အသက် ၂၀ အရွယ် ရက်ပါ XXXTentacion သေနတ်ပစ်ခံရပြီး သေဆုံး

( Zawgyi ဖြင့်ဖတ်ရန် )

တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ နာမည်ကြီးတဲ့ ရက်ပါတစ်ယောက်ဖြစ်တဲ့ XXXTentacion တစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုဟာ ညနေပိုင်း ၄ နာရီလောက်မှာဖြစ်ပွားခဲ့ပြီး နေရာကတော့ ဖလော်ရီဒါပြည်နယ်၊ Deerfield ကမ်းခြေနားက အဝေးပြေးလမ်းမကြီးဘေးနားမှာပါ။

ရက်ပါ XXXTentacion ( အမည်ရင်း ဂျာဟတ်ရှ် အွန်ဖရွိုင် ) ဟာ အဝေးပြေးလမ်းမကြီးဘေးနားက မော်တော်ဆိုင်ကယ်ပြခန်းတစ်ခုထဲကနေ ကားမောင်းထွက်လာတဲ့အချိန် ဘယ်သူဘယ်ဝါမှန်းမသိရတဲ့လူနှစ်ယောက်ဟာ သူ့ကားနားကိုချဉ်းကပ်လာပြီး အဲဒီအထဲကတစ်ယောက်က အွန်ဖရွိုင်ကို ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်အပြီးမှာတော့ အဲဒီလူနှစ်ယောက်ဟာ အနက်ရောင် SUV ကားပေါ်တက်ပြီးမောင်းထွက်သွားခဲ့တယ်လို့ CCTV မှတ်တမ်း နဲ့ မျက်မြင်သက်သေတွေအပြောအရသိရပါတယ်။ နောက်ထပ်အပြောအရ အဲဒီဖြစ်ရပ်ဟာ လုယက်မှုတစ်ခုမဟုတ်ပဲ အကြောင်းတစ်ခုခုကြောင့် သတ်ဖြတ်တဲ့ပုံစံမျိုးဖြစ်တယ်လို့လည်းသိရပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ ရဲတွေနဲ့ လူနာတင်ယာဉ်ရောက်ရှိလာပြီး အွန်ဖရွိုင်ကို အနီးအနားကဆေးရုံကိုတင်ပို့ခဲ့ပြီး ညနေပိုင်း ၅ နာရီခွဲလောက်မှာတော့ အွန်ဖရွိုင်ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ နှစ်ကုန်မှာ Look at me ဆိုတဲ့သီချင်းတဲ့စတင်အောင်မြင်ခဲ့ပြီး အမေရိကန်ရက်ပါလောကမှာ Most Respected Icon တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဟစ်ဟော့လောကထဲမှာ ရပ်တည်မှုချင်းမတူတဲ့ အုပ်စု ( Gang ) တွေအများအပြားရှိနေပြီး ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေလည်းရှိနေပါတယ်။ အဆိုပါ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် Gangster တွေအချင်းချင်းသတ်ဖြတ်မှုတွေဖြစ်ပေါ်နေပြီး နာမည်ကြီး ရပ်ပါကြီး Eminem ရဲ့သူငယ်ချင်း ဒီရှောင်း ဒူပရီ ဟော်လ်တန်၊ တူးပက် ( Tupac )၊ Notorious B.I.G ၊ Young Pappy အပြင် ရပ်ပါတော်တော်များများသေနတ်ပစ်ခံရပြီသေဆုံးခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ်။

ရက်ပါ XXXTentacion နဲ့ တစ်နေ့တည်းမှာပဲ သေနတ်ပစ်ခံရပြီးသေဆုံးခဲ့တဲ့သူကတော့ ဂျင်မီ ဝိုပို ( Jimmy Wopo ) ဖြစ်ပြီး သူလည်း အမေရိကန် Mainstream ထဲက နာမည်ရှိ Rapper တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

Gabriel
Ref : rollingstone

( Unicode ျဖင္႔ဖတ္ရန္ )

