ကမ္ဘာပေါ်ကထိပ်တန်းလက်ဝတ်ရတနာအမှတ်တံဆိပ်တွေ

  “စိန်ဆိုတာကောင်းဆုံးမိတ်ဆွေ” ဆိုတဲ့စကားဟာရိုးအီနေပါပြီ။

ဒါပေမဲ့လည်းကျောက်မျက်ရတနာတွေကတော့ဝတ်စားဆင်ယင်မှုမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်နေတုန်းပါပဲ။တစ်ချို့က Tiffany ကို မင်္ဂလာပွဲအတွက် စဉ်းစားရွေးချယ်နေကြချိန်မှာ တစ်ချို့ကတော့ နားကပ်တစ်ရံအတွက် Chanelမှဝယ်ယူကြတယ်။ဘယ်လိုဖြစ်ဖြစ်ရတနာနဲ့ပက်သက်တဲ့စိတ်ကူးလေးတွေတော့ရှိ ကြတယ်။သင့်မှာစိတ်ကူးရှိတာဖြစ်စေ မရှိတာဖြစ်စေဒီနေ့မှာတော့ ထိပ်တန်းဒီဇိုင်းတွေထုတ်လုပ်တဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ်တွေကိုဆွေးနွေးကြရအောင်နော်။သူတို့တွေကတော့……

1. Tiffany & Co

လတ်ဝတ်ရတနာအကြောင်းပြောမယ်ဆိုရင်Tiffany & Co ကတော့အရင်ဆုံးမျက်လုံးထဲကိုဝင်လာတဲ့အမှတ်တံဆိပ်တစ်ခုပါ။၁၈၃၇ခုနှစ်မှာ လန်ဒန်နဲ့ ပဲရစ်မှာစတင်ဖွင့်လှစ်ခဲ့တုန်းက Tiffany, Young & Ellis ဆိုတဲ့နာမည်နဲ့ပါ။နောက်ပိုင်းမှာတော့ Tiffany & Co ဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့တာပါ။စိန်နဲ့ဖြစ်စေပလက်တီနမ်နဲ့ဖြစ်စေဘယ်လိုကျောက်မျက်ရတနာကိုဘဲသုံးသုံးကမ္ဘာ့ထိပ်တန်းအရည်အသွေးမြင့်လတ်ဝတ်ရတနာတွေထုတ်လုပ်ပေးနိုင်တာကြောင့်ကျော်ကြားပါတယ်။ Jackie Kennedyနဲ့ Elizabeth Taylor တို့အပြင် ပုံမှန်အားပေးတဲ့ဆယ်လီတွေအများကြီးပါနော်။

2. Cartier

Louis Cartierဆိုတာ ပြင်သစ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး  Cartier ကို၁၈၄၇မှာ ဖွင့်လှစ်ခဲ့တာပါ။သိပ်မကြာခင်မှာဘဲ Cartier ရဲ့ပြိုင်စံကင်းတဲ့လက်ရာမွန်တွေကြောင့် တခြားနိုင်ငံမှာရှိတဲ့မြို့ကြီးတွေကို တိုးချဲ့ခဲ့ပါတယ်။စိန်နဲ့ပြုလုပ်ထားတဲ့ကျားသစ်ပုံစံရင်ထိုးနဲ့လှပလွန်းတဲ့ဒီဇိုင်းတွေကို ၁၉၄၇မှာရောင်းချခဲ့ပါတယ်။ဒါကြောင့်လည်း ဝင်ဆာမင်းသားEdwardIII အပါအဝင် ကမ္ဘာအရပ်ရပ်ကစိတ်ဝင်စားမှုကိုရယူနိုင်ခဲ့ပါတယ်။အမြဲတမ်းဆန်းသစ်တဲ့ဒီဇိုင်းတွေ ကိုနှစ်စဉ်ရောင်းချတာကြောင့် စောင့်ပြီးတော့တောင်မှ အားပေးရတဲ့အထိပါပဲ။အကောင်းဆုံးနဲ့ ရှားပါးလှတဲ့လက်ရာတွေကိုလေလံပစ်တာကြောင့်လည်းလူသိများပါသေးတယ်။

3. BvLgari

အီတလီအမှတ်တံဆိပ် Bvlgari ကလည်း ထိပ်တန်းအမှတ်တံဆိပ်တစ်ခုပါ။ Bvlgari ရဲ့သူမတူတဲ့လက်ရာကတော့ အရောင်အသွေးစုံရတနာတွေနဲ့ ထည့်သွင်းပြုလုပ်ခြင်းပါပဲ။နာမည်ကြီးတာကတော့ Serpentine Collection ပါ။ Serpentine ဆိုတာ အစက်အပျောက်တွေပါတဲ့အစိမ်းရောင်ကျောက်နဲ့ပြုလုပ်ထားတဲ့ မြွေပုံစံ နာရီ၊လည်ဆွဲနဲ့  လက်ကောက်တွေဖြစ်ပါတယ်။ဒီလက်ဝတ်ရတနာတွေကို Serpentineအပြင် စိန်နဲ့ အခြားကျောက်မျက်တွေကိုလည်းအသုံးပြုထားပါတယ်။

