iPhone X ခိုးယူသွားခဲ့တဲ့စုံတွဲ အမြန်ပြန်လာမပေးရင် ဓာတ်ပုံတွေ Public ချပြပြီးတရားစွဲမည်

( Zawgyi ဖြင့်ဖတ်ရန် )

မြန်မာပလာဇာ က Win Mobile Branch 2 မှာ မနေ့က ဇွန်လ ၁၈ ရက်ညနေပိုင်း ၆ နာရီ ၂၀ လောက်မှာ အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ဖုန်းဝယ်ဖို့စုံစမ်းချင်ယောင်ဆောင်ကာ Showroom အတွင်းပြသထားတဲ့ ဖုန်းတွေထဲက iPhone X တစ်လုံးကိုခိုးယူသွားခဲ့ပါတယ်။ အမျိုးသမီးဟာ ကျောပိုးအိတ်လွယ်၊ လက်ထဲမှာအထုပ်တစ်ထုပ်ကိုင်ဆောင်ထားပြီး သူမနဲ့အတူပါလာတဲ့အမျိုးသားက ဆိုင်ဝန်ထမ်းကိုအာရုံလွှဲထားတဲ့အချိန်မှာ အမျိုးသမီးဖြစ်သူက iPhone X ကိုဖြုတ်ပြီးယူဆောင်သွားတာဖြစ်ပါတယ်။
အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တာဝန်ရှိသူက ဒီလိုပဲပို့စ်တင်ထားခဲ့ပါတယ်။

Win Mobile World (Branch II) Myanmar Plaza Branch တွင် ယနေ့ညနေ 6:19 နာရီအချိန်တွင် ကျောပိုးအိတ်လွယ်လျက် အထုပ်တစ်ထုပ် လက်တွင် ကိုင်ထားသော အမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူ ပါလာသော အရုပ်တစ်ရုပ်ကိုင်လျက်ရှိသော အမျိုးသမီးမှ Live Demo ခင်းကျင်းပြသထားသော Display Devices များကို ကြည့်ရှုချင်ယောင်ဆောင်ကာ ယောက်ျားလေးမှ အရောင်းဝန်ထမ်းအား အာရုံလွှဲပြောင်း၍ မိန်းကလေးမှ iPhone X အား ဖြုတ်ယူခိုးသွားခဲ့ပါသည်။

လက်ရှိအချိန်တွင် CCTV Record များအရရော မျက်နှာပုံစံအနေအထားမှာ ၎င်းတို့ (၂) ယောက်အား ပြတ်သားထင်ရှားစွာ Record များရရှိထားပါသည်။
ခိုးယူသည့်သူသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဂုဏ်သိက္ခာအား ငဲ့ညာသောအားဖြင့် မျက်နှာဖျက်ပေးထားပြီး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသေးပါ။
ခိုးယူသွားသော စုံတွဲအနေဖြင့် မိမိတို့ Myanmar Plaza Branch သို့ (၃) ရက်တွင်း ပစ္စည်း ပြန်လည်လာရောက်ပေးအပ်ရန်နှင့် မပေးအပ်ပါက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ပြီး တည်ဆဲဥပဒေများအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး Social Media များတွင်လည်း ထင်ရှားပြတ်သားသော ပုံပန်းသွင်ပြင်ကို ဖော်ပြသွားမည်ဖြစ်ပါသည်။
ခိုးယူသွားသော iPhone X မှာလည်း iCloud Lost Mode ပြုလုပ်ပြီးဖြစ်ပါသည်။

Model – iPhone X (64GB | Silver)
IMEI – 359406081140705
ဆက်သွယ်ရန် – 09 45 222 888 5

ကျေးဇူးပြု၍ လက်ဆင့်ကမ်း မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပုံတွင် ခိုးယူသူ စုံတွဲအား အနီရောင်စက်ဝိုင်းဖြင့် ပြထားပါသည်။

WE ပရိသတ်တွေလည်း ဒီသတင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Gabriel
Photo : Crd

( Unicode ျဖင့္ဖတ္ရန္ )

iPhone X ခုိးယူသြားခဲ႕တဲ႕စုံတြဲ အျမန္ျပန္လာမေပးရင္ ဓာတ္ပုံေတြ Public ခ်ျပျပီးတရားစြဲမည္