အသက္ ၂၀ အရြယ္ ရက္ပါ XXXTentacion ေသနတ္ပစ္ခံရျပီး ေသဆုံး

တနလၤာေန႕က အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါမွာ နာမည္ၾကီးတဲ႕ ရက္ပါတစ္ေယာက္ျဖစ္တဲ႕ XXXTentacion တစ္ေယာက္ ေသနတ္ပစ္ခံရျပီး ေသဆုံးခဲ႕ပါတယ္။ ပစ္ခတ္မွဳဟာ ညေနပုိင္း ၄ နာရီေလာက္မွာျဖစ္ပြားခဲ႕ျပီး ေနရာကေတာ႕ ဖေလာ္ရီဒါျပည္နယ္၊ Deerfield ကမ္းေျခနားက အေ၀းေျပးလမ္းမၾကီးေဘးနားမွာပါ။
ရက္ပါ XXXTentacion ( အမည္ရင္း ဂ်ာဟတ္ရွ္ အြန္ဖရိြဳင္ ) ဟာ အေ၀းေျပးလမ္းမၾကီးေဘးနားက ေမာ္ေတာ္ဆုိင္ကယ္ျပခန္းတစ္ခုထဲကေန ကားေမာင္းထြက္လာတဲ႕အခ်ိန္ ဘယ္သူဘယ္၀ါမွန္းမသိရတဲ႕လူႏွစ္ေယာက္ဟာ သူ႔ကားနားကုိခ်ဥ္းကပ္လာျပီး အဲဒီအထဲကတစ္ေယာက္က အြန္ဖရိြဳင္ကုိ ပစ္ခတ္ခဲ႕တာပါ။ ပစ္ခတ္အျပီးမွာေတာ႕ အဲဒီလူႏွစ္ေယာက္ဟာ အနက္ေရာင္ SUV ကားေပၚတက္ျပီးေမာင္းထြက္သြားခဲ႕တယ္လုိ႕ CCTV မွတ္တမ္း နဲ႕ မ်က္ျမင္သက္ေသေတြအေျပာအရသိရပါတယ္။ ေနာက္ထပ္အေျပာအရ အဲဒီျဖစ္ရပ္ဟာ လုယက္မွဳတစ္ခုမဟုတ္ပဲ အေၾကာင္းတစ္ခုခုေၾကာင္႕ သတ္ျဖတ္တဲ႕ပုံစံမ်ဳိးျဖစ္တယ္လုိ႕လည္းသိရပါတယ္။
ပစ္ခတ္မွဳအျပီးမွာေတာ႕ ရဲေတြနဲ႕ လူနာတင္ယာဥ္ေရာက္ရွိလာျပီး အြန္ဖရိြဳင္ကုိ အနီးအနားကေဆးရုံကုိတင္ပုိ႕ခဲ႕ျပီး ညေနပုိင္း ၅ နာရီခြဲေလာက္မွာေတာ႕ အြန္ဖရိြဳင္ကြယ္လြန္ခဲ႕ပါတယ္။ သူဟာ ၂၀၁၅ ႏွစ္ကုန္မွာ Look at me ဆုိတဲ႔သီခ်င္းတဲ႕စတင္ေအာင္ျမင္ခဲ႕ျပီး အေမရိကန္ရက္ပါေလာကမွာ Most Respected Icon တစ္ေယာက္အေနနဲ႕ ရပ္တည္ခဲ႕တာလည္းျဖစ္ပါတယ္။
အေမရိကန္ႏုိင္ငံရဲ႕ ဟစ္ေဟာ႕ေလာကထဲမွာ ရပ္တည္မွဳခ်င္းမတူတဲ႕ အုပ္စု ( Gang ) ေတြအမ်ားအျပားရွိေနျပီး ျပင္းထန္တဲ႕ျပဳိင္ဆုိင္မွဳေတြလည္းရွိေနပါတယ္။ အဆုိပါ ျပင္းထန္တဲ႕ျပဳိင္ဆုိင္မွဳေတြေၾကာင္႕ Gangster ေတြအခ်င္းခ်င္းသတ္ျဖတ္မွဳေတြျဖစ္ေပၚေနျပီး နာမည္ၾကီး ရပ္ပါၾကီး Eminem ရဲ႕သူငယ္ခ်င္း ဒီေရွာင္း ဒူပရီ ေဟာ္လ္တန္၊ တူးပက္ ( Tupac )၊ Notorious B.I.G ၊ Young Pappy အျပင္ ရပ္ပါေတာ္ေတာ္မ်ားမ်ားေသနတ္ပစ္ခံရျပီေသဆုံးခဲ႕တဲ႕အျဖစ္အပ်က္ေတြရွိခဲ႕ပါတယ္။
ရက္ပါ XXXTentacion နဲ႕ တစ္ေန႕တည္းမွာပဲ ေသနတ္ပစ္ခံရျပီးေသဆုံးခဲ႕တဲ႕သူကေတာ႕ ဂ်င္မီ ၀ုိပို ( Jimmy Wopo ) ျဖစ္ျပီး သူလည္း အေမရိကန္ Mainstream ထဲက နာမည္ရွိ Rapper တစ္ေယာက္ျဖစ္တယ္လုိ႕သိရပါတယ္။

Gabriel
Ref : rollingstone

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။