4. Harry Winston

Harry Winston ဆိုတာ ဒီဇိုင်နာရဲ့နာမည်ကိုအသုံးပြုထားတာဖြစ်ပြီး၁၉၃၂ခုမှာစတင်ခဲ့တာပါ။Harry Winston မရှိတော့ပေမဲ့ ဒီနာမည်ကိုဘဲဆက်လက်အသုံးပြုနေသေးတာပါ။သူရဲ့ဒီဇိုင်းတွေဟာ အနုစိတ်ဆန်လွန်းစွာခြယ်မှုန်းထားပေမဲ့ ကျော့ကျော့ရှင်းရှင်းနဲ့ တစ်မူထူးခြားတာကြောင့် တစ်ခုကိုမြင်တာနဲ့Harry Winston မှန်းသိသာနိုင်ပါတယ်။ဒီနေ့ထိတိုင်အောင် ဆယ်လီတွေဟာ Harry Winston ရဲ့ဒီဇိုင်းတွေကို ကြိုက်နှစ်သက်စွာဝတ်ဆင်နေတုန်းပါ။

5. Van Cleef & Arpels

Van Cleef & Arpels ဟာနောက်ထပ်ပြင်သစ်အမှတ်တံဆိပ်တစ်ခုပါ။၁၉၀၆ခုလောကကတည်းကAlfred Van Cleef  ဟာသူ့ရဲ့ဦးလေး Salmon Arpels နဲ့အတူစတင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ခေတ်ဟောင်းအငွေ့အသက်တွေပါဝင်တဲ့ နာရီ၊နားကပ်၊လည်ဆွဲနဲ့လက်ကောက်တွေဟာ လက်ရှိခေတ်မှာလည်း အောင်မြင်နေပါတယ်။ဒါကြောင့် အံ့သြစရာကောင်းဖန်တီးမှုလက်ရာတွေကြောင့်လူကြိုက်များတဲ့ နောက်ထပ်အမှတ်တံဆိပ်တစ်ခုပါ။

Source:stylecraze

 “စိန္ဆိုတာေကာင္းဆံုးမိတ္ေဆြ” ဆိုတဲ့စကားဟာရိုးအီေနပါျပီ။

ဒါေပမဲ့လည္းေက်ာက္မ်က္ရတနာေတြကေတာ့၀တ္စားဆင္ယင္မွုမွာ အေရးၾကီးတဲ့က႑တစ္ခုျဖစ္ေနတုန္းပါပဲ။တစ္ခ်ိဳ့က Tiffany ကို မဂၤလာပြဲအတြက္ စဥ္းစားေရြးခ်ယ္ေနၾကခ်ိန္မွာ တစ္ခ်ိဳ႔ကေတာ့ နားကပ္တစ္ရံအတြက္ Chanelမွ၀ယ္ယူၾကတယ္။ဘယ္လိုျဖစ္ျဖစ္ရတနာနဲ့ပက္သက္တဲ့စိတ္ကူးေလးေတြေတာ့ရွိ ၾကတယ္။သင့္မွာစိတ္ကူးရွိတာျဖစ္ေစ မရွိတာျဖစ္ေစဒီေန့မွာေတာ့ ထိပ္တန္းဒီဇိုင္းေတြထုတ္လုပ္တဲ့ လက္၀တ္ရတနာ အမွတ္တံဆိပ္ေတြကိုေဆြးေႏြးၾကရေအာင္ေနာ္။သူတို့ေတြကေတာ့……

1. Tiffany & Co

လတ္၀တ္ရတနာအေၾကာင္းေျပာမယ္ဆိုရင္Tiffany & Co ကေတာ့အရင္ဆံုးမ်က္လံုးထဲကို၀င္လာတဲ့အမွတ္တံဆိပ္တစ္ခုပါ။၁၈၃၇ခုႏွစ္မွာ လန္ဒန္နဲ့ ပဲရစ္မွာစတင္ဖြင့္လွစ္ခဲ့တုန္းက Tiffany, Young & Ellis ဆိုတဲ့နာမည္နဲ့ပါ။ေနာက္ပိုင္းမွာေတာ့ Tiffany & Co ဆိုတဲ့နာမည္ကိုေျပာင္းလဲခဲ့တာပါ။စိန္နဲ့ျဖစ္ေစပလက္တီနမ္နဲ့ျဖစ္ေစဘယ္လိုေက်ာက္မ်က္ရတနာကိုဘဲသုံးသံုးကမၻာ့ထိပ္တန္းအရည္အေသြးျမင့္လတ္၀တ္ရတနာေတြထုတ္လုပ္ေပးႏိုင္တာေၾကာင့္ေက်ာ္ၾကားပါတယ္။ Jackie Kennedyနဲ့ Elizabeth Taylor တို့အျပင္ ပံုမွန္အားေပးတဲ့ဆယ္လီေတြအမ်ားၾကီးပါေနာ္။

