေးတော်တော်များများက ဆံပင်ညှပ်တတ်ကြပါတယ်။ ဒီလိုဆံပင်ညှပ်တဲ့အခါမှာလည်း အရင်နဲ့မတူပဲ လုံးဝပုံစံပြောင်းပြီး အလှဆုံးဖြစ်သွားအောင် ညှပ်ဖို့လိုပါတယ်။ ဒါကြောင့် ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်နေချိန်မှာ ဆံပင်ညှပ်မယ်ဆိုရင် ဒီဆံပင်ပုံစံလေးတွေကို ရွေးချယ်ပြီးညှပ်ကြည့်ပါ။

 ရည်းစားနဲ့ပြတ်ပြီဆိုရင် တော်တော်များများကတော့ ဆံပင်အတိုညှပ်ပစ်ကြတာပါပဲ။ ဒီလိုဆံပင်အတိုညှပ်တဲ့အခါမှာ ဆံပင်ကိုမဆိုးပဲ အမဲပဲထားမယ်ဆိုရင်တော့ အရှေ့အတိလေးနဲ့ ဆံပင်ဂုတ်ဝဲလေးညှပ်တာက ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသွားစေပါတယ်။

 ဆံပင်ဂုတ်ဝဲအတိလေးညှပ်ပြီး အရှေ့ဆံပင်မညှပ်ပဲ ဒီတိုင်းလေးထားမယ်ဆိုရင်တော့ ဆံပင်ကိုအလန်းဆုံးအရောင်တွေသာ ဆိုးလိုက်ပါ။ သူများထက်ပိုမိုက်ပြီး ဆွဲဆောင်မှုရှိနေမှာ သေချာပါတယ်။ အရင်နဲ့မတူအောင်လည်း ရုပ်ပြောင်းသွားစေမှာပါ။

 ဆံပင်ကိုရိုးရိုး ကော်ဖီရောင်လေးဆိုးပြီး နားရွက်အောက်လေးညှပ်တာကတော့ ရိုးပါတယ်။ ဒါပေမယ့် ပုံစံလေးဆန်းသွားချင်ရင်တော့ ပုံထဲကအတိုင်းလေးကောက်လိုက်ပါ။ ဒါဆိုရင်တော့ ကိုရီးယားမလေးတွေလို ချစ်စရာကောင်းသွားစေမှာပါ။

 ဆံပင်အမဲလေးကို ဂုတ်ဝဲညှပ်ပြီး အခုခေတ်စားနေသလို အရှေ့ဆံပင်လေးကိုညှပ်တာကလည်း ချစ်စရာ ကောင်းစေပါတယ်။ ဒီဆံပင်ပုံလေးဆိုရင်တော့ တစ်ခါတစ်လေမှာ အောက်နားလေးတွေကိုလည်း ကောက်လို့ရပါသေးတယ်။

 ခပ်မိုက်မိုက်ပုံစံ တိုတိုကပ်ကပ်းလေးညှပ်ချင်ရင်တော့ ဒီဆံပင်ပုံစံလေးကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ မျက်နှာသွယ်တဲ့သူတွေနဲ့မှ ပိုပြီးလိုက်ဖက်မှုရှိစေမှာပါ။

 ဆံပင်ဂုတ်ဝဲလေးညှပ်ပြီး ဆံပင်အရောင်ကို အနီဘက်သွားတဲ့အရောင်လေးလည်း ဆိုးလို့ရပါတယ်။ ဒီဆံပင်အရောင်လေးကျတော့ မျက်နှာကိုလင်းသွားစေသလို လူငယ်လည်းဆန်စေပါတယ်။

 ဆံပင်ကိုအရမ်းအတိုကြီးမညှပ်ချင်တဲ့သူတွေဆိုရင်တော့ ဒီလိုဆံပင်ပုံစံလေးကောက်လိုက်လို့ရပါတယ်။ ဒီဆံပင်အကောက်လေးကျတော့ ပုံစံလေးလည်းဆန်းပြီး ချစ်စရာကောင်းစေပါတယ်။ ဆံပင်ကောက်လိုက်လို့ ရုပ်ရင့်သွားမှာကြောက်ရင်တော့ ဆံပင်အရောင်လေး နည်းနည်းဆိုးပေးပေါ့။









we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။