ျမန္မာပလာဇာ က Win Mobile Branch 2 မွာ မေန႕က ဇြန္လ ၁၈ ရက္ညေနပုိင္း ၆ နာရီ ၂၀ ေလာက္မွာ အမ်ဳိးသမီးတစ္ေယာက္နဲ႕အမ်ဳိးသားတစ္ေယာက္ဖုန္း၀ယ္ဖုိ႕စုံစမ္းခ်င္ေယာင္ေဆာင္ကာ Showroom အတြင္းျပသထားတဲ႕ ဖုန္းေတြထဲက iPhone X တစ္လုံးကုိခုိးယူသြားခဲ႕ပါတယ္။ အမ်ဳိးသမီးဟာ ေက်ာပုိးအိတ္လြယ္၊ လက္ထဲမွာအထုပ္တစ္ထုပ္ကုိင္ေဆာင္ထားျပီး သူမနဲ႕အတူပါလာတဲ႕အမ်ဳိးသားက ဆုိင္၀န္ထမ္းကုိအာရုံလႊဲထားတဲ႕အခ်ိန္မွာ အမ်ဳိးသမီးျဖစ္သူက iPhone X ကုိျဖဳတ္ျပီးယူေဆာင္သြားတာျဖစ္ပါတယ္။
အဲ႕ဒီအေၾကာင္းအရာနဲ႕ပတ္သက္လုိ႕ တာ၀န္ရွိသူက ဒီလုိပဲပုိ႕စ္တင္ထားခဲ႕ပါတယ္။
Win Mobile World (Branch II) Myanmar Plaza Branch တြင္ ယေန႕ညေန 6:19 နာရီအခ်ိန္တြင္ ေက်ာပိုးအိတ္လြယ္လ်က္ အထုပ္တစ္ထုပ္ လက္တြင္ ကိုင္ထားေသာ အမ်ိဳးသားတစ္ဦးႏွင့္ ၎ႏွင့္အတူ ပါလာေသာ အ႐ုပ္တစ္႐ုပ္ကိုင္လ်က္ရွိေသာ အမ်ိဳးသမီးမွ Live Demo ခင္းက်င္းျပသထားေသာ Display Devices မ်ားကို ၾကည့္ရႈခ်င္ေယာင္ေဆာင္ကာ ေယာက္်ားေလးမွ အေရာင္းဝန္ထမ္းအား အာရံုလႊဲေျပာင္း၍ မိန္းကေလးမွ iPhone X အား ျဖဳတ္ယူခိုးသြားခဲ့ပါသည္။
လက္ရွိအခ်ိန္တြင္ CCTV Record မ်ားအရေရာ မ်က္ႏွာပံုစံအေနအထားမွာ ၎တို႕ (၂) ေယာက္အား ျပတ္သားထင္ရွားစြာ Record မ်ားရရွိထားပါသည္။
ခိုးယူသည့္သူသည္ အမ်ိဳးသမီးတစ္ဦးျဖစ္ေသာေၾကာင့္ လက္ရွိအခ်ိန္တြင္ ဂုဏ္သိကၡာအား ငဲ့ညာေသာအားျဖင့္ မ်က္ႏွာဖ်က္ေပးထားၿပီး သက္ဆိုင္ရာ ရဲစခန္းတြင္ အမႈဖြင့္ထားျခင္းမရွိေသးပါ။
ခိုးယူသြားေသာ စံုတြဲအေနျဖင့္ မိမိတို႕ Myanmar Plaza Branch သို႕ (၃) ရက္တြင္း ပစၥည္း ျပန္လည္လာေရာက္ေပးအပ္ရန္ႏွင့္ မေပးအပ္ပါက သက္ဆိုင္ရာ ရဲစခန္းမ်ားတြင္ အမႈဖြင့္ၿပီး တည္ဆဲဥပေဒမ်ားအရ တရားစြဲဆိုသြားမည္ျဖစ္ၿပီး Social Media မ်ားတြင္လည္း ထင္ရွားျပတ္သားေသာ ပံုပန္းသြင္ျပင္ကို ေဖာ္ျပသြားမည္ျဖစ္ပါသည္။
ခိုးယူသြားေသာ iPhone X မွာလည္း iCloud Lost Mode ျပဳလုပ္ၿပီးျဖစ္ပါသည္။
Model – iPhone X (64GB | Silver)
IMEI – 359406081140705
ဆက္သြယ္ရန္ – 09 45 222 888 5
ေက်းဇူးျပဳ၍ လက္ဆင့္ကမ္း မွ်ေ၀ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။
ပံုတြင္ ခိုးယူသူ စံုတြဲအား အနီေရာင္စက္ဝိုင္းျဖင့္ ျပထားပါသည္။
WE ပရိသတ္ေတြလည္း ဒီသတင္းေလးကုိျပန္လည္မွ်ေ၀ေပးလုိက္ပါဦးေနာ္။

Gabriel
Photo : Crd



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။