နျူကလီးယားဘန်ကာတစ်ခုအဖြစ်ရည်ရွယ်တည်ဆောက်ထားတဲ့ ရုရှား၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးကွင်း

( Zawgyi ဖြင့်ဖတ်ရန် )

ပြီးခဲ့တဲ့သောကြာနေ့ကတွေ့မြင်ခဲ့ရတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ ရုရှားနိုင်ငံ၊ ကလီနင်ဂရက်ဒေသ မှာ အဆောက်အဦအသစ်တစ်ချို့ဆောက်လုပ်နေမှုကိုတွေ့မြင်ခဲ့ရပြီး အဆိုပါအဆောက်အဦတွေဟာ နျူကလီးယားဒဏ်ခံနိုင်တဲ့ ဧရာမဘန်ကာကြီးတွေဖြစ်နိုင်တယ်လို့ နေတိုးနဲ့အနောက်အုပ်စုတွေကယူဆကြပါတယ်။ ရုရှားဟာ နျူကလီးယားထိပ်ဖူးတပ်ဒုံးပျံတွေအပါအဝင် သမားရိုးကျထိပ်ဖူးတွေသိုလှောင်သိမ်းဆည်းဖို့ မြေအောက်ဘန်ကာတွေကိုလျှို့ဝှက်တည်ဆောက်လာတာ ဆယ်စုနှစ်တစ်ခုမကရှိနေပြီဖြစ်တယ်။

အထင်ရှားဆုံးကတော့ မော်စကိုမြို့လည်ခေါင်မှာတည်ရှိနေတဲ့ မက်ထရို နံပတ် ၂ လို့ခေါ်တဲ့ မြေအောက်ရထားလမ်းအမှတ် ၂ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံမပြိုကွဲခင်၊ စတာလင်ခေတ်ကတည်းက လက်နက်တွေသိုလှောင်ဖို့နဲ့ ဗုံးခိုကျင်းအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ မသန့်စင်ရသေးတဲ့ယူရေနီယံတွေအအေးခံဖို့ပြောင်းလဲအဆင့်မြှင့်တင်ခဲ့တယ်လို့ယူဆရပါတယ်။ အခုလည်း ရုရှားနိုင်ငံအနောက်ပိုင်း ကလီနင်ဂရက် မှာတည်ဆောက်နေတဲ့အဆောက်အဦတွေရဲ့ ဒီဇိုင်း၊ တည်နေရာ နဲ့ အကျယ်အဝန်း၊ လှုပ်ရှားမှုပုံရိပ်တွေအရ နျူကလီးယားလက်နက်တွေသိုလှောင်ဖို့ ( ဒါမှမဟုတ် ) နျူကလီးယားဒဏ်ခံဘန်ကာအဖြစ်အသုံးပြုဖို့ တည်ဆောက်နေတာဖြစ်တယ်လို့ နေတိုးက ယူဆထားပါတယ်။

နောက်ထပ် ဂြိုဟ်တုဓာတ်ပုံတွေအရ ရုရှားနိုင်ငံမြောက်ပိုင်း၊ ပိုလန်၊ လစ်သူယေးနီးယားနိုင်ငံနယ်စပ်တွေထိစပ်နေတဲ့ ဘောလ်တစ်ဒေသ မှာ ကွန်ကရစ်အမိုးခုံးကြီးတွေရှိတဲ့ အဆောက်အဦတွေလည်းဆောက်လုပ်နေတာကို အမေရိကန်သိပ္ပံပညာရှင်ဖက်ဒရေးရှင်း ( FAS ) ကထုတ်ပြန်ခဲ့ပြီး နျူလက်နက်တွေသိုလှောင်ဖို့နောက်ထပ်နေရာတစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

နောက်ဆုံးနေရာတစ်ခုကတော့ ၂၀၁၈ ကမ္ဘာ့ဖလားကျင်းပရာ နေရာဖြစ်တဲ့ World Cup Venue ဟာ နျူစစ်ပွဲဖြစ်လာတဲ့အခါ ရုရှားပြည်သူတွေခိုလှုံနိုင်ဖို့အတွက်ရည်ရွယ်လို့တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ FAS ကထပ်မံထုတ်ပြန်ခဲ့ပါတယ်။ တည်ဆောက်ပုံဒီဇိုင်း နဲ့ အချိန်ယူထားတဲ့နှစ်တွေကိုတွက်ချက်ကြည့်မယ်ဆိုရင် World Cup Venue ဟာ ဘောလုံးကွင်းကျင်းပရာနေရာတစ်ခုထက်စာရင် နျူဒဏ်ခံဘန်ကာကြီးတစ်ခုဖြစ်နိုင်တယ်လို့ အနောက်အုပ်စုတွေကတွက်ဆနေကြပါတယ်။

