ခေါင်းမကြည်မလင်ဖြစ်ပြီး စိတ်ညစ်နွမ်းစေတဲ့ အဓိကပြဿနာများ

တချို့တွေဆိုရင် တချိန်လုံး ခေါင်းမကြည်မလင်နဲ့ ဘာလုပ်လုပ်စိတ်တိုနေတတ်ပါတယ်။ ခေါင်းမကြည်တော့ စိတ်ကလည်းမကြည်မလင်ဖြစ်ပြီး စိတ်ညစ်နွမ်းလာစေပါတယ်။ ဒါတွေက သင့်ရဲ့အပြုမူတွေနဲ့ပဲဆိုင်ပါတယ်။ နေထိုင်မှုပုံစံတွေမှားနေရင်လည်း ခေါင်းမကြည်ပဲဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခေါင်းမကြည်မလင်ဖြစ်ပြီး စိတ်ညစ်နွမ်းစေတဲ့ သင်ရဲ့အပြုအမူအမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ချိန်လုံးငြီးငွေ့ပြီး ပျင်းရိနေခြင်းကလည်း စိတ်ကို ထိုင်းမှိုင်းစေပြီး ခေါင်းမကြည်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ကို အမြဲကြည်နေဖို့နဲ့ အချိန်တိုင်းမှာ တက်ကြွလန်းဆန်းနေဖို့ လိုအပ်ပါတယ်။ ဘာလုပ်လုပ် ပျင်းရိငြီးငွေ့ပြီး စိတ်မပါဖြစ်နေရင်တော့ ခေါင်းကလည်း ဘယ်တော့မှကြည်နေမှာ မဟုတ်ပါဘူး။

ဖုန်းနဲ့ ကွန်ပြူတာကို တစ်ချိန်လုံးသုံးနေခြင်းကလည်း ခေါင်းကိုက်စေပါတယ်။ ဒါ့အပြင် ခေါင်းမကြည်မလင်ဖြစ်ပြီး စိတ်ရောလူပါ ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် တစ်ချိန်လုံးဖုန်းသုံးနေတဲ့ အကျင့်ကိုပြင်ပေးဖို့လိုပါတယ်။ ဖုန်းသုံးတာများလာရင် ခေါင်းမကြည်ဖြစ်ပြီး ဇာတ်ကြောတက်လာစေပါတယ်။ ဇာတ်ကြောတက်ရင် နေရတာထိုင်းမှိုင်းလာစေပါတယ်။ ကွန်ပြူတာကြည့်ရင်လည်း ဒီလိုပါပဲ။ မျက်စိကို အနားပေးဖို့လိုပါတယ်။

နေမကောင်းဖြစ်နေတဲ့အချိန်တွေနဲ့ ကိုယ်ခန္ဓာအားနည်းနေတဲ့အချိန်တွေမှာ အလုပ်လုပ်ရင်လည်း စိတ်မကြည်မလင်ဖြစ်ပြီး ခေါင်းကိုက်လာနိုင်ပါတယ်။ အလုပ်တွေပြင်းပြင်းထန်ထန်လုပ်မိရင် ဦးနှောက်ကိုထိခိုက်စေနိုင်တဲ့အတွက် ခေါင်းမကြည်မလင်ဖြစ်တာမျိုးတွေကလည်း ဖြစ်လာဖို့များပါတယ်။ ဒါကြောင့် နေမကောင်းတဲ့အချိန်တွေနဲ့ ကိုယ်ခန္ဓာအားနည်းနေတဲ့ အချိန်တွေမှာဆိုရင် ရေကိုများများသောက်ပေးဖို့ လိုပါတယ်။

အမှောင်ထဲမှာ အာရုံစိုက်ရတဲ့အလုပ်တွေလုပ်ရင် မျက်စိညောင်းပြီး ခေါင်းကိုက်လာစေပါတယ်။ ဇာတ်ကြောလည်းတက်လာစေတဲ့အတွက် ခေါင်းမကြည်မလင်ဖြစ်လာမှာတော့ အသေအချာပါပဲ။ နောက်တစ်ခုကကတော့ အမှောင်ထဲမှာ ဖုန်းသုံးတာ၊ ကွန်ပြူတာကြည့်တာတွေဟာ မျက်လုံးပျက်စေပါတယ်။ ကြာကြာကြည့်ရင် ခေါင်းကိုက်ပြီး ခေါင်းမကြည်မလင်ဖြစ်လာစေပါတယ်။

မနက်စာမစားခြင်းကလည်း ဦးနှောက်ကိုထိခိုက်စေတယ်လို့ ဂျပန်သုတေသီတွေက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်စာကိုတော့ စားပေးဖို့လိုပါတယ်။ မနက်စာစားမှ အာဟာရဓာတ်ကအပြည့်အဝရရှိစေတာပါ။ ဒါကြောင့် ဘယ်လောက်ပဲ အချိန်မရနေပါစေ မနက်စာကိုတော့ လုံးဝအလွတ်မခံပါနဲ့။











we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။