မြန်မာနိုင်ငံက Instagram Queen ဘယ်သူဖြစ်မလဲ…?

     အခုတစ်ခါမှတော့ လတ်တလောမှာ နာမည်ကြီးနေတဲ့ အမျိုးသမီး Instagrammer တွေကိုဖော်ပြပေးသွားမှာပါ…။ ဘယ်သူက Followers များတယ်၊ ဘယ်သူက Likes များတယ်၊ ဘယ်သူကတော့ ဘယ်လိုလူကြိုက်များတယ်ဆိုတာတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်နော်…။ ဒီထဲကမှ Instagram Queen ကို စာဖတ်ပရိသတ်ကြီးပဲ ရွေးပေးလိုက်ပါတော့နော်…။

- ဝတ်မှုံရွှေရည်

     ဝတ်မှုံရွှေရည်ကတော့ Instagram မှာ Followers 307k ရှိပါတယ်…။ သူတင်တဲ့ပို့စ်တွေမှာတော့ Likes ကအမြဲတမ်းနီးပါး 5000 ကျော်ရနေပြီး Likes အများဆုံးရရှိထားတဲ့ ပို့စ်ကတော့ သူမရဲ့ မြန်မာဝတ်စုံလေးနဲ့ရိုက်ထားတဲ့ ပုံလေးပဲဖြစ်ပါတယ်…။ ဒီပို့စ်လေးမှာဆိုရင်တော့ Likes 8000 ကျော် ရနေတာပဲဖြစ်ပါတယ်နော်…။

- သင်ဇာဝင့်ကျော်

     အခုနောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကိုပြန်လည်ရယူနေတဲ့ သင်ဇာဝင့်ကျော်ကတော့ Instagram မှာ Followers 293k ရှိနေပါတယ်နော်…။ မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်ပြီး Sexy ကျကျဝတ်ဆင်တဲ့ ဒီဇိုင်းတွေကလည်း အရမ်းကိုမိုက်ပါတယ်နော်…။ သူမတင်တဲ့ ပို့စ်တွေမှာတော့ Likes က 3000 ကျော်အမြဲရနေပြီး Likes အများဆုံးရတဲ့ ပုံကတော့ Shot Pant နဲ့ပုံလေးပဲဖြစ်ပါတယ်…။ ဒီပုံလေးမှာဆိုရင် Likes 6000 ကျော်ရရှိထားတာပဲဖြစ်ပါတယ်…။

- ခင်ဝင့်ဝါ

     ချစ်စရာကောင်းတဲ့ မျက်နှာပုံစံလေးကြောင့် ယောက်ျားလေးပရိတ်သတ်ရော၊ မိန်းကလေးပရိတ်သတ်တွေပါ အများအပြားအားပေးခံရတဲ့ ခင်ဝင့်ဝါကတော့ Instagram မှာ Followers 277k ရှိပြီး သူမတင်လိုက်တဲ့ပို့စ်တိုင်းမှာတော့ Likes အရေအတွက်ကအမြဲတမ်းနီးပါး 3000 ကျော်ရှိနေပါတယ်…။ သူမ မကြာသေးခင်ကတင်လိုက်တဲ့ ပို့စ်မှာတော့ Likes အရေအတွက်က 4500 ကျော်ရရှိထားတာပဲဖြစ်ပါတယ်…။

- ဖွေးဖွေး

     လာပါပြီ ပြည်သူတွေရဲ့အချစ်တော် သူမကစပေါ်ခါစအချိန်ကနေ အခုချိန်ထိအောင် နာမည်မကျသွားပဲ သရုပ်ဆောင်မှုတွေလည်းကောင်းတဲ့ မင်းသမီးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်….။ သူမအနေနဲ့ Instagram မှာ followers 258k ရှိနေပြီး Likes အနေနဲ့ကတော့ 4000 ကျော်အမြဲတမ်းရရှိနေပြီး Photo Shooting တစ်ခုအတွက်ရိုက်ပေးထားတဲ့ပုံတစ်ပုံကို တင်တဲ့အခါမှာတော့ Likes အရေအတွက်က 10000 ကျော်ထိအောင်ရခဲ့ပါတယ်နော်…။

- ယွန်းယွန်း

     ငယ်ငယ်ထဲက ကလေးသရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး လူအများကချစ်ခင်မှုကိုခံလာရတဲ့ ယွန်းယွန်းလေးကတော့ အခုခါမှာ တက္ကသိုလ်ကျောင်းသူတောင် ဖြစ်လို့နေပါပြီ…။ ယွန်းယွန်းလေးကလည်း Instagram မှာ Followers 236k ရှိနေပြီး၊ သူတင်လိုက်တဲ့ ပို့စ်တိုင်းကအမြဲလိုလို Likes 4000 ကျော် ရရှိနေတာပဲဖြစ်ပါတယ်…။ သူမတင်ထားတဲ့ ပို့စ်တွေထဲကမှ အခုလက်တလောမှာ သူမရဲ့ဓာတ်ပုံလေးက Likes 6500 ရရှိထားပါတယ်…။