ရုရှားရဲ့ နာမည်ကျော်နျူလက်နက်တွေထဲမှာ အစ်ရှ်ကန်ဒါ အမ် တာဝေးပစ်ဒုံးပျံတွေ၊ တူပိုလက်ဗ် တီယူ ၁၃၀ နဲ့ အန်တိုနော့ဗ် မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးတွေ၊ ဆူခွိုင်း စီးရီးစ်ဖိုက်တာလေယာဉ်တွေ၊ အာပီကေ ၉ မက်ဗက်ကာတာလတ်ပစ်ဒုံးတွေ နဲ့ နာမည်ကျော် ကေအိချ် ၄၇ ကင်ဇယ်လ် အမျိုးအစားဖိုက်တာလေယာဉ်တွေပါဝင်ပြီး မကြာသေးခင်နှစ်တွေက ရုရှားလျှို့ဝှက်လက်နက်တွေအပါအဝင် ဒုံးပျံတွေသိမ်းဆည်းဖို့အတွက် ဘန်ကာတွေအမြောက်အများကိုဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်။

Gabriel
Ref : theguardian

( Unicode ျဖင္႔ဖတ္ရန္ )

ႏ်ဴကလီးယားဘန္ကာတစ္ခုအျဖစ္ရည္ရြယ္တည္ေဆာက္ထားတဲ႕ ရုရွား၂၀၁၈ ကမၻာ႔ဖလားေဘာလံုးကြင္း

ျပီးခဲ႔တဲ႕ေသာၾကာေန႕ကေတြ႕ျမင္ခဲ႕ရတဲ႕ ျဂဳိဟ္တုပုံရိပ္ေတြအရ ရုရွားႏုိင္ငံ၊ ကလီနင္ဂရက္ေဒသ မွာ အေဆာက္အဦအသစ္တစ္ခ်ဳိ႕ေဆာက္လုပ္ေနမွဳကုိေတြ႔ျမင္ခဲ႕ရျပီး အဆုိပါအေဆာက္အဦေတြဟာ ႏ်ဴကလီးယားဒဏ္ခံႏုိင္တဲ႕ ဧရာမဘန္ကာၾကီးေတြျဖစ္ႏုိင္တယ္လုိ႕ ေနတုိးနဲ႕အေနာက္အုပ္စုေတြကယူဆၾကပါတယ္။ ရုရွားဟာ ႏ်ဴကလီးယားထိပ္ဖူးတပ္ဒုံးပ်ံေတြအပါအ၀င္ သမားရုိးက်ထိပ္ဖူးေတြသုိေလွာင္သိမ္းဆည္းဖုိ႕ ေျမေအာက္ဘန္ကာေတြကုိလွ်ဳိ႕၀ွက္တည္ေဆာက္လာတာ ဆယ္စုႏွစ္တစ္ခုမကရွိေနျပီျဖစ္တယ္။
အထင္ရွားဆုံးကေတာ႕ ေမာ္စကုိျမဳိ႕လည္ေခါင္မွာတည္ရွိေနတဲ႕ မက္ထရုိ နံပတ္ ၂ လုိ႕ေခၚတဲ႕ ေျမေအာက္ရထားလမ္းအမွတ္ ၂ ျဖစ္ပါတယ္။ ဆုိဗီယက္ယူနီယံမျပဳိကြဲခင္၊ စတာလင္ေခတ္ကတည္းက လက္နက္ေတြသုိေလွာင္ဖုိ႕နဲ႕ ဗုံးခုိက်င္းအျဖစ္တည္ေဆာက္ခဲ႕တာျဖစ္ျပီး ေနာက္ပုိင္းမွာေတာ႕ မသန္႕စင္ရေသးတဲ႕ယူေရနီယံေတြအေအးခံဖုိ႕ေျပာင္းလဲအဆင္႕ျမွင္႔တင္ခဲ႕တယ္လုိ႕ယူဆရပါတယ္။ အခုလည္း ရုရွားႏုိင္ငံအေနာက္ပုိင္း ကလီနင္ဂရက္ မွာတည္ေဆာက္ေနတဲ႕အေဆာက္အဦေတြရဲ႕ ဒီဇုိင္း၊ တည္ေနရာ နဲ႕ အက်ယ္အ၀န္း၊ လွဳပ္ရွားမွဳပုံရိပ္ေတြအရ ႏ်ဴကလီးယားလက္နက္ေတြသုိေလွာင္ဖုိ႕ ( ဒါမွမဟုတ္ ) ႏ်ဴကလီးယားဒဏ္ခံဘန္ကာအျဖစ္အသုံးျပဳဖို႕ တည္ေဆာက္ေနတာျဖစ္တယ္လုိ႕ ေနတုိးက ယူဆထားပါတယ္။
