ဝက်ခြံတွေထပ်ပြီးတော့ဖြစ်မလာစေအောင် တားဆီးဖို့အတွက်လိုက်လုပ်သင့်တဲ့နည်းလမ်းများ

မျက်နှာအသားအရေပေါ်မှာ ဝက်ခြံတွေဖြစ်နေတာက အသားအရေပေါ်မှာလိုက်နာသင့်တာတွေကို သေချာမလိုက်နာပဲ အသားအရေကိုပျက်စီးအောင်လုပ်မိနေတာတွေကြောင့် ဝက်ခြံတွေကိုအဖြစ်များစေတာပဲဖြစ်ပါတယ်။ မျက်နှာအလှအပကိုပျက်စီးစေတဲ့ ဝက်ခြံတွေဖြစ်လာရတဲ့အကြောင်းအရင်းမှာ ဒါတွေကိုသေချာမလိုက်နာနေလို့ပဲဖြစ်ပါတယ်နော်။

မျက်နှာသေချာမသန့်စင်တာ

မိတ်ကပ်တွေနေ့တိုင်းလိမ်းနေရတဲ့ရက်မျိုးတွေမှာ မျက်နှာအသားအရေကို သေချာပြောင်စင်အောင် သန့်စင်ပေးဖို့တော့လိုပါတယ်။ လိမ်းထားတဲ့မိတ်ကပ်တွေနဲ့ ချွေးတွေနဲ့ရောသွားတဲ့အခါမှာ အနည်းငယ်တော့ညစ်ပတ်သွားပြီး မျက်နှာကိုသေချာမသန့်စင်ပေးဖူးဆိုရင် ဝက်ခြံတွေကို ပိုပြီးတော့ဖြစ်လာစေနိုင်တာပေါ့။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာသစ်ဆေး တစ်မျိုးထဲနဲ့လည်း မလုံလောက်သေးပါဘူး။ မိတ်ကပ်ဖျက်ဆေးနဲ့မျက်နှာကို အရင်သန့်စင်ပေးပြီးမှ မျက်နှာသစ်ဆေးနဲ့သန့်စင်ပေးရပါမယ်နော်။

မျက်နှာခဏခဏသစ်တာ

မျက်နှာခဏခဏသစ်ပေးတာလည်း မျက်နှာအသားအရေကိုထိခိုက်စေမယ့် အချက်မျိုးပဲဖြစ်ပါတယ်။ မျက်နှာသစ်ပေးတာကလည်း လိုအပ်တဲ့အချိန်လောက်ပဲ အသုံးပြုတာကောင်းပြီးတော့ ခဏခဏလုပ်လာတဲ့အခါမှာတော့ မျက်နှာအသားအရေအတွက် အစိုဓာတ်တွေကိုခမ်းခြောက်လာစေပြီး ဝက်ခြံတွေကိုထွက်လာစေနိုင်ပါတယ်။

အလှပြင်ပစ္စည်းတွေအများကြီးသုံးတာ

အလှပြင်ပစ္စည်းတွေကို ပုံသေသတ်မှတ်ထားတာမဟုတ်ပဲ။ တွေ့ရာပစ္စည်းမျိုးတွေကို သုံးနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ မျက်နှာသစ်ဆေးဆိုရင်လည်း တသက်မတ်ထဲသုံးတာမျိုးမဟုတ်ပဲ ဟိုဟာသုံးလိုက်ဒီဟာသုံးလိုက်ဆိုရင် မျက်နှာအသားအရေကို ပုံမှန်မဖြစ်နေစေတော့ပဲ တဖြည်းဖြည်းပျက်စီးလာမှာပဲဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်မသုံးပေးတာ

မျက်နှာအသားအရေအတွက် အစိုဓာတ်ထိန်းခရင်မ်ကလည်း တကယ်ကိုလိုအပ်တဲ့အရာတစ်ခုပါပဲ။ အဆီပြန်တဲ့အသားအရေပဲဖြစ်ဖြစ်၊ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ပဲဖြစ်ဖြစ် မျက်နှာသစ်ပြီးသွားတဲ့အချိန်မှာတော့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းဖို့မရှိမဖြစ်ကိုလိုအပ်ပါတယ်နော်။