- စူးရှနိုင်

     စူးရှနိုင်ကတော့ သူမရဲ့Instagram မှာ အမိုက်စားပုံလေးတွေတင်တာများပါတယ်…။ သူမရဲ့ Instagram မှာတော့ Followers 212k ရှိနေပြီး တင်လိုက်တဲ့ပို့စ်တိုင်းမှာ အမြဲတမ်းရနေတဲ့ Likes 3000 ကျော်ကတော့ အမြဲတမ်းရနေပါတယ်…။ အခုလတ်တလော သူမတင်လိုက်တဲ့ ပို့စ်မှာတော့ Likes 6000 ကျော်ရရှိထားတာပဲဖြစ်ပါတယ်…။

- အောန်ဆိုင်း

     မော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့ ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ အရမ်းမိုက်တဲ့ Body ပိုင်ဆိုင်ထားပြီး မိန်းကလေးတွေရော၊ ယောက်ျားလေးတွေကြိုက်နှစ်သက်ပြီး အားပေးကြတဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်…။ သူမရဲ့ Instagram မှာတော့ Followers 207k ရှိနေပြီး သူမတင်လိုက်တဲ့ ပို့စ်တိုင်းမှာတော့ Likes 2000 ကျော်အမြဲတမ်းရနေတာပဲဖြစ်ပါတယ်…။ သူမတင်လိုက်တဲ့ Beach ကပို့စ်ကလည်း Likes 4000 ကျော်ရရှိထားတာပဲဖြစ်ပါတယ်…။

- ယွန်းဝတီလွင်မိုး

     ရုပ်ရှင်မင်းသား ဦးလွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုး ကဆိုရင်လည်း လူငယ်ပရိတ်သတ်တွေ တော်တော်များများကြိုက်ကြတဲ့ မော်ဒယ်ပဲဖြစ်ပါတယ်…။ သူမအနေနဲ့ အနုပညာလုပ်ငန်းကို Photo Model အနေနဲ့ပဲလုပ်ဆောင်တာများပြီး အခုခါမှာတော့ အမေရိကားမှာကျောင်းသွားတက်နေတာပဲဖြစ်ပါတယ်…။ သူမအနေနဲ့ Instagram မှာ Followers 191k ရှိပြီး သူမတင်လိုက်တဲ့ ပို့စ်တိုင်းမှာ Likes 5000 ကျော်အမြဲတမ်းရနေပြီး အခုလတ်တလောကျောင်းပိတ်ရက်မှာ သူမတင်ထားတဲ့ ပို့စ်ကတော့ Likes 7000 ကျော်ရရှိထားတာပဲဖြစ်ပါတယ်…။

- ပန်းရောင်ခြယ်

     အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်တဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်ကလည်း သူမရဲ့ အသံချိုချိုလေး၊ ရှည်လျားတဲ့ ဆံပင်၊ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားတာပဲဖြစ်ပါတယ်နော်…။ သူမရဲ့ Instagram မှာ Followers 115k ရှိနေပြီး သူမတင်တဲ့ပိုစ်တော်တော်များများမှာ Likes 2000 ကျော်အမြဲရနေတာပဲဖြစ်ပါတယ်…။ သူမတင်ထားတဲ့ ပို့စ်တေါထဲမှာ Likes 4400 ကျော်ရရှိထားတဲ့ ပို့စ်လည်းရှိနေပါတယ်နော်…။

- နေခြည်ဦး

     သရုပ်ဆောင်မင်းသားတစ်ယောက်ရဲ့ ချစ်သူလို့စသိရတဲ့ နေခြည်ဦးက အခုခါမှတော့ beauty blogger အနေနဲ့ရပ်တည်လို့နေပါပြီ…။ သူမရဲ့ သွက်လက်တဲ့ ပုံစံ၊ ဖော်ရွေမှုတွေကြောင့် သူမကိုချစ်တဲ့သူတွေပိုများလို့လာပါတယ်…။ သူမရဲ့ Instagram မှာ Followers 71.4k ရှိပြီး သူမတင်တဲ့ ပို့စ်တော်တော်များများမှာတော့ Likes 4000 ကျော်အမြဲတမ်းရနေပြီး၊ သူမတင်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ Likes 6900 ကျော်ရရှိတာပဲဖြစ်ပါတယ်…။

           ဒါကတော့ လတ်တလောလူကြိုက်များနေတဲ့ မိန်းကလေး Instagrammer တွေဖြစ်ပါတယ်။ ဘယ်သူကို Instgram Queen အဖြစ်ပေးချင်လဲဆိုတာကတော့ ပရိတ်သတ်တွေကပဲ အဖြေပေးရမှာပဲဖြစ်ပါတယ်နော်…။