ေနာက္ထပ္ ျဂဳိဟ္တုဓာတ္ပုံေတြအရ ရုရွားႏုိင္ငံေျမာက္ပုိင္း၊ ပုိလန္၊ လစ္သူေယးနီးယားႏိုင္ငံနယ္စပ္ေတြထိစပ္ေနတဲ႕ ေဘာလ္တစ္ေဒသ မွာ ကြန္ကရစ္အမုိးခုံးၾကီးေတြရွိတဲ႕ အေဆာက္အဦေတြလည္းေဆာက္လုပ္ေနတာကုိ အေမရိကန္သိပၸံပညာရွင္ဖက္ဒေရးရွင္း ( FAS ) ကထုတ္ျပန္ခဲ႔ျပီး ႏ်ဴလက္နက္ေတြသုိေလွာင္ဖုိ႕ေနာက္ထပ္ေနရာတစ္ခုျဖစ္လာႏုိင္တယ္လုိ႕ဆုိပါတယ္။
ေနာက္ဆုံးေနရာတစ္ခုကေတာ႕ ၂၀၁၈ ကမၻာ႕ဖလားက်င္းပရာ ေနရာျဖစ္တဲ႕ World Cup Venue ဟာ ႏ်ဴစစ္ပြဲျဖစ္လာတဲ႕အခါ ရုရွားျပည္သူေတြခုိလွဳံႏုိင္ဖုိ႕အတြက္ရည္ရြယ္လုိ႕တည္ေဆာက္ထားတာျဖစ္ႏုိင္တယ္လုိ႕ FAS ကထပ္မံထုတ္ျပန္ခဲ႕ပါတယ္။ တည္ေဆာက္ပုံဒီဇုိင္း နဲ႕ အခ်ိန္ယူထားတဲ႕ႏွစ္ေတြကုိတြက္ခ်က္ၾကည္႕မယ္ဆုိရင္ World Cup Venue ဟာ ေဘာလုံးကြင္းက်င္းပရာေနရာတစ္ခုထက္စာရင္ ႏ်ဴဒဏ္ခံဘန္ကာၾကီးတစ္ခုျဖစ္ႏုိင္တယ္လုိ႕ အေနာက္အုပ္စုေတြကတြက္ဆေနၾကပါတယ္။
ရုရွားရဲ႕ နာမည္ေက်ာ္ႏ်ဴလက္နက္ေတြထဲမွာ အစ္ရွ္ကန္ဒါ အမ္ တာေ၀းပစ္ဒုံးပ်ံေတြ၊ တူပုိလက္ဗ္ တီယူ ၁၃၀ နဲ႕ အန္တုိေနာ႕ဗ္ မဟာဗ်ဴဟာဗုံးၾကဲေလယာဥ္ၾကီးေတြ၊ ဆူခိြဳင္း စီးရီးစ္ဖုိက္တာေလယာဥ္ေတြ၊ အာပီေက ၉ မက္ဗက္ကာတာလတ္ပစ္ဒုံးေတြ နဲ႕ နာမည္ေက်ာ္ ေကအိခ်္ ၄၇ ကင္ဇယ္လ္ အမ်ဳိးအစားဖုိက္တာေလယာဥ္ေတြပါ၀င္ျပီး မၾကာေသးခင္ႏွစ္ေတြက ရုရွားလွ်ဳိ႕၀ွက္လက္နက္ေတြအပါအ၀င္ ဒုံးပ်ံေတြသိမ္းဆည္းဖုိ႕အတြက္ ဘန္ကာေတြအေျမာက္အမ်ားကုိေဆာက္လုပ္ခဲ႕တယ္လုိ႕သိရပါတယ္။

Gabriel
Ref : theguardian

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။