မ်က္ႏွာအသားအေရေပၚမွာ ဝက္ၿခံေတြျဖစ္ေနတာက အသားအေရေပၚမွာလိုက္နာသင့္တာေတြကို ေသခ်ာမလိုက္နာပဲ အသားအေရကိုပ်က္စီးေအာင္လုပ္မိေနတာေတြေၾကာင့္ ဝက္ၿခံေတြကိုအျဖစ္မ်ားေစတာပဲျဖစ္ပါတယ္။ မ်က္ႏွာအလွအပကိုပ်က္စီးေစတဲ့ ဝက္ၿခံေတြျဖစ္လာရတဲ့အေၾကာင္းအရင္းမွာ ဒါေတြကိုေသခ်ာမလိုက္နာေနလို႔ပဲျဖစ္ပါတယ္ေနာ္။

မ်က္ႏွာေသခ်ာမသန္႔စင္တာ

မိတ္ကပ္ေတြေန႔တိုင္းလိမ္းေနရတဲ့ရက္မ်ိဳးေတြမွာ မ်က္ႏွာအသားအေရကို ေသခ်ာေျပာင္စင္ေအာင္ သန္႔စင္ေပးဖို႔ေတာ့လိုပါတယ္။ လိမ္းထားတဲ့မိတ္ကပ္ေတြနဲ႔ ေခၽြးေတြနဲ႔ေရာသြားတဲ့အခါမွာ အနည္းငယ္ေတာ့ညစ္ပတ္သြားၿပီး မ်က္ႏွာကိုေသခ်ာမသန္႔စင္ေပးဖူးဆိုရင္ ဝက္ၿခံေတြကို ပိုၿပီးေတာ့ျဖစ္လာေစႏိုင္တာေပါ႔။ မ်က္ႏွာသစ္တဲ့အခါမွာလည္း မ်က္ႏွာသစ္ေဆး တစ္မ်ိဳးထဲနဲ႔လည္း မလံုေလာက္ေသးပါဘူး။ မိတ္ကပ္ဖ်က္ေဆးနဲ႔မ်က္ႏွာကို အရင္သန္႔စင္ေပးၿပီးမွ မ်က္ႏွာသစ္ေဆးနဲ႔သန္႔စင္ေပးရပါမယ္ေနာ္။

မ်က္ႏွာခဏခဏသစ္တာ

မ်က္ႏွာခဏခဏသစ္ေပးတာလည္း မ်က္ႏွာအသားအေရကိုထိခိုက္ေစမယ့္ အခ်က္မ်ိဳးပဲျဖစ္ပါတယ္။ မ်က္ႏွာသစ္ေပးတာကလည္း လိုအပ္တဲ့အခ်ိန္ေလာက္ပဲ အသံုးျပဳတာေကာင္းၿပီးေတာ့ ခဏခဏလုပ္လာတဲ့အခါမွာေတာ့ မ်က္ႏွာအသားအေရအတြက္ အစိုဓာတ္ေတြကိုခမ္းေျခာက္လာေစၿပီး ဝက္ၿခံေတြကိုထြက္လာေစႏိုင္ပါတယ္။

အလွျပင္ပစၥည္းေတြအမ်ားႀကီးသံုးတာ

အလွျပင္ပစၥည္းေတြကို ပံုေသသတ္မွတ္ထားတာမဟုတ္ပဲ။ ေတြ႔ရာပစၥည္းမ်ိဳးေတြကို သံုးေနမယ္ဆိုရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ မ်က္ႏွာသစ္ေဆးဆိုရင္လည္း တသက္မတ္ထဲသံုးတာမ်ိဳးမဟုတ္ပဲ ဟိုဟာသံုးလိုက္ဒီဟာသံုးလိုက္ဆိုရင္ မ်က္ႏွာအသားအေရကို ပံုမွန္မျဖစ္ေနေစေတာ့ပဲ တျဖည္းျဖည္းပ်က္စီးလာမွာပဲျဖစ္ပါတယ္။

အစိုဓာတ္ထိန္းခရင္မ္မသံုးေပးတာ

မ်က္ႏွာအသားအေရအတြက္ အစိုဓာတ္ထိန္းခရင္မ္ကလည္း တကယ္ကိုလိုအပ္တဲ့အရာတစ္ခုပါပဲ။ အဆီျပန္တဲ့အသားအေရပဲျဖစ္ျဖစ္၊ ေျခာက္ေသြ႔တဲ့အသားအေရပိုင္ရွင္ပဲျဖစ္ျဖစ္ မ်က္ႏွာသစ္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ အစိုဓာတ္ထိန္းခရင္မ္ကို လိမ္းဖို႔မရွိမျဖစ္ကိုလိုအပ္ပါတယ္ေနာ္။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။