2. Cartier

Louis Cartierဆိုတာ ျပင္သစ္ဒီဇိုင္နာတစ္ေယာက္ျဖစ္ျပီး  Cartier ကို၁၈၄၇မွာ ဖြင့္လွစ္ခဲ့တာပါ။သပ္မၾကာခင္မွာဘဲ Cartier ရဲ့ျပိဳင္စံကင္းတဲ့လက္ရာမြန္ေတြေၾကာင့္ တျခားႏိုင္ငံမွာရွိတဲ့ျမိဳ့ၾကီးေတြကို တိုးခ်ဲ့ခဲ့ပါတယ္။စိန္နဲ့ျပဳလုပ္ထားတဲ့က်ားသစ္ပံုစံရင္ထိုးနဲ့

လွပလြန္းတဲ့ဒီဇိုင္းေတြကို ၁၉၄၇မွာေရာင္းခ်ခဲ့ပါတယ္။ဒါေၾကာင့္လည္း ၀င္ဆာမင္းသားEdwardIII အပါအ၀င္ ကမၻာအရပ္ရပ္ကစိတ္၀င္စားမွုကိုရယူႏိုင္ခဲ့ပါတယ္။အျမဲတမ္းဆန္းသစ္တဲ့ဒီဇိုင္းေတြ ကိုႏွစ္စဥ္ေရာင္းခ်တာေၾကာင့္ ေစာင့္ျပီးေတာ့ေတာင္မွ အားေပးရတဲ့အထိပါပဲ။အေကာင္းဆံုးနဲ့ ရွားပါးလွတဲ့လက္ရာေတြကိုေလလံပစ္တာေၾကာင့္လည္းလူသိမ်ားပါေသးတယ္။

3. BvLgari

အီတလီအမွတ္တံဆိပ္ Bvlgari ကလည္း တိန္တန္းအမွတ္တံဆိပ္တစ္ခုပါ။ Bvlgari ရဲ့သူမတူတဲ့လက္ရာကေတာ့ အေရာင္အေသြးစံုရတနာေတြနဲ့ ထည့္သြင္းျပဳလုပ္ျခင္းပါပဲ။

နာမည္ၾကီးတာကေတာ့ Serpentine Collection ပါ။ Serpentine ဆိုတာ အစက္အေပ်ာက္ေတြပါတဲ့အစိမ္းေရာင္ေက်ာက္နဲ့ျပဳလုပ္ထားတဲ့ ေျမြပံုစံ နာရီ၊လည္ဆြဲနဲ့  လက္ေကာက္ေတြျဖစ္ပါတယ္။ဒီလက္၀တ္ရတနာေတြကို Serpentineအျပင္ စိန္နဲ့ အျခားေက်ာက္မ်က္ေတြကိုလည္းအသံုးျပဳထားပါတယ္။

4. Harry Winston

Harry Winston ဆိုတာ ဒီဇုိင္နာရဲ့နာမည္ကိုအသံုးျပဳထားတာျဖစ္ျပီး၁၀၃၂ခုမွာစတင္ခဲ့တာပါ။Harry Winston မရွိေတာ့ေပမဲ့ ဒီနာမည္ကိုဘဲဆက္လက္အသံုးျပဳေနေသးတာပါ။သူရဲ့ဒီဇိုင္းေတြဟာ အႏုစိတ္ဆန္လြန္းစြာျခယ္မွုန္းထားေပမဲ့ ေက်ာ့ေက်ာ့ရွင္းရွင္းနဲ့ တစ္မူထူးျခားတာေၾကာင့္ တစ္ခုကိုျမင္တာနဲ့Harry Winston မွန္းသိသာႏိုင္ပါတယ္။ဒီေန့ထိတိုင္ေအာင္ ဆယ္လီေတြဟာ Harry Winston ရဲ့ဒီဇိုင္းေတြကို ၾကိဳက္ႏွစ္သက္စြာ၀တ္ဆင္ေနတုန္းပါ။

5. Van Cleef & Arpels

Van Cleef & Arpels ဟာေနာက္ထပ္ျပင္သစ္အမွတ္တံဆိပ္တစ္ခုပါ။၁၉၀၆ခုေလာကကတည္းကAlfred Van Cleef သာသူ့ရဲ့ဦးေလး Salmon Arpels နဲ့အတူစတင္ခဲ့တဲ့ကုမၸဏီတစ္ခုျဖစ္ပါတယ္။ေခတ္ေဟာင္းအေငြ႔အသက္ေတြပါ၀င္တဲ့ နာရီ၊နားကပ္၊လည္ဆြဲနဲ့လက္ေကာက္ေတြဟာ လက္ရွိေခတ္မွာလည္း ေအာင္ျမင္ေနပါတယ္။ဒါေၾကာင့္ အံ့ၾသစရာေကာင္းဖန္တီးမွုလက္ရာေတြေၾကာင့္လူၾကိဳက္မ်ားတဲ့ ေနာက္ထပ္အမွတ္တံဆိပ္တစ္ခုပါ။

Source:stylecraze

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။